ၾကားသိသမွ်

ယနေ့တွင် ရန်ကုန်တွင် ရွှေနှင့် ဒေါ်လာဈေးကွက်အ ဖွင့်မရှိပဲ ရပ်တန့်နေသလောက်ရှိနေကြောင်း သိရ

ယနေ့တွင် ရန်ကုန်တွင် ရွှေနှင့် ဒေါ်လာဈေးကွက် အ ဖွင့်မရှိပဲ ရပ်တန့်နေသလောက်ရှိနေကြောင်း သိရ

ဧပြီလ ၈ ရက်

ယနေ့တွင် ရန်ကုန်မြိုအတွင်း ရွှေနှင့် ဒေါ်လာဈေးကွက်များ ဈေးကွက်အဖွင့်မရှိပဲ ရပ်တန့်နေသလောက် ရှိနေကြောင်း၊ အထူးသဖြင့် ဗဟိုဘဏ်၏ နိုင်ငံခြားငွေ မူဝါဒကြောင့် အရောင်းအဝယ်များ မပြုလုပ်ရဲတော့ကြောင်း ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်တချိုထံမှ သိရသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင်ပါ ဒေါ်လာဈေးကို မဖွင့်ရဲကြတော့ပဲ ဒေါ်လာကို ၂၄ နာရီသာ ကိုင်ထားနိုင်တော့မည့် အတွက်ကြောင့် သွင်းကုန်၊ ထုတ်ကုန်သမားများအားလုံးသည် လုပ်ငန်းရပ်တန့်လိုက်ကြပြီး ရွှေဈေးနှင့် ဒေါ်လာဈေးတို တန့်သွားပြီး စက်သုံးဆီဈေးက ဈေးထပ်မံ ကျဆင်းခဲ့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောသည်။


တန့်တာကတော့ တန့်သွားတယ်။ ဒါပေမယ့် ဈေးတန့်နေရုံနဲ့ မပြီးဘူးလေ။ ဈေးတန့်ရုံတင်မကဘူး။ အကုန်လုံး အရောင်းအဝယ်တွေပါ တန့်သွားတာ။ ဆိုလိုတာက ဈေး ကွက်ထဲ လက်ကျန်ရှိတာလေးနဲ့ မှေးမယ်။ ထပ်မဖြည့်တော့ဘူး။ ဒီနေ့ဖြည့်လိုက်လို့ မနက်ဖြန် ဘာဆက်ဖြစ်မယ် မသိတော့မယ့်အတူတူ အိတ်ထဲကငွေကို အိတ်ထဲပဲ ထည့်ထားလိုက်တဲ့သဘောပဲ ဟု သူက ဆိုသည်။

ယခုလို စစ်ကောင်စီဘက်မှ စီမံလိုက်မှုသည် ပြည်တွင်းတွင် ဒေါ်လာများလည်ပတ်နေမှုအစား မြန်မာငွေကျပ်ကိုသာလည်ပတ်စေရန် စီမံဆောင်ရွက်မှုဟု ယူဆလိုက်ခြင်း ကြောင့် ပိုမိုအခက်တွေ့လာနိုင်တော့မည့် လက္ခဏာကိုတွေ့ရပြီး သင်္ကြန်ပိတ်ရက်မတိုင်မီ ထိန်းနိုင်ရုံလေးသာ ဖြစ်လာတော့မည်ဟု သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်တဦးကလည်း ဆိုသည်။

ယခုလို ဗဟိုဘဏ်၏ စီမံမှုသည် သွင်းကုန်လုပ်ငန်းတွေအနေဖြင့် ဈေးနှုန်းကျလာနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုထားခဲ့သည်။ သို့သော် သွင်းကုန်လုပ်ငန်းရှင်များကို လိုအပ်သလောက် ဒေါ်လာကိုဗဟိုဘဏ်မှ သတ်မှတ်ဈေးဖြင့် ပြန်လည်ရောင်းချမှုက မရှိသော ကြောင့် ပိုမိုဆိုးဝါးသည့် အခြေအနေကို ရောက်လာမည်ဟု သူက ဆက်ပြောသည်။

သေချာတာကတော့ ကုန်ဈေးနှုန်းက တက်ဦးမှာပဲ။ ပြည် တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာ ကုန်ဈေးနှုန်းကျပြီး စီးပွား ရေး ကောင်းလာမယ်လို့ မှန်းဆတဲ့သူကတော့ တကယ့်ကို ရူးနေတဲ့သူပဲ။ အခုပဲကြည့်လေ လုပ်ငန်းတွေ ရပ်လိုက်ကြပြီ။ ဘယ်သူထိမလဲ။ ငွေကြေးရှိတဲ့သူတွေထက် လက် လုပ်လက်စားတွေ ပိုထိခိုက်မှာ။ သူဌေးတယောက် လုပ် ငန်းပိတ်လိုက်လို့ မမွဲသွားဘူးဗျ။ ဆင်းရဲသားတယောက် အလုပ်ပျောက်တာက လမ်းပေါ်ရောက်သွားမှာ ဟု သူက ဆိုသည်။


ဗဟိုဘဏ်၏ စီမံဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလည်ပတ်နေရာတွင် ဒေါ်လာကိုသာ စံအဖြစ် လုပ်ကိုင်နေမှုကို ဒေါ်လာအစား တရုတ်ယွမ်ကို အစားထိုးသုံးစွဲရန် စီမံနေသည့် အနေအထားမျိုး မြင်တွေ့လာရကြောင်း၊ တရုတ်ယွမ်ကိုလည်း ပြည်တွင်းဘဏ် ၄ ခုနှင့် နိုင်ငံခြားဘဏ် ၂ ခုတို့တွင် အကောင့်များ ဖွင့်ခွင့်ပေးခဲ့ပြီး ကနဦးအဖြစ် ကနဦးစမ်းသပ်မှုအဖြစ် ယွမ် ၄ ဘီလီယံကို တရုတ်မှ ထောက်ပံ့ပေးထားပြီး ပထမအသုတ်အ နေဖြင့် ယွမ်သန်း ၆၅ဝ(ဒေါ်လာသန်း ၁ဝဝ) ကို အာ ဏာသိမ်း စစ်ကောင်စီထံသို့ ကျားကန်ပေးထားပြီးဖြစ် ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တချို့ထံမှ သိရသည်။@AYAT

Zawgyi

ယေန႔တြင္ ရန္ကုန္တြင္ ေရႊႏွင့္ ေဒၚလာေဈးကြက္တအ ဖြင့္မရွိပဲ ရပ္တန႔္ေနသေလာက္ရွိေနေၾကာင္း သိရ

ဧၿပီလ ၈ ရက္

ယေန႔တြင္ ရန္ကုန္ၿမိဳအတြင္း ေရႊႏွင့္ ေဒၚလာေဈးကြက္မ်ား ေဈးကြက္အဖြင့္မရွိပဲ ရပ္တန႔္ေနသေလာက္ ရွိေနေၾကာင္း၊ အထူးသျဖင့္ ဗဟိုဘဏ္၏ နိုင္ငံျခားေငြ မူဝါဒေၾကာင့္ အေရာင္းအဝယ္မ်ား မျပဳလုပ္ရဲေတာ့ေၾကာင္း ရန္ကုန္ရွိ စီးပြားေရးလုပ္ငန္းရွင္တခ်ိဳထံမွ သိရသည္။

ျပည္တြင္း ပုဂၢလိကဘဏ္မ်ားတြင္ပါ ေဒၚလာေဈးကို မဖြင့္ရဲၾကေတာ့ပဲ ေဒၚလာကို ၂၄ နာရီသာ ကိုင္ထားနိုင္ေတာ့မည့္ အတြက္ေၾကာင့္ သြင္းကုန္၊ ထုတ္ကုန္သမားမ်ားအားလုံးသည္ လုပ္ငန္းရပ္တန႔္လိုက္ၾကၿပီး ေရႊေဈးႏွင့္ ေဒၚလာေဈးတို တန႔္သြားၿပီး စက္သုံးဆီေဈးက ေဈးထပ္မံ က်ဆင္းခဲ့ေၾကာင္း စက္သုံးဆီလုပ္ငန္းရွင္တဦးက ေျပာသည္။

တန႔္တာကေတာ့ တန႔္သြားတယ္။ ဒါေပမယ့္ ေဈးတန႔္ေန႐ုံနဲ႔ မၿပီးဘူးေလ။ ေဈးတန႔္႐ုံတင္မကဘူး။ အကုန္လုံး အေရာင္းအဝယ္ေတြပါ တန႔္သြားတာ။ ဆိုလိုတာက ေဈး ကြက္ထဲ လက္က်န္ရွိတာေလးနဲ႔ ေမွးမယ္။ ထပ္မျဖည့္ေတာ့ဘူး။ ဒီေန႔ျဖည့္လိုက္လို႔ မနက္ျဖန္ ဘာဆက္ျဖစ္မယ္ မသိေတာ့မယ့္အတူတူ အိတ္ထဲကေငြကို အိတ္ထဲပဲ ထည့္ထားလိုက္တဲ့သေဘာပဲ ဟု သူက ဆိုသည္။

ယခုလို စစ္ေကာင္စီဘက္မွ စီမံလိုက္မႈသည္ ျပည္တြင္းတြင္ ေဒၚလာမ်ားလည္ပတ္ေနမႈအစား ျမန္မာေငြက်ပ္ကိုသာလည္ပတ္ေစရန္ စီမံေဆာင္ရြက္မႈဟု ယူဆလိုက္ျခင္း ေၾကာင့္ ပိုမိုအခက္ေတြ႕လာနိုင္ေတာ့မည့္ လကၡဏာကိုေတြ႕ရၿပီး သၾကၤန္ပိတ္ရက္မတိုင္မီ ထိန္းနိုင္႐ုံေလးသာ ျဖစ္လာေတာ့မည္ဟု သြင္းကုန္၊ ထုတ္ကုန္ လုပ္ငန္းရွင္တဦးကလည္း ဆိုသည္။

ယခုလို ဗဟိုဘဏ္၏ စီမံမႈသည္ သြင္းကုန္လုပ္ငန္းေတြအေနျဖင့္ ေဈးႏႈန္းက်လာနိုင္မည္ဟု ျမန္မာနိုင္ငံ ဆန္စပါး လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ေဒါက္တာစိုးထြန္းက မွတ္ခ်က္ျပဳထားခဲ့သည္။ သို႔ေသာ္ သြင္းကုန္လုပ္ငန္းရွင္မ်ားကို လိုအပ္သေလာက္ ေဒၚလာကိုဗဟိုဘဏ္မွ သတ္မွတ္ေဈးျဖင့္ ျပန္လည္ေရာင္းခ်မႈက မရွိေသာ ေၾကာင့္ ပိုမိုဆိုးဝါးသည့္ အေျခအေနကို ေရာက္လာမည္ဟု သူက ဆက္ေျပာသည္။

ေသခ်ာတာကေတာ့ ကုန္ေဈးႏႈန္းက တက္ဦးမွာပဲ။ ျပည္ တြင္းစစ္ ျဖစ္ေနတဲ့ နိုင္ငံမွာ ကုန္ေဈးႏႈန္းက်ၿပီး စီးပြား ေရး ေကာင္းလာမယ္လို႔ မွန္းဆတဲ့သူကေတာ့ တကယ့္ကို ႐ူးေနတဲ့သူပဲ။ အခုပဲၾကည့္ေလ လုပ္ငန္းေတြ ရပ္လိုက္ၾကၿပီ။ ဘယ္သူထိမလဲ။ ေငြေၾကးရွိတဲ့သူေတြထက္ လက္ လုပ္လက္စားေတြ ပိုထိခိုက္မွာ။ သူေဌးတေယာက္ လုပ္ ငန္းပိတ္လိုက္လို႔ မမြဲသြားဘူးဗ်။ ဆင္းရဲသားတေယာက္ အလုပ္ေပ်ာက္တာက လမ္းေပၚေရာက္သြားမွာ ဟု သူက ဆိုသည္။

ဗဟိုဘဏ္၏ စီမံေဆာင္ရြက္မႈသည္ ျမန္မာနိုင္ငံအတြင္း နိုင္ငံျခားေငြလည္ပတ္ေနရာတြင္ ေဒၚလာကိုသာ စံအျဖစ္ လုပ္ကိုင္ေနမႈကို ေဒၚလာအစား တ႐ုတ္ယြမ္ကို အစားထိုးသုံးစြဲရန္ စီမံေနသည့္ အေနအထားမ်ိဳး ျမင္ေတြ႕လာရေၾကာင္း၊ တ႐ုတ္ယြမ္ကိုလည္း ျပည္တြင္းဘဏ္ ၄ ခုႏွင့္ နိုင္ငံျခားဘဏ္ ၂ ခုတို႔တြင္ အေကာင့္မ်ား ဖြင့္ခြင့္ေပးခဲ့ၿပီး ကနဦးအျဖစ္ ကနဦးစမ္းသပ္မႈအျဖစ္ ယြမ္ ၄ ဘီလီယံကို တ႐ုတ္မွ ေထာက္ပံ့ေပးထားၿပီး ပထမအသုတ္အ ေနျဖင့္ ယြမ္သန္း ၆၅ဝ(ေဒၚလာသန္း ၁ဝဝ) ကို အာ ဏာသိမ္း စစ္ေကာင္စီထံသို႔ က်ားကန္ေပးထားၿပီးျဖစ္ ေၾကာင္း ျပည္တြင္း စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ထံမွ သိရသည္။@AYAT