ၾကားသိသမွ်

သင်္ကြန်ကာလ မြို့ပြတိုက်ခိုက်မှု အရှိန်မြှင့်မယ်ဆိုတဲ့ ပုဂံဒေသကို တစ်ရက် ဧည့်သည် တစ်သောင်းခန့် လာတယ်လို့ စစ်အုပ်စု သတင်းဖြန့်

သင်္ကြန်ကာလ မြို့ပြတိုက်ခိုက်မှု အရှိန်မြှင့်မယ်ဆိုတဲ့ ပုဂံဒေသကို တစ်ရက် ဧည့်သည် တစ်သောင်းခန့် လာတယ်လို့ စစ်အုပ်စု သတင်းဖြန့်

MFP ၊ ဧပြီ – ၉

လာမယ့်သင်္ကြန်ကာလမှာ မြို့ပြတိုက်ခိုက်မှု အရှိန်မြှင့်မယ်လို့ ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ပြီးတဲ့နောက် ပုဂံဒေကို တစ်ရက် ဧည့်သည်တစ်သောင်းခန့် ဝင်ရောက်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်နေပါတယ်။

ပုဂံဒေသက နာမည်ကြီး ဘုရားစေတီတွေကိုလည်း ဖွင့်လှစ်ပေးထားပြီး ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေတယ်လို့ ဆိုထားပါတယ်။

” ဧည့်သည်တွေကတော့ လာကြတယ်၊ အခုဆို ဟိုတယ် တည်းခိုခန်းတွေ အားလုံးလိုလို ပြည့်နေပြီ၊ ရှေ့မှာက နှစ်နှစ်လောက် အလုပ်မဖြစ်ခဲ့ကြတော့ ဒေသခံတွေကတော့ စားဝတ်နေရေး ပိုအဆင်ပြေလာတာပေါ့လေ ” လို့ ဒေသခံဧည့်လမ်း ညွှန်တစ်ဦးက သူ့အမြင်ကို ပြောဆိုပါတယ်။

လက်ရှိလာရောက်လည်ပတ်သူတွေဟာ ပြည်တွင်းခရီးသည်တွေပဲဖြစ်လို့ ဧည့်လမ်းညွှန်တွေထက် မြင်းလှည်း၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ် ငှားရမ်းသူတွေ၊ ဒေသအမှတ်တရ ရောင်းချသူ၊ စားသောက်ဖွယ် ရောင်းချသူတွေ အဆင်ပြေနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပုဂံ – ညောင်ဦး မှာ သင်္ကြန်ကာလ မြို့ပြတိုက်ခိုက်မှု အရှိန်မြှင့်မှာဖြစ်ပြီး အပျော်အပါး ခရီးသွားတွေကို အသက်အာမမခံလို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့က ဧပြီလဆန်းပိုင်းမှာ သတိပေးထားပြီး စစ်အုပ်စုနှင့် နွှယ်တဲ့ စားသောက်ဆိုင်၊ ဟိုတယ်တွေကို ဝေးဝေးရှောင်ဖို့လည်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ပုဂံညောင်ဦးဒေသမှာ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေတော့ အခုထိ မရှိ‌သေးပါဘူး။
ဓာတ်ပုံ – S

သၾကၤန္ကာလ ၿမိဳ႕ျပတိုက္ခိုက္မႈ အရွိန္ျမႇင့္မယ္ဆိုတဲ့ ပုဂံေဒသကို တစ္ရက္ ဧည့္သည္ တစ္ေသာင္းခန႔္ လာတယ္လို႔ စစ္အုပ္စု သတင္းျဖန႔္

MFP ၊ ဧၿပီ – ၉

လာမယ့္သၾကၤန္ကာလမွာ ၿမိဳ႕ျပတိုက္ခိုက္မႈ အရွိန္ျမႇင့္မယ္လို႔ ေျပာက္က်ားအဖြဲ႕ေတြက ထုတ္ျပန္ၿပီးတဲ့ေနာက္ ပုဂံေဒကို တစ္ရက္ ဧည့္သည္တစ္ေသာင္းခန႔္ ဝင္ေရာက္တယ္လို႔ စစ္အုပ္စုက သတင္းျဖန႔္ေနပါတယ္။

ပုဂံေဒသက နာမည္ႀကီး ဘုရားေစတီေတြကိုလည္း ဖြင့္လွစ္ေပးထားၿပီး ေဒသခံေတြ အလုပ္အကိုင္ အခြင့္အလမ္း ရရွိေနတယ္လို႔ ဆိုထားပါတယ္။

” ဧည့္သည္ေတြကေတာ့ လာၾကတယ္၊ အခုဆို ဟိုတယ္ တည္းခိုခန္းေတြ အားလုံးလိုလို ျပည့္ေနၿပီ၊ ေရွ႕မွာက ႏွစ္ႏွစ္ေလာက္ အလုပ္မျဖစ္ခဲ့ၾကေတာ့ ေဒသခံေတြကေတာ့ စားဝတ္ေနေရး ပိုအဆင္ေျပလာတာေပါ့ေလ ” လို႔ ေဒသခံဧည့္လမ္း ညႊန္တစ္ဦးက သူ႔အျမင္ကို ေျပာဆိုပါတယ္။

လက္ရွိလာေရာက္လည္ပတ္သူေတြဟာ ျပည္တြင္းခရီးသည္ေတြပဲျဖစ္လို႔ ဧည့္လမ္းညႊန္ေတြထက္ ျမင္းလွည္း၊ သုံးဘီးဆိုင္ကယ္၊ လၽွပ္စစ္ဆိုင္ကယ္ ငွားရမ္းသူေတြ၊ ေဒသအမွတ္တရ ေရာင္းခ်သူ၊ စားေသာက္ဖြယ္ ေရာင္းခ်သူေတြ အဆင္ေျပေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

ပုဂံ – ေညာင္ဦး မွာ သၾကၤန္ကာလ ၿမိဳ႕ျပတိုက္ခိုက္မႈ အရွိန္ျမႇင့္မွာျဖစ္ၿပီး အေပ်ာ္အပါး ခရီးသြားေတြကို အသက္အာမမခံလို႔ ပုဂံျပည္ဘီလူးတပ္ဖြဲ႕က ဧၿပီလဆန္းပိုင္းမွာ သတိေပးထားၿပီး စစ္အုပ္စုႏွင့္ ႏႊယ္တဲ့ စားေသာက္ဆိုင္၊ ဟိုတယ္ေတြကို ေဝးေဝးေရွာင္ဖို႔လည္း ေျပာဆိုထားပါတယ္။

ဒါေပမယ့္ ပုဂံေညာင္ဦးေဒသမွာ ေျပာက္က်ားတပ္ဖြဲ႕ေတြရဲ့ တိုက္ခိုက္မႈေတြေတာ့ အခုထိ မရွိ‌ေသးပါဘူး။

ဓာတ္ပုံ – S