ၾကားသိသမွ်

တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရန်ကြိုးပမ်းရာ မအောင်မြင်၍ စစ်ကောင်စီတပ်ကင်းသမားကို ပစ်ခတ်ရှင်းလင်း

တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရန်ကြိုးပမ်းရာ မအောင်မြင်၍ စစ်ကောင်စီတပ်ကင်းသမားကို ပစ်ခတ်ရှင်းလင်း

ကျော်ဇော/People Spring

ပဲခူးတိုင်း တောင်ငူမြို့ အမှတ်(၁၀၁၅)လေကြောင်းရန်ကာကွယ်ရေးစခန်းအား တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ကင်းသမားတွေ့ရှိသွား၍ မအောင်မြင်ခဲ့ ကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၈) အသိပေး ထုတ်ပြန်သည်။

ယမန်နေ့ည ၁၀နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ လေတပ်စခန်းကို တောင်ငူခရိုင်တပ်ရင်း (၃၅၀၁)တပ်ခွဲ -၃ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုသို့ပြင်ဆင်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ကင်းသမားတွေ့ သွားကြောင်း သတိပြုမိ၍ အဆိုပါ ကင်းသမားကိုသာလက်ဦးမှုယူ ပစ်ခတ် ရှင်းလင်းခဲ့ပြီး ပြန် လည်ဆုတ်ခွာခဲ့သည် ထုတ်ပြန်သည်။

ပစ်ခတ်ရှင်းလင်းမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားကင်းသမား နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၀၁၉ ဒီဇင်ဘာ ၁၅ရက်တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် တပ်မတော် (လေ) ၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ မင်းအောင်လှိုင် တက်ရောက်ခဲ့ စဉ်။ ဓာတ်ပုံ- တပ်မတော်-လေ Facebook)

ေတာင္ငူေလတပ္စခန္းကို တိုက္ခိုက္ရန္ႀကိဳးပမ္းရာ မေအာင္ျမင္၍ စစ္ေကာင္စီတပ္ကင္းသမားကို ပစ္ခတ္ရွင္းလင္း

ေက်ာ္ေဇာ/People Spring

ပဲခူးတိုင္း ေတာင္ငူၿမိဳ႕ အမွတ္(၁၀၁၅)ေလေၾကာင္းရန္ကာကြယ္ေရးစခန္းအား တိုက္ခိုက္ရန္ စီစဥ္ခဲ့ေသာ္လည္း ကင္းသမားေတြ႕ရွိသြား၍ မေအာင္ျမင္ခဲ့ ေၾကာင္း ပဲခူးခရိုင္ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕က ယေန႔(ဧၿပီ ၈) အသိေပး ထုတ္ျပန္သည္။

ယမန္ေန႔ည ၁၀နာရီခြဲခန္႔တြင္ စစ္ေကာင္စီတပ္၏ ေလတပ္စခန္းကို ေတာင္ငူခရိုင္တပ္ရင္း (၃၅၀၁)တပ္ခြဲ -၃ မွ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား က တိုက္ခိုက္ရန္ျပင္ဆင္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ထိုသို႔ျပင္ဆင္ေနခ်ိန္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ကင္းသမားေတြ႕ သြားေၾကာင္း သတိျပဳမိ၍ အဆိုပါ ကင္းသမားကိုသာလက္ဦးမႈယူ ပစ္ခတ္ ရွင္းလင္းခဲ့ၿပီး ျပန္ လည္ဆုတ္ခြာခဲ့သည္ ထုတ္ျပန္သည္။

ပစ္ခတ္ရွင္းလင္းမႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားကင္းသမား ေနရာတြင္ပင္ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိပါသည္။

(၂၀၁၉ ဒီဇင္ဘာ ၁၅ရက္တြင္ မိတၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ေလတပ္စခန္း ဌာနခ်ဳပ္၌ ျပဳလုပ္ခဲ့သည့္ တပ္မေတာ္ (ေလ) ၏ (၇၂)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔သို႔ မင္းေအာင္လွိုင္ တက္ေရာက္ခဲ့ စဥ္။ ဓာတ္ပုံ- တပ္မေတာ္-ေလ Facebook)