ၾကားသိသမွ်

တန့်ဆည်မြို့ပေါ် မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အရာရှိအဆင့် ထွေအုပ်အပါအဝင် ပုခုံးပေါ် သုံးပွင့်တင်ထားတဲ့ စစ်သားနှင့်ရဲတွေ ထိခိုက် ေဆုံး၊

တန့်ဆည်မြို့ပေါ် မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အရာရှိအဆင့် ထွေအုပ်၊ စစ်၊ ရဲတွေ ထိခိုက်သေဆုံး၊

ဧပြီ – ၈

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်အုပ်စုကို မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ မြို့နယ်အဆင့် ထွေအုပ် အရာရှိတစ်ဦး အပါအဝင် ပုခုံးပေါ် သုံးပွင့်တင်ထားတဲ့ စစ်သားနှင့် ရဲတစ်ဦး၊ စုစုပေါင်း သုံးဦးအနက် နှစ်ဦးသေပြီး တစ်ဦးလက်ပြတ်သွားတယ်လို့ တန့်ဆည်ဖီးနစ် (Phoenix Defence Force-Taze)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဧပြီ(၈)ရက် မနက်(၉)နာရီ ဝန်းကျင်က တန့်ဆည်မြို့ ရွှေဥယျာဉ် အနီးမှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေက လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို အတင်းအကြပ် ဖမ်းဆီးပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေချိန်မှာ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃) ဖြစ်တဲ့ တန့်ဆည်ဖီးနစ် (Phoenix Defence Force – Taze) က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ရာ အပြင်းအထန် ထိခိုက်ဒါဏ်ရာများ ရရှိသွားကြပါသည်။ မိုင်းဧရိယာနှင့် အနီးဆုံးတွင် ထိုင်နေသာ ထွေအုပ်အကြီးအကဲ၊ သုံးပွင့်အရာရှိ စစ်ခွေးနှင့် သုံးပွင့်ရဲခွေး တို့အနက် နှစ်ကောင် သေ၍ တစ်ကောင် လက်ပြတ်သွားကြောင်း” လို့ တန့်ဆည်ဖီးနစ်က ဖော်ပြပါတယ်။

ဒါ့အပြင် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် Non CDM ဆရာမတစ်ဦး ထိုင်နေတဲ့ ထိုင်ခုံ ထိခိုက်ပျက်စီးသွားသလို လက်မှာ ဒါဏ်ရာရရှိသွားကြောင်း၊ အခြား ဝန်ထမ်းတွေလည်း ထိခိုက်ဒါဏ်ရာတွေ ရရှိပြီး၊ မိုင်းဇုံအတွင်းမှာ ဖိနပ်တစ်ရံနှင့် သွေးအစအနတွေ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ(၉)ရက် ည(၁၁)နာရီဝန်းကျင်ကလည်း တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာအတွင်း အထိုင်ချနေတဲ့ စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ Guerrilla Warfare KPK တပ်ဖွဲ့၊ တန့်ဆည်ဖီးနစ် (Phoenix Defence Force Taze) တပ်ဖွဲ့၊ မူးမြစ်ဝှမ်းလွင်ပြင် ပြောက်ကျားတပ်ဖွဲ့ နှင့် ပအဖ ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က နှစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ Guerrilla Warfare K.P.K တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တန့်ဆည်နယ် အင်္ကုက္ကားရွာဟာ ပျူတွေ ကြီးစိုးသောင်းကျန်းနေတဲ့ ရွာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တန့်ဆည်နယ်အပါအဝင် ရွှေဘိုခရိုင်အတွင်းက ရွာတွေကို ရွာစသ်ပတ်မွှေကာ အကြမ်းဖက်စီးနင်းပြီး လူသတ်၊ ဓားပြတိုက်လုယက်ခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးနှိပ်စက်ငွေညှစ် တာတွေ ကျူးလွန်နေပါတယ်။ MFP

တန့်ဆည်မြို့လယ် ဗိုလ်ချုပ်ကြေးရုပ် (ပုံဟောင်း)/Photo – CJ

တန႔္ဆည္ၿမိဳ႕ေပၚ မိုင္းခြဲတိုက္ခိုက္လို႔ စစ္ေကာင္စီ လက္ေအာက္ခံ ၿမိဳ႕နယ္အရာရွိအဆင့္ ေထြအုပ္၊ စစ္၊ ရဲေတြ ထိခိုက္ေသဆုံး၊

ဧၿပီ – ၈

စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ တန႔္ဆည္ၿမိဳ႕ေပၚမွာ ဒီကေန႔ မနက္ပိုင္းက စစ္အုပ္စုကို မိုင္းေထာင္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာမွာ ၿမိဳ႕နယ္အဆင့္ ေထြအုပ္ အရာရွိတစ္ဦး အပါအဝင္ ပုခုံးေပၚ သုံးပြင့္တင္ထားတဲ့ စစ္သားႏွင့္ ရဲတစ္ဦး၊ စုစုေပါင္း သုံးဦးအနက္ ႏွစ္ဦးေသၿပီး တစ္ဦးလက္ျပတ္သြားတယ္လို႔ တန႔္ဆည္ဖီးနစ္ (Phoenix Defence Force-Taze)က သတင္းထုတ္ျပန္ပါတယ္။

ဒီကေန႔ ဧၿပီ(၈)ရက္ မနက္(၉)နာရီ ဝန္းက်င္က တန႔္ဆည္ၿမိဳ႕ ေရႊဥယ်ာဥ္ အနီးမွာ စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းေတြက လမ္းသြားလမ္းလာ ခရီးသြားျပည္သူေတြကို အတင္းအၾကပ္ ဖမ္းဆီးၿပီး ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးေနခ်ိန္မွာ တန႔္ဆည္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ တပ္မဟာ(၂)၊ တပ္ရင္း(၇)၊ တပ္ခြဲ(၃) ျဖစ္တဲ့ တန႔္ဆည္ဖီးနစ္ (Phoenix Defence Force – Taze) က မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“မိုင္းဆြဲတိုက္ခိုက္ရာ အျပင္းအထန္ ထိခိုက္ဒါဏ္ရာမ်ား ရရွိသြားၾကပါသည္။ မိုင္းဧရိယာႏွင့္ အနီးဆုံးတြင္ ထိုင္ေနသာ ေထြအုပ္အႀကီးအကဲ၊ သုံးပြင့္အရာရွိ စစ္ေခြးႏွင့္ သုံးပြင့္ရဲေခြး တို႔အနက္ ႏွစ္ေကာင္ ေသ၍ တစ္ေကာင္ လက္ျပတ္သြားေၾကာင္း” လို႔ တန႔္ဆည္ဖီးနစ္က ေဖာ္ျပပါတယ္။

ဒါ့အျပင္ မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္မႈေၾကာင့္ Non CDM ဆရာမတစ္ဦး ထိုင္ေနတဲ့ ထိုင္ခုံ ထိခိုက္ပ်က္စီးသြားသလို လက္မွာ ဒါဏ္ရာရရွိသြားေၾကာင္း၊ အျခား ဝန္ထမ္းေတြလည္း ထိခိုက္ဒါဏ္ရာေတြ ရရွိၿပီး၊ မိုင္းဇုံအတြင္းမွာ ဖိနပ္တစ္ရံႏွင့္ ေသြးအစအနေတြ က်န္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး MFP အေနနဲ႔ သီးျခား အတည္ျပဳနိုင္တာေတာ့ မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ဧၿပီ(၉)ရက္ ည(၁၁)နာရီဝန္းက်င္ကလည္း တန႔္ဆည္ၿမိဳ႕နယ္ အကၤဳကၠားရြာအတြင္း အထိုင္ခ်ေနတဲ့ စစ္အုပ္စုကို ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြ ျဖစ္တဲ့ Guerrilla Warfare KPK တပ္ဖြဲ႕၊ တန႔္ဆည္ဖီးနစ္ (Phoenix Defence Force Taze) တပ္ဖြဲ႕၊ မူးျမစ္ဝွမ္းလြင္ျပင္ ေျပာက္က်ားတပ္ဖြဲ႕ ႏွင့္ ပအဖ ပူးေပါင္းတပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာမွာ စစ္အုပ္စုဘက္က ႏွစ္ဦး ေသၿပီး ႏွစ္ဦး ဒဏ္ရာရသြားတယ္လို႔ Guerrilla Warfare K.P.K တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

တန႔္ဆည္နယ္ အကၤဳကၠားရြာဟာ ပ်ဴေတြ ႀကီးစိုးေသာင္းက်န္းေနတဲ့ ရြာျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ စစ္အုပ္စုက တန႔္ဆည္နယ္အပါအဝင္ ေရႊဘိုခရိုင္အတြင္းက ရြာေတြကို ရြာစသ္ပတ္ေမႊကာ အၾကမ္းဖက္စီးနင္းၿပီး လူသတ္၊ ဓားျပတိုက္လုယက္ခိုးယူ၊ ေနအိမ္မီးရွို႔၊ ဖမ္းဆီးႏွိပ္စက္ေငြညႇစ္ တာေတြ က်ဴးလြန္ေနပါတယ္။ MFP

တန႔္ဆည္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ (ပုံေဟာင္း)/Photo – CJ