ၾကားသိသမွ်

KNU နယ်မြေထဲက DJC ကောလိပ် ဘွဲ့နှင်းသဘင်

KNU နယ်မြေထဲက DJC ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

မိုးဦး/ People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် Doo Tha Htu College (DJC) ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီကနေ့ ဧပြီ ၈ ရက်မှာ ကျင်းပခဲ့ပါတယ်။ဘီးလင်းမြို့နယ် လယ်ဖိုးကျေးနယ်အုပ်စု ထီးလေးခေါ့ကျေးရွာ Junior College ကျောင်းမှာ ကျင်းပခဲ့တာပါ။


အဲ့ဒီအခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက​ ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ (၂၈) ဦးကို ဘွဲ့လက်မှတ်အပ်နှင်းခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာအတွင်း ဒူးသထူဂျူနီယာကောလိပ်ကနေ အောင်မြင်ပြီး ဘွဲ့လက်မှတ်အပ်နှင်ခြင်းခံရတဲ့ ကျောင်းသားကျောင်းသူစုစု​ပေါင်း (၄၁) ဦးရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကော်သူးလေ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ ကျောင်းတစ်ကျောင်းဖြစ်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ ကွန်ပျူတာ ဘာသာရပ်ငါးရပ်ကို အဓိကထား သင်ကြားပို့ချက်လျက်ရှိတာပါ။


ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်(သထုံ) ဘီးလင်းမြို့နယ်အတွင်းမှာရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

KNU နယ္ေျမထဲက DJC ေကာလိပ္ ဘြဲ႕ႏွင္းသဘင္က်င္းပ

မိုးဦး/ People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) သထုံခရိုင္ Doo Tha Htu College (DJC) ေက်ာင္းဆင္းပြဲနဲ႔ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ဒီကေန႔ ဧၿပီ ၈ ရက္မွာ က်င္းပခဲ့ပါတယ္။ဘီးလင္းၿမိဳ႕နယ္ လယ္ဖိုးေက်းနယ္အုပ္စု ထီးေလးေခါ့ေက်းရြာ Junior College ေက်ာင္းမွာ က်င္းပခဲ့တာပါ။

အဲ့ဒီအခမ္းအနားမွာ ေကအဲန္ယူ ဗဟို၊ ခရိုင္၊ ၿမိဳ႕နယ္ေခါင္းေဆာင္ေတြ၊ တပ္မဟာ တပ္ရင္းက​ ေခါင္းေဆာင္ေတြနဲ႔ ေက်ာင္းသားမိဘေတြ၊ ဧည့္သည္ေတြအပါအဝင္ စုစုေပါင္းလူဦးေရ (၃၀၀) ခန႔္ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

အခုႏွစ္ေက်ာင္းဆင္းပြဲနဲ႔ ဘြဲ႕ႏွင္းသဘင္အခမ္းအနားမွာ ေနာက္ဆုံးႏွစ္ ေက်ာင္းသားေက်ာင္းသူ (၂၈) ဦးကို ဘြဲ႕လက္မွတ္အပ္ႏွင္းခဲ့ၿပီး ၂၀၁၉ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အထိ ေလးႏွစ္တာအတြင္း ဒူးသထူဂ်ဴနီယာေကာလိပ္ကေန ေအာင္ျမင္ၿပီး ဘြဲ႕လက္မွတ္အပ္ႏွင္ျခင္းခံရတဲ့ ေက်ာင္းသားေက်ာင္းသူစုစု​ေပါင္း (၄၁) ဦးရွိခဲ့ၿပီလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒူးသထူဂ်ဴနီယာေကာလိပ္(DJC)ဟာ ေကာ္သူးေလ ကရင့္ပညာေရးနဲ႔ ယဥ္ေက်းမႈဌာန(KECD)လက္ေအာက္ခံ ေက်ာင္းတစ္ေက်ာင္းျဖစ္ၿပီး အဂၤလိပ္၊ သခၤ်ာ၊ လူမႈေရး၊ သိပၸံနဲ႔ ကြန္ပ်ဴတာ ဘာသာရပ္ငါးရပ္ကို အဓိကထား သင္ၾကားပို႔ခ်က္လ်က္ရွိတာပါ။

ဒူးသထူဂ်ဴနီယာေကာလိပ္(DJC)ဟာ ေကအဲန္ယူ ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေၿမ ဒူးသထူခရိုင္(သထုံ) ဘီးလင္းၿမိဳ႕နယ္အတြင္းမွာရွိၿပီး ၂၀၁၄ ခုႏွစ္ ဇြန္လပိုင္းက စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။