ၾကားသိသမွ်

ကျောက်ဆည်ရှိ စစ်အုပ်စုကင်းဂိတ်ကို တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် စကစ (၁၂)ဦးေ-သ

ကျောက်ဆည်ရှိ စစ်အုပ်စုကင်းဂိတ်ကို တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် စကစ (၁၂)ဦးသေ

MFP ၊ ဧပြီ – ၈

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အုပ်စုကင်းဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ (၇)ရက်နေ့ ည (၁)နာရီခွဲအချိန်မှာ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင် ကင်းဂိတ်ကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နဲ့ People Revolution Force Kyaukse (PRFK)တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် (၁၂) ယောက် သေဆုံးတယ်လို့ ကနဦးသိရှိရပြီး နောက်ထပ် သေဆုံးစာရင်းကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ဟာ ကျောက်ဆည်ခရိုင်အတွင်းမှာ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး မတ်လ (၂၅)ရက်နေ့က ကျောက်ဆည် စက်မှု(၁)ရဲစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ” ကျောက်ဆည်သားတွေကြောက်တာ မိန်းမပဲရှိတယ် ” ဆိုတဲ့ စကားကြောင့် ပြည်သူတွေကြား လူပိုသိလာတဲ့အဖွဲ့ ဖြစ်ပါတယ်။

ေက်ာက္ဆည္ရွိ စစ္အုပ္စုကင္းဂိတ္ကို တိုက္ခိုက္ခံရၿပီး ဗိုလ္မႉးအဆင့္အပါအဝင္ စကစ (၁၂)ဦးေသ

MFP ၊ ဧၿပီ – ၈

မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕နယ္မွာ ေတာ္လွန္သၾကၤန္အျဖစ္ စစ္အုပ္စုကင္းဂိတ္ တိုက္ခိုက္ခံရၿပီး ဗိုလ္မႉးတစ္ဦးအပါအဝင္ (၁၂)ဦး ေသဆုံးခဲ့တယ္လို႔ ေက်ာက္ဆည္နဂါးနီအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဧၿပီလ (၇)ရက္ေန႔ ည (၁)နာရီခြဲအခ်ိန္မွာ ေက်ာက္ဆည္ၿမိဳ႕နယ္ ေဖ်ာက္ဆိပ္ပင္ ကင္းဂိတ္ကို ေက်ာက္ဆည္နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕နဲ႔ People Revolution Force Kyaukse (PRFK)တပ္ဖြဲ႕တို႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ ဗိုလ္မႉးတစ္ဦး အပါအဝင္ စစ္ေကာင္စီအဖြဲ႕ဝင္ (၁၂) ေယာက္ ေသဆုံးတယ္လို႔ ကနဦးသိရွိရၿပီး ေနာက္ထပ္ ေသဆုံးစာရင္းကို ဆက္လက္စုံစမ္းေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေက်ာက္ဆည္နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕ဟာ ေက်ာက္ဆည္ခရိုင္အတြင္းမွာ စစ္အုပ္စုကို တိုက္ခိုက္ေနတဲ့အဖြဲ႕ျဖစ္ၿပီး မတ္လ (၂၅)ရက္ေန႔က ေက်ာက္ဆည္ စက္မႈ(၁)ရဲစခန္းကို တိုက္ခိုက္ခဲ့ရာမွာ ” ေက်ာက္ဆည္သားေတြေၾကာက္တာ မိန္းမပဲရွိတယ္ ” ဆိုတဲ့ စကားေၾကာင့္ ျပည္သူေတြၾကား လူပိုသိလာတဲ့အဖြဲ႕ ျဖစ္ပါတယ္။