ၾကားသိသမွ်

သင်္ကြန်စည်ကားစေရန် အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီများကို ဈေးလျော့ရောင်းရန် ညွှန်ကြားထား

သင်္ကြန်စည်ကားစေရန် အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီများကို ဈေးလျော့ရောင်းရန် ညွှန်ကြားထား

ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဧပြီ ၁ဝ ရက်

ယခုနှစ် သင်္ကြန်ကာလအတွင်း စည်စည်ကားကားဖြစ်စေရန်အတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများကို ဈေးလျော့ရောင်းပေးရန်အတွက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချသူများအသင်းမှတဆင့် စက်သုံးဆီလုပ်ငန်းရှင်များအားလုံးကို အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသင်းအတွင်း အဆိုပါ ညွှန်ကြားချက်ကို နှုတ်အားဖြင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီ တလီတာလျှင် ကျပ် ၁၇၃ဝ နှုန်းဖြင့်သာ ရောင်းချရန် ညွှန်ကြားခဲ့ကြောင်း၊ ထိုသို့ မရောင်းချလျှင် စက်သုံးဆီလိုင်စင်ကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ရှိ စက်သုံးဆီ လုပ်ငန်းရှင်တဦးက အတည်ပြုသည်။

‘ကျနော်တို့က ဝယ်ထားတုန်းက ၁၉၅ဝ ကျပ်နဲ့ တလီတာဈေးကို ဝယ်ထားရတာ။ အခု ၁၇၃ဝ ကျပ်ပဲ ရောင်းရမယ် ဆိုတော့ ကျနော်တို့ အရှုံးပေါ်ပြီ။ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ ဆီလုပ်ငန်းရှင်တွေကတော့ သိပ်မထိပေမယ့် ကျနော်တို့လို သူတို့ဆီကတဆင့် ဝယ်ရောင်း လုပ်နေကြရတဲ့သူတွေ ထိတယ်’ ဟု မင်္ဂလာဒုံရှိ စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ပြောသည်။

လက်ရှိ မြန်မာတနိုင်ငံလုံး စက်သုံးဆီဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းရှိ မြတ်မေတ္တာမွန်၊ Denko၊ PT Power ၊ Asia Sun၊ Max ၊ Green Luck စသည့် ကုမ္ပဏီများတွင် သီလဝါဆိပ်ကမ်းဈေးအဖြစ် တလီတာလျှင် ၁၆ဝဝ ကျပ်ကျော်ဖြင့် အနိမ့်အမြင့်အလိုက် မဖြစ်မနေ ဖြန့်ဖြူးပေးနေရကြောင်း သီလဝါရှိ မြန်မာ့ရေနံလုပ်ငန်းမှ ဝန်ထမ်းတဦးကလည်း ပြောသည်။

သို့ရာတွင် မဖြစ်မနေ သင်္ကြန်ကာလအတွင်း စက်သုံးဆီများကို ကာလပေါက်ဈေးနှင့် ဝယ်ဈေးကို အဆမတန် အတင်းအကျပ် လျော့ရောင်းခိုင်းနေသော်လည်း သင်္ကြန်ကာလအပြီးတွင် ဈေးပြန်တက်မည်သာဖြစ်ကြောင်း သူက ဆက်ပြောသည်။

‘စစ်တပ်က အခုက ဖိအားပေးပြီးတော့ လျော့ရောင်းခိုင်းတာ။ ဒီကာလပြီးတာနဲ့ ပြန်တက်မှာပဲ။ တကယ်ဆိုရင် လက်လီသမားတွေ ဒီအချိန်က အခွင့်ကောင်းပဲ။ လက်ထဲ ငွေရှိသလောက်သာ ဝယ်လှောင်ထားလိုက်။ ဆိပ်ကမ်းဈေး ၁၇ဝဝ ကျပ် မကျော်တော့ တပတ်တာလောက် ကိုယ့်ဆိုင်က ဝယ်လိုအား ပမာဏလောက်ကိုသာ လှောင်ထားနိုင်ရင် တပတ်တာလောက် ဈေးက အမြတ်ရမှာ။ အရင်ကတော့ ကိုယ်ကဈေးအတက်နဲ့ မိခဲ့ရင်တောင်မှ အခုချိန် ဝယ်လှောင်သင့်ဆုံးအချိန်ပဲ’ ဟု သူက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီအနေဖြင့် မဖြစ်မနေ အတင်းအကျပ် ဖိအားပေး ဈေးချခိုင်းနေခြင်းကြောင့် တချို့ စက်သုံးဆီဆိုင်များ အရောင်းအဝယ်ကို အချိန်ပိုင်းဖြင့် ပြုလုပ်မှုများ ရှိလာကြောင်း သိရသည်။ မီးစက်ပျက်ခြင်း၊ မီးပျက်ခြင်း၊ စက်ပန့်ချို့ယွင်းခြင်း စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ဆိုင်ကို ဖွင့်ထားသော်လည်း ဆီကို အချိန်ပိုင်းဖြင့် ရောင်းချမှုများ ပြုလုပ်လာခဲ့ကြသည်။

‘မလုပ်လို့ မရဘူးဗျ။ မီးက အချိန်မှန်လာတာမဟုတ်တော့ မီးစက်သုံးဖို့အတွက် ကျနော်တို့ ဆီက ထုတ်သုံးရပြန်တယ်။ လက်ကြီးသမားတွေကတော့ အရင်က မြတ်ခဲ့တာနဲ့ ကာမိနေနိုင်ပေမယ့် ကျနော်တို့လို လုပ်ငန်းသေးတွေက ထိတယ်။ တနေ့ကို ဂါလံ ၁၈ဝဝ ဘောက်ဆာတစီးစာ ကုန်တယ်ဆိုရင် အခုသူတို့ပြောတဲ့ဈေးနဲ့ဆိုရင် ကျပ် ၂၈ သိန်းအထိ ရှုံးတယ်။ အဲ့ဒီအတွက် သူတို့က ကျနော်တို့ကိုတော့ ဘာခံစားခွင့်မှ ပြန်ပေးတာမဟုတ်ဘူး’ ဟု ရန်ကုန် အမှတ် ၃ အဝေးပြေးလမ်းပေါ်ရှိ စက်သုံးဆီ လက်လီရောင်းချသူ တဦးက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

သၾကၤန္စည္ကားေစရန္ အာဏာသိမ္းစစ္ေကာင္စီက စက္သုံးဆီမ်ားကို ေဈးေလ်ာ့ေရာင္းရန္ ညႊန္ၾကားထား

ဧရာဝတီတိုင္းမ္
ရန္ကုန္၊ ဧၿပီ ၁ဝ ရက္

ယခုႏွစ္ သၾကၤန္ကာလအတြင္း စည္စည္ကားကားျဖစ္ေစရန္အတြက္ ျမန္မာနိုင္ငံ စက္သုံးဆီ တင္သြင္း ေရာင္းခ်သူမ်ားကို ေဈးေလ်ာ့ေရာင္းေပးရန္အတြက္ ျမန္မာနိုင္ငံ စက္သုံးဆီတင္သြင္းေရာင္းခ်သူမ်ားအသင္းမွတဆင့္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအားလုံးကို အာဏာသိမ္း စစ္ေကာင္စီက ညႊန္ၾကားထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း အသင္းအတြင္း အဆိုပါ ညႊန္ၾကားခ်က္ကို ႏႈတ္အားျဖင့္ ေျပာၾကားခဲ့ျခင္းျဖစ္ၿပီး ဓာတ္ဆီ တလီတာလၽွင္ က်ပ္ ၁၇၃ဝ ႏႈန္းျဖင့္သာ ေရာင္းခ်ရန္ ညႊန္ၾကားခဲ့ေၾကာင္း၊ ထိုသို႔ မေရာင္းခ်လၽွင္ စက္သုံးဆီလိုင္စင္ကို ပိတ္သိမ္းသည္အထိ အေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ရွိ စက္သုံးဆီ လုပ္ငန္းရွင္တဦးက အတည္ျပဳသည္။

‘က်ေနာ္တို႔က ဝယ္ထားတုန္းက ၁၉၅ဝ က်ပ္နဲ႔ တလီတာေဈးကို ဝယ္ထားရတာ။ အခု ၁၇၃ဝ က်ပ္ပဲ ေရာင္းရမယ္ ဆိုေတာ့ က်ေနာ္တို႔ အရႈံးေပၚၿပီ။ သူတို႔နဲ႔ နီးစပ္တဲ့ ခရိုနီ ဆီလုပ္ငန္းရွင္ေတြကေတာ့ သိပ္မထိေပမယ့္ က်ေနာ္တို႔လို သူတို႔ဆီကတဆင့္ ဝယ္ေရာင္း လုပ္ေနၾကရတဲ့သူေတြ ထိတယ္’ ဟု မဂၤလာဒုံရွိ စက္သုံးဆီဆိုင္ပိုင္ရွင္တဦးက ေျပာသည္။

လက္ရွိ ျမန္မာတနိုင္ငံလုံး စက္သုံးဆီျဖန႔္ျဖဴးေပးေနသည့္ သီလဝါဆိပ္ကမ္းရွိ ျမတ္ေမတၱာမြန္၊ Denko၊ PT Power ၊ Asia Sun၊ Max ၊ Green Luck စသည့္ ကုမၸဏီမ်ားတြင္ သီလဝါဆိပ္ကမ္းေဈးအျဖစ္ တလီတာလၽွင္ ၁၆ဝဝ က်ပ္ေက်ာ္ျဖင့္ အနိမ့္အျမင့္အလိုက္ မျဖစ္မေန ျဖန႔္ျဖဴးေပးေနရေၾကာင္း သီလဝါရွိ ျမန္မာ့ေရနံလုပ္ငန္းမွ ဝန္ထမ္းတဦးကလည္း ေျပာသည္။

သို႔ရာတြင္ မျဖစ္မေန သၾကၤန္ကာလအတြင္း စက္သုံးဆီမ်ားကို ကာလေပါက္ေဈးႏွင့္ ဝယ္ေဈးကို အဆမတန္ အတင္းအက်ပ္ ေလ်ာ့ေရာင္းခိုင္းေနေသာ္လည္း သၾကၤန္ကာလအၿပီးတြင္ ေဈးျပန္တက္မည္သာျဖစ္ေၾကာင္း သူက ဆက္ေျပာသည္။

‘စစ္တပ္က အခုက ဖိအားေပးၿပီးေတာ့ ေလ်ာ့ေရာင္းခိုင္းတာ။ ဒီကာလၿပီးတာနဲ႔ ျပန္တက္မွာပဲ။ တကယ္ဆိုရင္ လက္လီသမားေတြ ဒီအခ်ိန္က အခြင့္ေကာင္းပဲ။ လက္ထဲ ေငြရွိသေလာက္သာ ဝယ္ေလွာင္ထားလိုက္။ ဆိပ္ကမ္းေဈး ၁၇ဝဝ က်ပ္ မေက်ာ္ေတာ့ တပတ္တာေလာက္ ကိုယ့္ဆိုင္က ဝယ္လိုအား ပမာဏေလာက္ကိုသာ ေလွာင္ထားနိုင္ရင္ တပတ္တာေလာက္ ေဈးက အျမတ္ရမွာ။ အရင္ကေတာ့ ကိုယ္ကေဈးအတက္နဲ႔ မိခဲ့ရင္ေတာင္မွ အခုခ်ိန္ ဝယ္ေလွာင္သင့္ဆုံးအခ်ိန္ပဲ’ ဟု သူက ဆိုသည္။

ထိုကဲ့သို႔ စစ္ေကာင္စီအေနျဖင့္ မျဖစ္မေန အတင္းအက်ပ္ ဖိအားေပး ေဈးခ်ခိုင္းေနျခင္းေၾကာင့္ တခ်ိဳ႕ စက္သုံးဆီဆိုင္မ်ား အေရာင္းအဝယ္ကို အခ်ိန္ပိုင္းျဖင့္ ျပဳလုပ္မႈမ်ား ရွိလာေၾကာင္း သိရသည္။ မီးစက္ပ်က္ျခင္း၊ မီးပ်က္ျခင္း၊ စက္ပန႔္ခ်ိဳ႕ယြင္းျခင္း စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ဆိုင္ကို ဖြင့္ထားေသာ္လည္း ဆီကို အခ်ိန္ပိုင္းျဖင့္ ေရာင္းခ်မႈမ်ား ျပဳလုပ္လာခဲ့ၾကသည္။

‘မလုပ္လို႔ မရဘူးဗ်။ မီးက အခ်ိန္မွန္လာတာမဟုတ္ေတာ့ မီးစက္သုံးဖို႔အတြက္ က်ေနာ္တို႔ ဆီက ထုတ္သုံးရျပန္တယ္။ လက္ႀကီးသမားေတြကေတာ့ အရင္က ျမတ္ခဲ့တာနဲ႔ ကာမိေနနိုင္ေပမယ့္ က်ေနာ္တို႔လို လုပ္ငန္းေသးေတြက ထိတယ္။ တေန႔ကို ဂါလံ ၁၈ဝဝ ေဘာက္ဆာတစီးစာ ကုန္တယ္ဆိုရင္ အခုသူတို႔ေျပာတဲ့ေဈးနဲ႔ဆိုရင္ က်ပ္ ၂၈ သိန္းအထိ ရႈံးတယ္။ အဲ့ဒီအတြက္ သူတို႔က က်ေနာ္တို႔ကိုေတာ့ ဘာခံစားခြင့္မွ ျပန္ေပးတာမဟုတ္ဘူး’ ဟု ရန္ကုန္ အမွတ္ ၃ အေဝးေျပးလမ္းေပၚရွိ စက္သုံးဆီ လက္လီေရာင္းခ်သူ တဦးက ဆိုသည္။

ဓာတ္ပုံ – လူမႈကြန္ရက္