ၾကားသိသမွ်

စစ်ကောင်စီကတပ်ရင်းတချို့ကို ဒုလ္လဘဝတ်ခွင့်ပိတ်ထား တပ်ရင်းတချို့ကိုဝတ်ခွင့်ပြုသော်လည်းဘုန်းကြီး ကျောင်းတွင်မထားဘဲတပ်တွင်းဓမ္မာရုံတွင်ထားရန်စီစဥ်

စစ်ကောင်စီကတပ်ရင်းတချို့ကို ဒုလ္လဘဝတ်ခွင့်ပိတ်ထား တပ်ရင်းတချို့ကိုဝတ်ခွင့်ပြုသော်လည်းဘုန်းကြီး ကျောင်းတွင်မထားဘဲတပ်တွင်းဓမ္မာရုံတွင်ထားရန်စီစဥ်

ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်ရင်းတချို့တွင် လူအင်အားမရှိသဖြင့် ၄င်းတို့လက်အောက်ခံ စစ်ကောင် စီတပ်သားများကို သင်္ကြန်ကာလ ဒုလ္လဘ ရဟန်း ဝတ်ခွင့်ပိတ်ထားကြောင်း မကွေး တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။

စစ်ကောင်စီတပ်ရင်းများအနေဖြင့်သင်္ကြန်ကာလအတွင်း တပ်ရင်းနှင့်မြို့တွင်းများတွင် လုံခြုံရေးအင်အားအများအပြားချထားရန်စီစဥ်နေပြီး လူအင်အား မလုံလောက်သဖြင့် ယင်းကဲ့သို့ ၄င်းတို့၏တပ်ဖွဲ့ဝင်များကိုဒုလ္လဘဝတ်ခွင့်ပိတ်ပင်ထားခြင်းဖြစ် သည်။

စစ်ကောင်စီတပ်ရင်းအချို့တွင် ဒုလ္လဘရဟန်းဝတ်ခွင့်ပြုထားသော်လည်း တပ်ပြင်ဘုန်းကြီးကျောင်းများတွင် မထားဘဲတပ်တွင်းဓမ္မာရုံများတွင်ထားရှိရန် စီစဥ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံကသိရသည်။

” ခြေလျင်၊ခြေမြန်တွေက ရှေ့တန်းထွက်နေရတာရယ်။ နောက်တန်းမှာကျန်တဲ့သူတွေက တပ်ရင်းနဲ့မြို့ပေါ် သင်္ကြန်တွင်းလုံခြုံရေးယူဖို့ ပေးမဝတ်ကျတာများတယ်။ တခြားလူများတဲ့လက်ရုံးတပ်တွေမှာက ဒုလ္လဘဝတ်ချင်ရင်တော့ဝတ်လို့ရတယ်ပေါ့။ ဒါပေမယ့် သိမ်တက်ပြီးပြီဆိုတာနဲ့ တပ်ထဲကိုဘဲပြန်ပင့်လာမှာ။ အပြင်ဘုန်းကြီး ကျောင်းမှာမထားဘူး။ တပ်ထဲကဓမ္မာရုံတွေမှာ ထားမှာ။ အထက်ကညွှန်ကြားလို့လား တပ်မှူးက သူ့ဘာသာပြန်ချုပ်တဲ့သဘောလားတော့မသိဘူး။ အဲ့ဒီလိုစီစဥ်ထားတယ်။ ” ဟု မကွေးတိုင်းအတွင်းကတပ်အမည်မဖော်လိုသူ စစ်ကောင်စီတပ်မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခင်က သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ရင်းများ၏ ဒုလ္လဘရဟန်းခံများကို နီးစပ်ရာဒေသကျေးရွာဘုန်းကြီးကျောင်းများတွင်ပြုလုပ်ကာ အဆိုပါ ဘုန်း ကြီးကျောင်းများတွင်သာလူထွက်သည်ထိ နေထိုင်လေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ယင်းကဲ့သို့စီစဥ်မှုနှင့်ပတ်သက် ၍ CDM တပ်မတော်သားအသိုင်းအဝိုင်းက ယခုကဲ့ သို့ပြောဆိုသည်။

” အရင်ကတော့ သင်္ကြန်ကာလတွေမှာ ငမူးထိန်းတဲ့ အနေနဲ့ တပ်ထဲမှာအမြဲမူးနေတဲ့ကောင်တွေကိုစုပြီး မဲဖောက်ပြီးဒုလ္လဘဝတ်ခိုင်းတာမျိုးရှိတယ်။ ခုကာလ ကတော့ လုံခြုံ ရေးအတွက်လူအများကြီးသုံးနေရတော့ တပ်ရင်းတချို့လောက်ဘဲလုပ်နိုင်မယ်ထင်ပါတယ်။ အဲ့ဒီတပ်တချို့လောက် ဒုလ္လဘဝတ်မယ့်ဟာကို အပြင်မှာမထားချင်တာကအဓိကကတော့ CDM လုပ်မှာကြောက်တာပေါ့။ နောက် PDF လှုပ် ရှားတဲ့တချို့နေရာတွေမှာ ပစ်သတ်ခံရနိုင်တာကြောင့် အပြင်မှာမထားရဲတော့တာ” ဟု CDM တပ်မ တော်သားအရာရှိတဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ၄င်းတို့ဦးဆောင်ပြု လုပ်မည့်သင်္ကြန်အား စည်ကားသယောင်ပြသလို၍ နေ ပြည်တော်၊ရန်ကုန်၊မန္တလေး၊မကွေးအပါအဝင် မြို့ကြီးများတွင် သင်္ကြန်ဗဟိုမဏ္ဍပ်များ ဆောက်လုပ်ထားပြီး လုံခြုံရေးအင်အားအများအပြားဖြင့် သင်္ကြန်ကျင်းပရန်ပြင်ဆင်ထားသည်။

တော်လှန်ရေးအင်အားစုများဘက်မှလည်း စစ်ကောင်စီသင်္ကြန်ကိုတိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်၍ ပြည်သူများပါဝင်ဆင်နွှဲခြင်းများမပြုလုပ်ရန် သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

စစ္ေကာင္စီကတပ္ရင္းတခ်ိဳ႕ကို ဒုလႅဘဝတ္ခြင့္ပိတ္ထား တပ္ရင္းတခ်ိဳ႕ကိုဝတ္ခြင့္ျပဳေသာ္လည္းဘုန္းႀကီး ေက်ာင္းတြင္မထားဘဲတပ္တြင္းဓမၼာ႐ုံတြင္ထားရန္စီစဥ္

ဧရာဝတီတိုင္းမ္
ဧၿပီ ၉ ရက္

မေကြးတိုင္းအတြင္းက စစ္ေကာင္စီတပ္ရင္းတခ်ိဳ႕တြင္ လူအင္အားမရွိသျဖင့္ ၄င္းတို႔လက္ေအာက္ခံ စစ္ေကာင္ စီတပ္သားမ်ားကို သၾကၤန္ကာလ ဒုလႅဘ ရဟန္း ဝတ္ခြင့္ပိတ္ထားေၾကာင္း မေကြး တပ္တြင္းသတင္းရင္းျမစ္မ်ားထံကသိရသည္။

စစ္ေကာင္စီတပ္ရင္းမ်ားအေနျဖင့္သၾကၤန္ကာလအတြင္း တပ္ရင္းႏွင့္ၿမိဳ႕တြင္းမ်ားတြင္ လုံျခဳံေရးအင္အားအမ်ားအျပားခ်ထားရန္စီစဥ္ေနၿပီး လူအင္အား မလုံေလာက္သျဖင့္ ယင္းကဲ့သို႔ ၄င္းတို႔၏တပ္ဖြဲ႕ဝင္မ်ားကိုဒုလႅဘဝတ္ခြင့္ပိတ္ပင္ထားျခင္းျဖစ္ သည္။

စစ္ေကာင္စီတပ္ရင္းအခ်ိဳ႕တြင္ ဒုလႅဘရဟန္းဝတ္ခြင့္ျပဳထားေသာ္လည္း တပ္ျပင္ဘုန္းႀကီးေက်ာင္းမ်ားတြင္ မထားဘဲတပ္တြင္းဓမၼာ႐ုံမ်ားတြင္ထားရွိရန္ စီစဥ္ေနေၾကာင္း စစ္ဘက္သတင္းရင္းျမစ္မ်ားထံကသိရသည္။

” ေျခလ်င္၊ေျချမန္ေတြက ေရွ႕တန္းထြက္ေနရတာရယ္။ ေနာက္တန္းမွာက်န္တဲ့သူေတြက တပ္ရင္းနဲ႔ၿမိဳ႕ေပၚ သၾကၤန္တြင္းလုံျခဳံေရးယူဖို႔ ေပးမဝတ္က်တာမ်ားတယ္။ တျခားလူမ်ားတဲ့လက္႐ုံးတပ္ေတြမွာက ဒုလႅဘဝတ္ခ်င္ရင္ေတာ့ဝတ္လို႔ရတယ္ေပါ့။

ဒါေပမယ့္ သိမ္တက္ၿပီးၿပီဆိုတာနဲ႔ တပ္ထဲကိုဘဲျပန္ပင့္လာမွာ။ အျပင္ဘုန္းႀကီး ေက်ာင္းမွာမထားဘူး။ တပ္ထဲကဓမၼာ႐ုံေတြမွာ ထားမွာ။ အထက္ကညႊန္ၾကားလို႔လား တပ္မႉးက သူ႔ဘာသာျပန္ခ်ဳပ္တဲ့သေဘာလားေတာ့မသိဘူး။ အဲ့ဒီလိုစီစဥ္ထားတယ္။ ” ဟု မေကြးတိုင္းအတြင္းကတပ္အမည္မေဖာ္လိုသူ စစ္ေကာင္စီတပ္မိသားစုဝင္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ယခင္က သၾကၤန္ကာလအတြင္း စစ္ေကာင္စီတပ္ရင္းမ်ား၏ ဒုလႅဘရဟန္းခံမ်ားကို နီးစပ္ရာေဒသေက်းရြာဘုန္းႀကီးေက်ာင္းမ်ားတြင္ျပဳလုပ္ကာ အဆိုပါ ဘုန္း ႀကီးေက်ာင္းမ်ားတြင္သာလူထြက္သည္ထိ ေနထိုင္ေလ့ရွိေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္၏ယင္းကဲ့သို႔စီစဥ္မႈႏွင့္ပတ္သက္ ၍ CDM တပ္မေတာ္သားအသိုင္းအဝိုင္းက ယခုကဲ့ သို႔ေျပာဆိုသည္။

” အရင္ကေတာ့ သၾကၤန္ကာလေတြမွာ ငမူးထိန္းတဲ့ အေနနဲ႔ တပ္ထဲမွာအျမဲမူးေနတဲ့ေကာင္ေတြကိုစုၿပီး မဲေဖာက္ၿပီးဒုလႅဘဝတ္ခိုင္းတာမ်ိဳးရွိတယ္။ ခုကာလ ကေတာ့ လုံျခဳံ ေရးအတြက္လူအမ်ားႀကီးသုံးေနရေတာ့ တပ္ရင္းတခ်ိဳ႕ေလာက္ဘဲလုပ္နိုင္မယ္ထင္ပါတယ္။ အဲ့ဒီတပ္တခ်ိဳ႕ေလာက္ ဒုလႅဘဝတ္မယ့္ဟာကို အျပင္မွာမထားခ်င္တာကအဓိကကေတာ့ CDM လုပ္မွာေၾကာက္တာေပါ့။ ေနာက္ PDF လႈပ္ ရွားတဲ့တခ်ိဳ႕ေနရာေတြမွာ ပစ္သတ္ခံရနိုင္တာေၾကာင့္ အျပင္မွာမထားရဲေတာ့တာ” ဟု CDM တပ္မ ေတာ္သားအရာရွိတဦးက ေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီတပ္သည္ ၄င္းတို႔ဦးေဆာင္ျပဳ လုပ္မည့္သၾကၤန္အား စည္ကားသေယာင္ျပသလို၍ ေန ျပည္ေတာ္၊ရန္ကုန္၊မႏၲေလး၊မေကြးအပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ သၾကၤန္ဗဟိုမ႑ပ္မ်ား ေဆာက္လုပ္ထားၿပီး လုံျခဳံေရးအင္အားအမ်ားအျပားျဖင့္ သၾကၤန္က်င္းပရန္ျပင္ဆင္ထားသည္။

ေတာ္လွန္ေရးအင္အားစုမ်ားဘက္မွလည္း စစ္ေကာင္စီသၾကၤန္ကိုတိုက္ခိုက္မႈမ်ားျပဳလုပ္မည္ျဖစ္၍ ျပည္သူမ်ားပါဝင္ဆင္ႏႊဲျခင္းမ်ားမျပဳလုပ္ရန္ သတိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။