ၾကားသိသမွ်

ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျ

ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျ

People’s Spring

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကူ​တော်ရဲစခန်းတိုက်ခိုက်ခံရပြီး ပြာကျပျက်စီးကာ ခြောက်လုံးပြူးတစ်လက်နှင့် ကျည်​ဘောက်အများအပြားကို ဒေသခံတော်လှန်ရေးအဖွဲ့ များက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ကူတော်ရွာရဲစခန်းကို ယမန်နေ့(ဧပြီ ၈) ရက် ည ၉ နာရီခန့်တွင် ဒေသခံတော် လှန်ရေးအဖွဲ့များ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်။ကျွန်တော်တို့ မီးရှို့ ပြာချခဲ့တာ။ လေကြောင်းပစ်ကူလာတဲ့အတွက် စခ အသေစာရင်း မသိရသေးဘူး။များတယ်လို့ပဲ ပြောပါရစေ ။ကျွန်တော်တို့ ပူးပေါင်း ပြည်သူ့တပ်ဖွဲ့ဘက်မှာလည်း ထိခိုက်မှုရှိတယ်။အကျ အနည်းငယ် ရှိတယ်”ဟု ယမန်နေ့ညက ကူတော်ရဲစခန်းဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

ဘုတလင်မြို့ခံတစ်ဦးကလည်း “ဘုတလင် မြို့မရဲစခန်းကို လက်နက်ကြီး တွေနဲ့အယောင်ပြ တိုက်ခိုက်တဲ့အချိန်မှာ တစ်ဖက်က ကူတော်ရွာ ရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့တာ။အသေအဆုံးများတယ်။ရဲစခန်းမီးရှို့ခံရတဲ့အထဲမှာတင် အလောင်းသုံးလောင်းတွေ့ရတယ်လို့ သိရတယ်”ဟု ပြောသည်။

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းခံရသည့်အတွက် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ည ၁၂ နာရီခန့်ကစ၍ မိနစ် ၂၀ ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ သံပြားကာ ကားနှစ်စီးဖြင့် လူ၊လက်နက်၊ရိက္ခာအပြည့်ဖြင့် ဘုတလင်မြို့သို့ အင်အား ဖြည့်တင်းရန် ယနေ့(ဧပြီ ၉ ရက်)နံနက် ၉ နာရီခန့်တွင် ထွက်ခွာသွားကြောင်း မုံရွာမြို့ နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထား သည်။

လက်ရှိတွင် ဘုတလင်မြို့အတွင်း စစ်အုပ်စုက လမ်းများပိတ်ဆို့ကာ ရွာချင်း ဆက်လမ်းများ ၌ပင် ယာဥ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ဘုတလင္ၿမိဳ႕နယ္ရွိ ကူ​ေတာ္ရဲစခန္းတိုက္ခိုက္ခံရၿပီး ျပာက်

People’s Spring

စစ္ကိုင္းတိုင္း ဘုတလင္ၿမိဳ႕နယ္ရွိ ကူ​ေတာ္ရဲစခန္းတိုက္ခိုက္ခံရၿပီး ျပာက်ပ်က္စီးကာ ေျခာက္လုံးျပဴးတစ္လက္ႏွင့္ က်ည္​ေဘာက္အမ်ားအျပားကို ေဒသခံေတာ္လွန္ေရးအဖြဲ႕ မ်ားက သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ကူေတာ္ရြာရဲစခန္းကို ယမန္ေန႔(ဧၿပီ ၈) ရက္ ည ၉ နာရီခန္႔တြင္ ေဒသခံေတာ္ လွန္ေရးအဖြဲ႕မ်ား ၀င္ေရာက္စီးနင္းၿပီး မီးရွို႔ဖ်က္စီးနိုင္ခဲ့ျခင္းျဖစ္သည္။

“ဟုတ္တယ္။ကၽြန္ေတာ္တို႔ မီးရွို႔ ျပာခ်ခဲ့တာ။ ေလေၾကာင္းပစ္ကူလာတဲ့အတြက္ စခ အေသစာရင္း မသိရေသးဘူး။မ်ားတယ္လို႔ပဲ ေျပာပါရေစ ။ကၽြန္ေတာ္တို႔ ပူးေပါင္း ျပည္သူ႔တပ္ဖြဲ႕ဘက္မွာလည္း ထိခိုက္မႈရွိတယ္။အက် အနည္းငယ္ ရွိတယ္”ဟု ယမန္ေန႔ညက ကူေတာ္ရဲစခန္းဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ ရဲေဘာ္တစ္ဦးက People’s Springသို႔ ေျပာသည္။

ဘုတလင္ၿမိဳ႕ခံတစ္ဦးကလည္း “ဘုတလင္ ၿမိဳ႕မရဲစခန္းကို လက္နက္ႀကီး ေတြနဲ႔အေယာင္ၿပ တိုက္ခိုက္တဲ့အခ်ိန္မွာ တစ္ဖက္က ကူေတာ္ရြာ ရဲစခန္းကို ၀င္ေရာက္စီးနင္းခဲ့တာ။အေသအဆုံးမ်ားတယ္။ရဲစခန္းမီးရွို႔ခံရတဲ့အထဲမွာတင္ အေလာင္းသုံးေလာင္းေတြ႕ရတယ္လို႔ သိရတယ္”ဟု ေျပာသည္။

ကူေတာ္ရဲစခန္း ဝင္ေရာက္စီးနင္းခံရသည့္အတြက္ အၾကမ္းဖက္စစ္တပ္က တိုက္ခိုက္ေရး ရဟတ္ယာဥ္ျဖင့္ ည ၁၂ နာရီခန္႔ကစ၍ မိနစ္ ၂၀ ၾကာ လာေရာက္ပစ္ခတ္ခဲ့သည္ဟု ၎က ဆိုသည္။

ထို႔အျပင္ မုံရြာၿမိဳ႕ရွိ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(နမခ) မွ သံျပားကာ ကားႏွစ္စီးျဖင့္ လူ၊လက္နက္၊ရိကၡာအျပည့္ျဖင့္ ဘုတလင္ၿမိဳ႕သို႔ အင္အား ျဖည့္တင္းရန္ ယေန႔(ဧၿပီ ၉ ရက္)နံနက္ ၉ နာရီခန္႔တြင္ ထြက္ခြာသြားေၾကာင္း မုံရြာၿမိဳ႕ နယ္သတင္းမွန္ျပန္ၾကားေရးက အသိေပးထား သည္။

လက္ရွိတြင္ ဘုတလင္ၿမိဳ႕အတြင္း စစ္အုပ္စုက လမ္းမ်ားပိတ္ဆို႔ကာ ရြာခ်င္း ဆက္လမ္းမ်ား ၌ပင္ ယာဥ္ျဖတ္သန္းခြင့္ ပိတ္ပင္ထားသည္ဟု ေဒသခံမ်ားက ဆိုသည္။