ၾကားသိသမွ်

ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ရဲ့ ၆၀ ရာခိုင်နှုန်းကို လက်နက် ခဲယမ်းဝယ်ယူရာမှာ အသုံးပြုခဲ့

ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ရဲ့ ၆၀ ရာခိုင်နှုန်းကို လက်နက် ခဲယမ်းဝယ်ယူရာမှာ အသုံးပြုခဲ့

ဧပြီ ၈ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လက်နက် ခဲယမ်းဝယ်ယူတပ်ဆင်တဲ့နေရာမှာ ၆၀ ဒသမ ၀၉ ရာခိုင်နှုန်းအထိ အသုံးပြုတာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကိုလိုအပ်တဲ့နေရာကဏ္ဍအလိုက် အချိုးကျခွဲ ဝေထောက်ပံ့ပေးခဲ့တယ်ဆိုပြီးတော့ သတင်းထုတ်ပြန်လိုက်တာပါ။

ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လေ့ကျင့်ရေးအသုံးစားရိတ်ထဲမှာ ၄ ဒသမ ၉၂ ရာခိုင်နှုန်း၊ လက်နက်ခဲယမ်း ဝယ်ယူတပ်ဆင်တဲ့နေရာမှာ ၆၀ ဒသမ ၀၉ ရာခိုင်နှုန်း၊ လက်နက်ထုတ်လုပ်မှု ငွေလုံးငွေရင်း အသုံးစားရိတ်မှာ ၂၄ ဒသမ ၉၅ ရာခိုင်နှုန်း၊ မဟာမိတ်တွေကို မျှဝေမှု နေရာမှာ ၇ ဒသမ ၀၉ ရာခိုင်နှုန်း၊ ကျဆုံး ဒဏ်ရာရ ရဲဘော်တွေကို ထောက်ပံ့တဲ့အသုံးစားရိတ်မှာ ၀ ဒသမ ၀၇ ရာခိုင်နှုန်း၊ အရေးပေါ် သုံးစွဲငွေ စီမံခန့်ခွဲမှု ဆိုင်ရာ ကုန်ကျစားရိတ်တွေနဲ့ အခြားကုန်ကျစားရိတ်တွေအတွက် ၂ ဒသမ ၈ ရာခိုင်နှုန်းအသုံးပြုထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်စာရင်းကို ကြည့်ရင် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လက် နက်ခဲယမ်း ဝယ်ယူတပ်ဆင်တဲ့နေရာ နဲ့ လက်နက်ထုတ်လုပ်မှု နေရာတွေမှာ အများဆုံးအသုံးပြုထားတာ တွေ့ရမှာလည်းဖြစ်ပါတယ်။

#PVTV

ကာကြယ္ေရးဝန္ႀကီးဌာနက အေမရိကန္ေဒၚလာ သန္း ၃၀ ခန႔္ရဲ့ ၆၀ ရာခိုင္ႏႈန္းကို လက္နက္ ခဲယမ္းဝယ္ယူရာမွာ အသုံးျပဳခဲ့
ဧၿပီ ၈ ၊ ၂၀၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနက လက္ခံရရွိထားတဲ့ အေမရိကန္ေဒၚလာ သန္း ၃၀ ခန႔္ကို လက္နက္ ခဲယမ္းဝယ္ယူတပ္ဆင္တဲ့ေနရာမွာ ၆၀ ဒသမ ၀၉ ရာခိုင္ႏႈန္းအထိ အသုံးျပဳတာျဖစ္တယ္လို႔ ထုတ္ျပန္လိုက္ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနက အေမရိကန္ေဒၚလာ သန္း ၃၀ ခန႔္ကိုလိုအပ္တဲ့ေနရာက႑အလိုက္ အခ်ိဳးက်ခြဲ ေဝေထာက္ပံ့ေပးခဲ့တယ္ဆိုၿပီးေတာ့ သတင္းထုတ္ျပန္လိုက္တာပါ။

ရရွိထားတဲ့ အေမရိကန္ေဒၚလာ သန္း ၃၀ ခန႔္ကို ေလ့က်င့္ေရးအသုံးစားရိတ္ထဲမွာ ၄ ဒသမ ၉၂ ရာခိုင္ႏႈန္း၊ လက္နက္ခဲယမ္း ဝယ္ယူတပ္ဆင္တဲ့ေနရာမွာ ၆၀ ဒသမ ၀၉ ရာခိုင္ႏႈန္း၊ လက္နက္ထုတ္လုပ္မႈ ေငြလုံးေငြရင္း အသုံးစားရိတ္မွာ ၂၄ ဒသမ ၉၅ ရာခိုင္ႏႈန္း၊ မဟာမိတ္ေတြကို မၽွေဝမႈ ေနရာမွာ ၇ ဒသမ ၀၉ ရာခိုင္ႏႈန္း၊ က်ဆုံး ဒဏ္ရာရ ရဲေဘာ္ေတြကို ေထာက္ပံ့တဲ့အသုံးစားရိတ္မွာ ၀ ဒသမ ၀၇ ရာခိုင္ႏႈန္း၊ အေရးေပၚ သုံးစြဲေငြ စီမံခန႔္ခြဲမႈ ဆိုင္ရာ ကုန္က်စားရိတ္ေတြနဲ႔ အျခားကုန္က်စားရိတ္ေတြအတြက္ ၂ ဒသမ ၈ ရာခိုင္ႏႈန္းအသုံးျပဳထားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ထုတ္ျပန္ခ်က္စာရင္းကို ၾကည့္ရင္ အေမရိကန္ေဒၚလာ သန္း ၃၀ ခန႔္ကို လက္ နက္ခဲယမ္း ဝယ္ယူတပ္ဆင္တဲ့ေနရာ နဲ႔ လက္နက္ထုတ္လုပ္မႈ ေနရာေတြမွာ အမ်ားဆုံးအသုံးျပဳထားတာ ေတြ႕ရမွာလည္းျဖစ္ပါတယ္။

#PVTV