ၾကားသိသမွ်

ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့်တွေ့ဆုံအပြီး သတင်းကောင်းများ ထပ်မံကြားရမည်ဟု NUG ဝန်ကြီးအသိပေး

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ တာဝန်ခံမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်မည်ဟု ကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြော

▪️ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့်တွေ့ဆုံအပြီး သတင်းကောင်းများ ထပ်မံကြားရမည်ဟု NUG ဝန်ကြီးအသိပေး

People’s Spring

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်အစိုးရက ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။

အထက်ပါ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ်အနာဂတ်အတွက် အမေရိကန်၏ အားပေးထောက်ခံမှုကို အလေးပေးပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။

NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ နှင့်တွေ့ဆုံမှုအပြီးတွင် “သတင်း​ကောင်း​တွေ ထပ်မံ​ကြားကြရမှာပါ” ဟု ၎င်း၏ ဖေ့စ်ဘုတ်လူမှု ကွန်ရက်မှအသိပေးသည်။

အတိုင်ပင်ခံ Derek Chollet နှင့်တွေ့ဆုံရာတွင် မြန်မာ့ဒီမိုက​ရေစီအတွက် ပိုမိုကူညီလုပ်​ဆောင်မည့်အကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်​မှု​များအ​ပေါ် တရားမျှတမှုဖော်​ဆောင်နိုင်ရေး မြန်မာပြည်သူ​များအတွက် ကြိုးပမ်းသွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ထို့အပြင် NUG ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို လက်ထောက်ဝန်ကြီး Lisa Peterson ၊ လူ့အခွင့်အရေးမြှင့်တင်ရေး အထူးကိုယ်စားလှယ် Jessica Stern တို့နှင့်တွေ့ဆုံကာ LGBTQI+ များအတွက် စိန်ခေါ်မှု များအပါအဝင် မြန်မာ့အကျပ်အတည်းများကို ဆွေးနွေးခဲ့သည်။

(NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ ​မှတ်တမ်းရိုက်ကူး​နေစဥ်၊ ဓာတ်ပုံ – US. Asia Pacific Media Hub)

စစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား တာဝန္ခံမႈရွိေစေရး တိုးျမႇင့္လုပ္ေဆာင္မည္ဟု ကန္နိုင္ငံျခားေရးအတိုင္ပင္ခံေျပာ
▪️ကန္နိုင္ငံျခားေရးအတိုင္ပင္ခံႏွင့္ေတြ႕ဆုံအၿပီး သတင္းေကာင္းမ်ား ထပ္မံၾကားရမည္ဟု NUG ဝန္ႀကီးအသိေပး

People’s Spring

ျမန္မာစစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားအတြက္ တာဝန္ခံမႈရွိေစေရး အေမရိကန္အစိုးရက ဆက္လက္တိုးျမႇင့္လုပ္ေဆာင္သြားမည္ဟု အေမရိကန္နိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet က ေျပာသည္။

အထက္ပါ အေမရိကန္နိုင္ငံျခားေရး အတိုင္ပင္ခံသည္ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကိုယ္စားလွယ္မ်ားကို လက္ခံေတြ႕ဆုံစဥ္ ျမန္မာနိုင္ငံ၏ အားလုံးပါဝင္ေသာ ဒီမိုကရက္တစ္အနာဂတ္အတြက္ အေမရိကန္၏ အားေပးေထာက္ခံမႈကို အေလးေပးေျပာၾကားခဲ့သည္ဟု သတင္း ထုတ္ျပန္သည္။

NUG ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ဦးေအာင္မ်ိဳးမင္းက အေမရိကန္နိုင္ငံျခားေရးအတိုင္ပင္ခံ ႏွင့္ေတြ႕ဆုံမႈအၿပီးတြင္ “သတင္း​ေကာင္း​ေတြ ထပ္မံ​ၾကားၾကရမွာပါ” ဟု ၎၏ ေဖ့စ္ဘုတ္လူမႈ ကြန္ရက္မွအသိေပးသည္။

အတိုင္ပင္ခံ Derek Chollet ႏွင့္ေတြ႕ဆုံရာတြင္ ျမန္မာ့ဒီမိုက​ေရစီအတြက္ ပိုမိုကူညီလုပ္​ေဆာင္မည့္အေၾကာင္း၊ အၾကမ္းဖက္စစ္​ေကာင္စီ၏ ရာဇဝတ္မႈက်ဴးလြန္​မႈ​မ်ားအ​ေပၚ တရားမၽွတမႈေဖာ္​ေဆာင္နိုင္ေရး ျမန္မာျပည္သူ​မ်ားအတြက္ ႀကိဳးပမ္းသြားမည့္အေၾကာင္းတို႔ကို ေဆြးေႏြးခဲ့သည္ဟု ဝန္ႀကီးဦးေအာင္မ်ိဳးမင္းက ေျပာသည္။

ထို႔အျပင္ NUG ကိုယ္စားလွယ္အဖြဲ႕သည္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန၏ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးႏွင့္ အလုပ္သမားဗ်ဴရို လက္ေထာက္ဝန္ႀကီး Lisa Peterson ၊ လူ႔အခြင့္အေရးျမႇင့္တင္ေရး အထူးကိုယ္စားလွယ္ Jessica Stern တို႔ႏွင့္ေတြ႕ဆုံကာ LGBTQI+ မ်ားအတြက္ စိန္ေခၚမႈ မ်ားအပါအဝင္ ျမန္မာ့အက်ပ္အတည္းမ်ားကို ေဆြးေႏြးခဲ့သည္။

(NUG ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ဦးေအာင္မ်ိဳးမင္းက အေမရိကန္နိုင္ငံျခားေရးအတိုင္ပင္ခံတို႔ ​မွတ္တမ္းရိုက္ကူး​ေနစဥ္၊ ဓာတ္ပုံ – US. Asia Pacific Media Hub)