ၾကားသိသမွ်

နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်ပြီ ဟုဆို

နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်ပြီ ဟုဆို

တစ်နိုင်ငံလုံး ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များက စိုးမိုးထားပြီး ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင် က ပြောသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ပြည်သူ့ခုခံ တော်လှန်စစ် အစီရင်ခံစာတွင် ပါဝင်သော ” PDF စိုးမိုး နယ်မြေများတွင် ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး တည်ထောင်နိုင်ပြီ ” ဆိုသည့် စကားရပ်နှင့် ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနက မေးမြန်ခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ စိုးမိုးထားနိုင်တဲ့ အနေအထားကတော့ လောလောဆယ်မှာ ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းလောက်တော့ စိုးမိုး ထားနိုင်ပါတယ်။ ဒါတွေကို ပိုမိုခိုင်မာ အားကောင်း‌ အောင်နဲ့ နောက်ထပ် စိုးမိုးနယ်မြေတွေ ပိုပြီးတော့ ကျယ်ပြန့်လာအောင် ကြိုးစား နေပါတယ် ” ဟု ဦးနိုင်ထူးအောင် က ပြောသည်။

ပြည်သူ့ကာကွယ်ရေး အဖွဲ့များ စိုးမိုးထားနိုင်သည့် နေရာများမှာ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း အတွင်းမှ နေရာအချို့ တို့ ဖြစ်ပြီး ၎င်းနေရာများ၌ ကြားကာလ ဒေသန္တရ အုပ်ချုပ်‌ရေးအတွက် ဝန်ကြီးဌာနများနှင့် ဗဟိုကော်မတီများ ဖွဲ့စည်းပြီး ဖြစ်သည်ဟု ဆိုသည်။

“ တိုင်းရင်းသားပြည်နယ် ဒေသတွေမှာတော့ မူရင်းရှိပြီးသား တိုင်းရင်းသား အုပ်ချုပ်ရေး စနစ်တွေကို အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့စည်းတွေ ရိုးရာ အစဉ်အလာ အုပ်ချုပ်မှုတွေနဲ့ ကျွန်တော်တို့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ခဲ့သည့် ပြည်သူ့ ခုခံစစ် တော်လှန်ရေး ကာလအတွင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ စိုးမိုးသည့် နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကို တည်ထောင် နိုင်သည့် အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင်လည်း ပြောက်ကျားစစ် များကို ထိရောက်စွာ ဆောင်ရွက်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။#mizzima

နိုင္ငံဧရိယာ၏ ၁၀ ရာခိုင္ႏႈန္းေက်ာ္ကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား စိုးမိုးထားနိုင္ၿပီ ဟုဆို

တစ္နိုင္ငံလုံး ဧရိယာ၏ ၁၀ ရာခိုင္ႏႈန္းေက်ာ္ကို ျပည္သူ႔ ကာကြယ္ေရးတပ္ (PDF) မ်ားက စိုးမိုးထားၿပီး ျဖစ္ေၾကာင္း အမ်ိဳးသား ညီညြတ္ေရးအစိုးရ (NUG) ကာကြယ္ေရး ဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ ဦးနိုင္ထူးေအာင္ က ေျပာသည္။

အမ်ိဳးသား ညီညြတ္ေရးအစိုးရ ကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည့္ ျပည္သူ႔ခုခံ ေတာ္လွန္စစ္ အစီရင္ခံစာတြင္ ပါဝင္ေသာ ” PDF စိုးမိုး နယ္ေျမမ်ားတြင္ ၾကားကာလ ျပည္သူ႔ အုပ္ခ်ဳပ္ေရး တည္ေထာင္နိုင္ၿပီ ” ဆိုသည့္ စကားရပ္ႏွင့္ ပတ္သက္ၿပီး မဇၩိမ သတင္းဌာနက ေမးျမန္ခဲ့ရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြ စိုးမိုးထားနိုင္တဲ့ အေနအထားကေတာ့ ေလာေလာဆယ္မွာ ၁၀ ရာခိုင္ႏႈန္းနဲ႔ ၁၅ ရာခိုင္ႏႈန္းေလာက္ေတာ့ စိုးမိုး ထားနိုင္ပါတယ္။ ဒါေတြကို ပိုမိုခိုင္မာ အားေကာင္း‌ ေအာင္နဲ႔ ေနာက္ထပ္ စိုးမိုးနယ္ေျမေတြ ပိုၿပီးေတာ့ က်ယ္ျပန္႔လာေအာင္ ႀကိဳးစား ေနပါတယ္ ” ဟု ဦးနိုင္ထူးေအာင္ က ေျပာသည္။

ျပည္သူ႔ကာကြယ္ေရး အဖြဲ႕မ်ား စိုးမိုးထားနိုင္သည့္ ေနရာမ်ားမွာ စစ္ကိုင္းတိုင္း၊ ကရင္နီျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ မေကြးတိုင္း အတြင္းမွ ေနရာအခ်ိဳ႕ တို႔ ျဖစ္ၿပီး ၎ေနရာမ်ား၌ ၾကားကာလ ေဒသႏၲရ အုပ္ခ်ဳပ္‌ေရးအတြက္ ဝန္ႀကီးဌာနမ်ားႏွင့္ ဗဟိုေကာ္မတီမ်ား ဖြဲ႕စည္းၿပီး ျဖစ္သည္ဟု ဆိုသည္။

“ တိုင္းရင္းသားျပည္နယ္ ေဒသေတြမွာေတာ့ မူရင္းရွိၿပီးသား တိုင္းရင္းသား အုပ္ခ်ဳပ္ေရး စနစ္ေတြကို အေျခခံၿပီး တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕စည္းေတြ ရိုးရာ အစဥ္အလာ အုပ္ခ်ဳပ္မႈေတြနဲ႔ ကၽြန္ေတာ္တို႔ အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္ရြက္နိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္” ဟု ဦးနိုင္ထူးေအာင္က ေျပာသည္။

၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၇ ရက္ေန႔မွ စတင္ခဲ့သည့္ ျပည္သူ႔ ခုခံစစ္ ေတာ္လွန္ေရး ကာလအတြင္း ျပည္သူ႔ ကာကြယ္ေရး အဖြဲ႕မ်ား စိုးမိုးသည့္ နယ္ေျမမ်ားတြင္ ျပည္သူ႔အုပ္ခ်ဳပ္ေရးကို တည္ေထာင္ နိုင္သည့္ အျပင္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ ၿမိဳ႕ႀကီးမ်ားတြင္လည္း ေျပာက္က်ားစစ္ မ်ားကို ထိေရာက္စြာ ေဆာင္ရြက္လ်က္ ရွိေၾကာင္း ကာကြယ္ေရး ဝန္ႀကီးဌာန၏ အစီရင္ခံစာတြင္ ေဖာ္ၿပ ထားသည္။#mizzima