ၾကားသိသမွ်

ရက္ခိုင့်တပ်(အေအေ)ထံကနေ စစ်ရေးနဲ့ အခြားအကူအညီတွေရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုတွေ ထုတ်‌ပြောလာ

ရက္ခိုင့်တပ်(အေအေ)ထံကနေ စစ်ရေးနဲ့ အခြားအကူအညီတွေရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုတွေ ထုတ်‌ပြောလာ

ရက္ခိုင့်တပ်တော်(အေအေ) ထံကနေ စစ်ရေးဆိုင်ရာနဲ့ အခြားအကူအညီတွေရရှိထားတယ်ဆိုပြီး အာဏာသိမ်းဆန့် ကျင်တဲ့တော်လှန်ရေးအင်အားစုတွေက ဒီနေ့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ၁၃ကြိမ်‌မြောက် ရက္ခိုင့်တပ်တော်နေ့ အတွက်ပေးပို့တဲ့သ၀ဏ်လွှာတွေမှာ ထုတ်‌ပြောလာကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) အဖွဲ့၀င်တွေဟာ အေအေရဲ့လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာ သင်ယူခဲ့ပြီး အေအေရဲ့အကူအညီနဲ့ ကျောင်းသားလက်ရုံးတပ်(SAF)ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်က သ၀ဏ်လွှာထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အဖွဲ့ (PRA- မကွေး)ကလည်း အေအေရဲ့ စစ်ရေးထောက်ပံ့မှုတွေနဲ့ ‌ဒေသတွင်း စစ်ရှောင်တွေကို ကူညီမှုတွေကို ကျေးဇူးတင်တဲ့အကြောင်း သူတို့ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အေအေဟာ ပြည်မနိုင်ငံရေးနဲ့ ခပ်ခွာခွာနေတယ်ဆိုတဲ့‌‌‌ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အေအေဘက်ကတော့ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မျက်‌ခြေမပျက် စောင့်ကြည့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ‌‌‌ပြောထားပါတယ်။

အေအေရဲ့ ညီနောင် မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့စလုံးဟာ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းကို စုပေါင်းဖြတ်ကျော်ခဲ့တာ၊ အင်အား တည်ဆောက်တာ၊ သက်ဆိုင်ရာ လူထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာတွေဟာ ညီနောင် မဟာမိတ်တွေကြားက ညီညွတ်မှုကြောင့်လို့ပြောသလို ရက္ခိုင်၊ တအာင်း၊ ကိုးကန့် တိုင်းရင်းသားလူမျိုးတွေကြား အပြန်အလှန်လေးစား အသိအမှတ်ပြုမှု ခိုင်မာရေး ဆက်ကြိုးပမ်း မယ်လို့ ရက္ခိုင့်တပ်တော် ၁၃ နှစ်ပြည့်ကို သ၀ဏ်လွှာပို့ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ဒီနေ့ ကျရောက်တဲ့ ၁၃ ကြိမ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနား အောင်မြင်ဖို့ နဲ့ ရခိုင်လူမျိုးတွေနဲ့အတူ ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆုတောင်းသ၀ဏ်လွှာပေးပို့ခဲ့တာတွေ့ရပါတယ်။BBC

ရကၡိဳင့္တပ္(ေအေအ)ထံကေန စစ္ေရးနဲ႔ အျခားအကူအညီေတြရရွိထားတယ္လို႔ ေတာ္လွန္ေရးအင္အားစုေတြ ထုတ္‌ေျပာလာ
ရကၡိဳင့္တပ္ေတာ္(ေအေအ) ထံကေန စစ္ေရးဆိုင္ရာနဲ႔ အျခားအကူအညီေတြရရွိထားတယ္ဆိုၿပီး အာဏာသိမ္းဆန္႔ က်င္တဲ့ေတာ္လွန္ေရးအင္အားစုေတြက ဒီေန႔ ဧၿပီလ ၁၀ ရက္မွာ က်ေရာက္တဲ့ ၁၃ႀကိမ္‌ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔ အတြက္ေပးပို႔တဲ့သ၀ဏ္လႊာေတြမွာ ထုတ္‌ေျပာလာၾကပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္မွာ ရန္ကုန္အေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢမ်ား(တကသမ်ား-ရန္ကုန္) အဖြဲ႕၀င္ေတြဟာ ေအေအရဲ့လြတ္ေျမာက္နယ္ေျမမွာ အေျခခံစစ္ပညာ သင္ယူခဲ့ၿပီး ေအေအရဲ့အကူအညီနဲ႔ ေက်ာင္းသားလက္႐ုံးတပ္(SAF)ကို ဖြဲ႕စည္းနိုင္ခဲ့တယ္လို႔ ေက်ာင္းသားလက္႐ုံးတပ္က သ၀ဏ္လႊာထဲမွာ ေရးသားထားပါတယ္။

ဒါ့အျပင္ ေဒသကာကြယ္ေရးတပ္ျဖစ္တဲ့ လူထုေတာ္လွန္ေရးမဟာမိတ္အဖြဲ႕ (PRA- မေကြး)ကလည္း ေအေအရဲ့ စစ္ေရးေထာက္ပံ့မႈေတြနဲ႔ ‌ေဒသတြင္း စစ္ေရွာင္ေတြကို ကူညီမႈေတြကို ေက်းဇူးတင္တဲ့အေၾကာင္း သူတို႔ရဲ့ သ၀ဏ္လႊာမွာ ေဖာ္ျပပါတယ္။

စစ္အာဏာသိမ္းမႈျဖစ္ၿပီးတဲ့ေနာက္ ေအေအဟာ ျပည္မနိုင္ငံေရးနဲ႔ ခပ္ခြာခြာေနတယ္ဆိုတဲ့‌‌‌ေဝဖန္မႈေတြရွိခဲ့ေပမဲ့ ေအေအဘက္ကေတာ့ အာဏာသိမ္းဆန္႔က်င္ေရးလႈပ္ရွားမႈေတြကို မ်က္‌ေျခမပ်က္ ေစာင့္ၾကည့္ေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ‌‌‌ေျပာထားပါတယ္။

ေအေအရဲ့ ညီေနာင္ မဟာမိတ္ေတြျဖစ္တဲ့ TNLA နဲ႔ MNDAA တို႔ကလည္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႕စလုံးဟာ နိုင္ငံေရး၊ စစ္ေရးအၾကပ္အတည္းကို စုေပါင္းျဖတ္ေက်ာ္ခဲ့တာ၊ အင္အား တည္ေဆာက္တာ၊ သက္ဆိုင္ရာ လူထုကို ကာကြယ္ေစာင့္ေရွာက္ေပးနိုင္တာေတြဟာ ညီေနာင္ မဟာမိတ္ေတြၾကားက ညီညြတ္မႈေၾကာင့္လို႔ေျပာသလို ရကၡိဳင္၊ တအာင္း၊ ကိုးကန္႔ တိုင္းရင္းသားလူမ်ိဳးေတြၾကား အျပန္အလွန္ေလးစား အသိအမွတ္ျပဳမႈ ခိုင္မာေရး ဆက္ႀကိဳးပမ္း မယ္လို႔ ရကၡိဳင့္တပ္ေတာ္ ၁၃ ႏွစ္ျပည့္ကို သ၀ဏ္လႊာပို႔ထားပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) ကလည္း ဒီေန႔ က်ေရာက္တဲ့ ၁၃ ႀကိမ္ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔အခမ္းအနား ေအာင္ျမင္ဖို႔ နဲ႔ ရခိုင္လူမ်ိဳးေတြနဲ႔အတူ ရကၡိဳင့္တပ္ေတာ္ရဲ့ နိုင္ငံေရးရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ ဆုေတာင္းသ၀ဏ္လႊာေပးပို႔ခဲ့တာေတြ႕ရပါတယ္။ BBC