ၾကားသိသမွ်

မြန်မာနိုင်ငံသားများ ပြည်နှင်ဒဏ်မခံရလိုပါက လာဘ်ငွေပေးရန် တောင်းခံသည့်ထိုင်းရဲများကို စုံစမ်းစစ်ဆေးရန်ရှိနေ

မြန်မာနိုင်ငံသားများ ပြည်နှင်ဒဏ်မခံရလိုပါက လာဘ်ငွေပေးရန် တောင်းခံသည့်ထိုင်းရဲများကို စုံစမ်းစစ်ဆေးရန်ရှိနေ

ဘန်ကောက်၊ ဧပြီ ၁၀

တက်ခရိုင်မှ မြန်မာဒုက္ခသည်များ ပြည်နှင်ဒဏ်မခံရစေရန် တယောက်လျှင် ဘတ် ၃၅၀ ပေးရမည်ဟု လာဘ်ငွေကောက်ခံနေသည့် ထိုင်းရဲများအရေးစုံစမ်းစစ်ဆေးမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောသည်။

ထိုလုပ်ရပ်လုပ်ပါက မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို ရာဇဝတ်မှုသင့်မည်ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးပြစ်ဒဏ်များလည်း ကျခံရမည်ဟု ထိုင်းရဲတပ်ဖွဲ့ဒုတိယပြောခွင့်ရသူ ခရစ်ဆာနာ ပတ်ဆာနာချာရောင်က သောကြာနေ့တွင်ပြောသည်။

ဖမ်းဆီးမခံရရန်နှင့် ပြည်နှင်ဒဏ်မခံရရန် မြန်မာဒုက္ခသည်များ တယောက်လျှင် ဘတ် ၃၅၀ ပေးပြီး ရဲခွင့်ပြုချက်ကတ်ဝယ်ယူနေရသည်ဟု AP သတင်းအေဂျင်စီက ဖော်ပြပြီးနောက် ယခုအစီအစဉ် ကြေညာခဲ့ခြင်းဖြစ်သည်။

အလားတူကတ်များကို တက်ခရိုင်မှ စစ်ရှောင်ဒုက္ခသည်များကိုလည်း ရောင်းချနေကြောင်း ခရစ်ဆာနာကပြောသည်။

တက်ခရိုင်ရဲတပ်ဖွဲ့က ထိုဖြစ်စဉ်ကို စုံစမ်းနေပြီး နယ်စပ်မှရဲစခန်း ၆ ခုကို တနင်္လာနေ့နောက်ဆုံးထားပြီး အစီရင်ခံစာတင်ခိုင်းထားကြောင်း ရဲမှူးကြီး ခရစ်ဆာနာက အသိပေးသည်။

ရဲကတ်ရောင်းချမှုများကို ဥပဒေအတိုင်းအရေးယူသွားမည်ဟုလည်း ကတိပြုသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ခရိုင်အုပ်ချုပ်ရေးဌာန၏ တာဝန်ယူမှုအရ မြန်မာစစ်ရှောင်များအတွက် ယာယီစခန်း ၃ ခုဆောက်လုပ်ထားပြီး နောက်ထပ်ဘေးကင်းလုံခြုံသောနေရာ ၅ နေရာတွင်လည်း ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ဆက်စပ်ကိစ္စများအတွက် ဆောင်ရွက်ပေးနေကြာင်း အသိပေးသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကလည်း အခြေအနေကိုစိုးရိမ်နေပြီး လူ့အခွင့်အရေးဥပဒေများအရ ဒုက္ခသည်များကို အထောက်အပံ့၊ လုံခြုံရေးနှင့် သန့်ရှင်းရေးကိစ္စများအတွက် အကူအညီပေးရန် ညွှန်ကြားထားကြောင်းပြောပြသည်။

တချိန်တည်းမှာပင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးနှင့်ပြည်သူ့ကျန်းမာရေးရုံးများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင်ရွှေ့ပြောင်းအခြေချမှုအပေါ် အရာရှိများ၏အခွင့်ကောင်းယူမှုများ မဖြစ်စေရန် ထိုင်းရဲချုပ် ဆူဝက် ဂျန်ယော့ဆွတ်က တောင်းဆိုထားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ဒုက္ခသည်များကိုကူညီရန်နှင့် ဘေးကင်းရန်အတွက် လာဘ်ငွေပေးရခြင်းများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန်လည်း ဆူဝက်က တိုက်တွန်းသည်။

Source – Bangkok Post

ျမန္မာနိုင္ငံသားမ်ား ျပည္ႏွင္ဒဏ္မခံရလိုပါက လာဘ္ေငြေပးရန္ ေတာင္းခံသည့္ထိုင္းရဲမ်ားကို စုံစမ္းစစ္ေဆးရန္ရွိေန
ဘန္ေကာက္၊ ဧၿပီ ၁၀

တက္ခရိုင္မွ ျမန္မာဒုကၡသည္မ်ား ျပည္ႏွင္ဒဏ္မခံရေစရန္ တေယာက္လၽွင္ ဘတ္ ၃၅၀ ေပးရမည္ဟု လာဘ္ေငြေကာက္ခံေနသည့္ ထိုင္းရဲမ်ားအေရးစုံစမ္းစစ္ေဆးမည္ဟု ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕က ေျပာသည္။

ထိုလုပ္ရပ္လုပ္ပါက မည္သည့္ရဲတပ္ဖြဲ႕ဝင္မဆို ရာဇဝတ္မႈသင့္မည္ျဖစ္ၿပီး စည္းကမ္းထိန္းသိမ္းေရးျပစ္ဒဏ္မ်ားလည္း က်ခံရမည္ဟု ထိုင္းရဲတပ္ဖြဲ႕ဒုတိယေျပာခြင့္ရသူ ခရစ္ဆာနာ ပတ္ဆာနာခ်ာေရာင္က ေသာၾကာေန႔တြင္ေျပာသည္။

ဖမ္းဆီးမခံရရန္ႏွင့္ ျပည္ႏွင္ဒဏ္မခံရရန္ ျမန္မာဒုကၡသည္မ်ား တေယာက္လၽွင္ ဘတ္ ၃၅၀ ေပးၿပီး ရဲခြင့္ျပဳခ်က္ကတ္ဝယ္ယူေနရသည္ဟု AP သတင္းေအဂ်င္စီက ေဖာ္ျပၿပီးေနာက္ ယခုအစီအစဥ္ ေၾကညာခဲ့ျခင္းျဖစ္သည္။

အလားတူကတ္မ်ားကို တက္ခရိုင္မွ စစ္ေရွာင္ဒုကၡသည္မ်ားကိုလည္း ေရာင္းခ်ေနေၾကာင္း ခရစ္ဆာနာကေျပာသည္။
တက္ခရိုင္ရဲတပ္ဖြဲ႕က ထိုျဖစ္စဥ္ကို စုံစမ္းေနၿပီး နယ္စပ္မွရဲစခန္း ၆ ခုကို တနလၤာေန႔ေနာက္ဆုံးထားၿပီး အစီရင္ခံစာတင္ခိုင္းထားေၾကာင္း ရဲမႉးႀကီး ခရစ္ဆာနာက အသိေပးသည္။

ရဲကတ္ေရာင္းခ်မႈမ်ားကို ဥပေဒအတိုင္းအေရးယူသြားမည္ဟုလည္း ကတိျပဳသည္။
ထိုင္းျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္မွ ခရိုင္အုပ္ခ်ဳပ္ေရးဌာန၏ တာဝန္ယူမႈအရ ျမန္မာစစ္ေရွာင္မ်ားအတြက္ ယာယီစခန္း ၃ ခုေဆာက္လုပ္ထားၿပီး ေနာက္ထပ္ေဘးကင္းလုံျခဳံေသာေနရာ ၅ ေနရာတြင္လည္း ဒုကၡသည္မ်ားကို လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားႏွင့္ ဆက္စပ္ကိစၥမ်ားအတြက္ ေဆာင္ရြက္ေပးေနၾကာင္း အသိေပးသည္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာကလည္း အေျခအေနကိုစိုးရိမ္ေနၿပီး လူ႔အခြင့္အေရးဥပေဒမ်ားအရ ဒုကၡသည္မ်ားကို အေထာက္အပံ့၊ လုံျခဳံေရးႏွင့္ သန႔္ရွင္းေရးကိစၥမ်ားအတြက္ အကူအညီေပးရန္ ညႊန္ၾကားထားေၾကာင္းေျပာျပသည္။

တခ်ိန္တည္းမွာပင္ ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕ လက္ေအာက္ခံတပ္ဖြဲ႕မ်ားအေနျဖင့္ လုံျခဳံေရးႏွင့္ျပည္သူ႔က်န္းမာေရး႐ုံးမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ႏွင့္ တရားမဝင္ေရႊ႕ေျပာင္းအေျခခ်မႈအေပၚ အရာရွိမ်ား၏အခြင့္ေကာင္းယူမႈမ်ား မျဖစ္ေစရန္ ထိုင္းရဲခ်ဳပ္ ဆူဝက္ ဂ်န္ေယာ့ဆြတ္က ေတာင္းဆိုထားသည္။

ထိုင္းအာဏာပိုင္မ်ားအေနျဖင့္ ဒုကၡသည္မ်ားကိုကူညီရန္ႏွင့္ ေဘးကင္းရန္အတြက္ လာဘ္ေငြေပးရျခင္းမ်ား ရွိ၊ မရွိ စုံစမ္းစစ္ေဆးရန္လည္း ဆူဝက္က တိုက္တြန္းသည္။

Source – Bangkok Post