ၾကားသိသမွ်

ရှေ့တန်းထွက်တိုင်း အမြဲပါတတ်သည့် တော်လှန်ရေးရဲဘော် Black(ရုပ်သံ)

ရှေ့တန်းထွက်တိုင်း အမြဲပါတတ်သည့် တော်လှန်ရေးရဲဘော် Black

မဲခေါင်၊ ဧပြီ ၈

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အရှေ့မြောက်စစ်ဒေသ PDF တပ်ရင်းတခုတို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်မည့်အချိန်တွင် Black နှင့် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ KIA နှင့် PDF ပူးပေါင်းစစ်ဆင်ရေး ရှေ့တန်းထွက်မည့် ရဲဘော်များကြားတွင် Black တကောင် ပါလာခဲ့သည်။ KIA မှ အရာရှိတဦးအနားတွင် ရှေ့တန်းထွက်ရန် အသင့်ဖြစ်နေသည့် Black အား PDF ရဲဘော်များ စတင် သံယောဇဉ် ဖြစ်ခဲ့ကြသည်။


“ သူ (Black) က ကြီးပြင်းခဲ့တာလည်း ဒီနယ်မြေမှာပဲဆိုတော့ သူ့နယ်လို ဖြစ်နေတာ။ ရှေ့တန်းထွက်မယ့်အချိန်ဆို သူက တန်းစီပြီးသား” ဟု Black နှင့် ဆုံတွေ့ခဲ့ပြီးနောက်ပိုင်း သံယောဇဉ်ဖြစ်ခဲ့ရသူ အရှေ့မြောက်စစ်ဒေသ PDF တပ်ရင်းမှ ရဲဘော် ဂျက်က ပြောပြသည်။

ရှေ့တန်းလိုက်ရန် တန်းစီနေစဉ်တွင် Black သာမက Black ၏ ညီအစ်ကိုများလည်း ပါဝင်တန်းစီနေလေ့ရှိသည်။ ၃/၄ ကောင်ရှိသည့်အနက် Black သည် အလိမ္မာဆုံးဖြစ်ကာ PDF တပ်ရင်းတခုလုံး သံယောဇဉ်ပိုခဲ့ရသည်ဟု ရဲဘော်ဂျက်က မဲခေါင်သတင်းဌာနသို့ ပြောပြသည်။


အပြန်အလှန်တိုက်ပွဲများဖြစ်ပွားသည့် အချိန်တွင်လည်း Black သည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိ သခင်ဖြစ်သူ KIA မှ အရာရှိတဦးအနားတွင် အမြဲလိုလို ရှိနေတတ်ကြောင်း၊ အသက် ၁ နှစ်ကျော် ရှိပြီဖြစ်သည့် Black အား သခင်ဖြစ်သူသာမက PDF တပ်ရင်းတခုလုံးကလည်း သံယောဇဉ်တွယ်နေကြကြောင်း ရဲဘော်ဂျက် ဆိုသည်။

“ကျနော်တို့အတွက်တော့ Black က အစားထိုးမရတဲ့ တော်လှန်ရေး ရဲဘော်လေးပါပဲ” ဟုလည်း အရှေ့မြောက်စစ်ဒေသ PDF တပ်ရင်းမှ ရဲဘော်ဂျက်က Black အပေါ်ထားသည့် သူ၏သံယောဇဉ်အား ပြောပြသည်။

ပြီးခဲ့သည့် မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၌ စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်တပ်များကြား တိုက်ပွဲများ ငြိမ်သက်နေကြောင်း သိရသည်။

ေရွ႕တန္းထြက္တိုင္း အျမဲပါတတ္သည့္ ေတာ္လွန္ေရးရဲေဘာ္ Black

မဲေခါင္၊ ဧၿပီ ၈

ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ႏွင့္ အေရွ႕ေျမာက္စစ္ေဒသ PDF တပ္ရင္းတခုတို႔ ပူးေပါင္းစစ္ဆင္ေရးျပဳလုပ္မည့္အခ်ိန္တြင္ Black ႏွင့္ စတင္ေတြ႕ဆုံခဲ့ျခင္း ျဖစ္သည္။

ရွမ္းျပည္ေျမာက္ပိုင္း၊ KIA ႏွင့္ PDF ပူးေပါင္းစစ္ဆင္ေရး ေရွ႕တန္းထြက္မည့္ ရဲေဘာ္မ်ားၾကားတြင္ Black တေကာင္ ပါလာခဲ့သည္။ KIA မွ အရာရွိတဦးအနားတြင္ ေရွ႕တန္းထြက္ရန္ အသင့္ျဖစ္ေနသည့္ Black အား PDF ရဲေဘာ္မ်ား စတင္ သံေယာဇဥ္ ျဖစ္ခဲ့ၾကသည္။

“ သူ (Black) က ႀကီးျပင္းခဲ့တာလည္း ဒီနယ္ေျမမွာပဲဆိုေတာ့ သူ႔နယ္လို ျဖစ္ေနတာ။ ေရွ႕တန္းထြက္မယ့္အခ်ိန္ဆို သူက တန္းစီၿပီးသား” ဟု Black ႏွင့္ ဆုံေတြ႕ခဲ့ၿပီးေနာက္ပိုင္း သံေယာဇဥ္ျဖစ္ခဲ့ရသူ အေရွ႕ေျမာက္စစ္ေဒသ PDF တပ္ရင္းမွ ရဲေဘာ္ ဂ်က္က ေျပာျပသည္။

ေရွ႕တန္းလိုက္ရန္ တန္းစီေနစဥ္တြင္ Black သာမက Black ၏ ညီအစ္ကိုမ်ားလည္း ပါဝင္တန္းစီေနေလ့ရွိသည္။ ၃/၄ ေကာင္ရွိသည့္အနက္ Black သည္ အလိမၼာဆုံးျဖစ္ကာ PDF တပ္ရင္းတခုလုံး သံေယာဇဥ္ပိုခဲ့ရသည္ဟု ရဲေဘာ္ဂ်က္က မဲေခါင္သတင္းဌာနသို႔ ေျပာျပသည္။

အျပန္အလွန္တိုက္ပြဲမ်ားျဖစ္ပြားသည့္ အခ်ိန္တြင္လည္း Black သည္ ေၾကာက္ရြံ့ျခင္းအလ်ဥ္းမရွိ သခင္ျဖစ္သူ KIA မွ အရာရွိတဦးအနားတြင္ အျမဲလိုလို ရွိေနတတ္ေၾကာင္း၊ အသက္ ၁ ႏွစ္ေက်ာ္ ရွိၿပီျဖစ္သည့္ Black အား သခင္ျဖစ္သူသာမက PDF တပ္ရင္းတခုလုံးကလည္း သံေယာဇဥ္တြယ္ေနၾကေၾကာင္း ရဲေဘာ္ဂ်က္ ဆိုသည္။

“က်ေနာ္တို႔အတြက္ေတာ့ Black က အစားထိုးမရတဲ့ ေတာ္လွန္ေရး ရဲေဘာ္ေလးပါပဲ” ဟုလည္း အေရွ႕ေျမာက္စစ္ေဒသ PDF တပ္ရင္းမွ ရဲေဘာ္ဂ်က္က Black အေပၚထားသည့္ သူ၏သံေယာဇဥ္အား ေျပာျပသည္။

ၿပီးခဲ့သည့္ မတ္လအတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္၌ စစ္ေကာင္စီႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႏွစ္ဖက္တပ္မ်ားၾကား တိုက္ပြဲမ်ား ၿငိမ္သက္ေနေၾကာင္း သိရသည္။