ၾကားသိသမွ်

ဘုတလင်တိုက်ပွဲ စစ်ကောင်စီတပ် ၂ဝထက်မနည်းငရဲပို့ခံရ

ဘုတလင်တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ထက်မနည်းသေ

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့နှင့်အတူ တိုက်ခိုက်ပေးခဲ့သည့် ကေအိုင်အေအရာရှိ တစ်ဦးနှင့် PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ဟုဆို

မောင်ကြီး/People’s Spring

စစ်ကိုင်းတိုင်း ဘုတလင်မြို့ ကူတော်ရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက် ပေးခဲ့သည့် ကေအိုင်အေမှ အရာရှိတစ်ဦးနှင့် PDF ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

ကူတော်ရဲစခန်းအား ဒီပဲယင်းနှင့် ဘုတလင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဧပြီ ၈ရက်ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းတစ်ခု လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

“ကျွန်တော်တို့ဘက်က တစ်ဦးကျတယ်။ ကျွန်တော့်သူငယ်ချင်း။ စခန်းကို သိမ်းပြီး အောင်ပြီးလို့ လက်နက်တွေကို ကောက်နေတဲ့အချိန်မှာ ရဟတ်ယာဥ် နဲ့ လာပစ်ချိန်ထိသွားတာ”ဟု ၎င်းက ပြောသည်။

ကျဆုံးသွားသူသည် ကိုဖိုးသားဟု လူသိများသူဖြစ်ပြီး အသက်(၃၀)အရွယ်ခန့် ရှိပြီဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
ထိုနေ့ညတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့နှင့်အတူ ပူးပေါင်း တိုက်ခိုက် ပေးခဲ့သည့် ကေအိုင်အေမှ ဗိုလ်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟု ကေအိုင်အေနှင့်နီးစပ်သည့် သတင်းရစ်မြစ်များက ပြောသည်။

ကေအိုင်အေ၏ အမှတ်စဉ်(၆) ဗိုလ်လောင်း ကျောင်းဆင်းဖြစ်ပြီး ကလေးတစ်ဦး ၏ ဖခင်ဖြစ်သော ဗိုလ်အွန်ဆောင်းမွန်းအောင်သည် ဘုတလင်တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်ဟု ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဗိုလ်အွန်ဆောင်းမွန်းအောင်ကျဆုံးမှုနှင့်ပတ်သက်၍ ကေအိုင်အေပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူထံ People’s Spring က မေးမြန်းရာ သတင်းများ ကြားရသော်လည်း အသေးစိတ်မသိရသေးဟုဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်မေတာ်-ကေအိုင်အေသည် စစ်အာဏာရွင် ပြုတ်ကျေရးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ျမားနွင့် အတူ နည်းမြိုးစုံ တိုက်ထုတ်သွားမည်ဟု လူထုအား အသိပေးထားသော်လည်း တိုက်ပွဲသတင်းျမားနွင့် ပတ်သက်၍ သိုသိုသိပ်သ်ိပ်နေလေ့ရွိသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတွင် ကေအိုင်အေက ပူးပေါင်းပါဝင် တိုက်ခိုက်နေသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့်ပြောကြားခြင်းမရှိပေ။

ကူတော်ရဲစခန်းအား စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့က ယနေ့(ဧပြ ၁၀ရက်)နံနက်အထိ သတင်းအသေးစိတ် မထုတ်ပြန်သေးပေ။ သို့သော် မဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သည့် ဒီပဲယင်းမြို့ အခြေစိုက် ဂဠုန်တပ်တော်က တိုက်ပွဲ နောက်ဆက်တွဲခြေအနေတစ်ခုကို သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၈ ရက်ညက တိုက်ပွဲတွင် ထွက်ပြေးလာသည့် ကူတော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ကို ဂဠုန်တပ်တော်တပ်ရင်း (၁)၏ တပ်စုတစ်စုက ဧပြီ ၉ရက် နေ့လယ်၁နာရီခန့်တွင် သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ G3 ၊မောင်းပြန် ရိုင်ဖယ် ၄လက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု ဂဠုန်တပ်တော်က ထုတ်ပြန်ထားသည်။

(ဂဠုန်တပ်တော်မှ သိမ်းဆည်းရမိသည့် လက်နက်များကို တွေ့ရစဥ်)