ၾကားသိသမွ်

၄ နှစ်ကလေးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးဓားစားခံလုပ်ခြင်းကိစ္စ ကုလညီလာခံမှာ သံအမတ်ကြီး ဖွင့်ချ

၄ နှစ်ကလေးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးဓားစားခံလုပ်ခြင်းကိစ္စ ကုလညီလာခံမှာ သံအမတ်ကြီး ဖွင့်ချ

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို အလုံမြို့နယ်က မူကြိုကျောင်းထဲ အကြမ်းဖက်စစ်တပ်က ဝင်ရောက် ဖမ်းဆီးဓားစားခံလုပ်ခြင်းအပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖွင့်ချခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဧပြီ ၇ ရက်နေ့က ကျင်းပတဲ့ ယူကရိန်းနိုင်ငံ အခြေအနေနဲ့ စပ်လျဉ်းတဲ့ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မူကြိုကျောင်းထဲ အတင်းဝင်ရောက်ကာ ကလေးတွေနဲ့ ဆရာ/ဆရာမတွေကို ဒူးထောက်စေခဲ့ပြီးနောက် အသက် (၄) နှစ်အရွယ်ကလေး မောင်ဘုန်းသန့်ဝေယံကို ဖမ်းဆီးခဲ့ကြောင်း၊ ကလေးရဲ့မိဘများဖြစ်သူဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ စစ်တပ်ဆန့်ကျင်ရေးမှာ ပါဝင်သူတွေအဖြစ် ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်ရာ အသက် (၄) နှစ် အရွယ်ကလေးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ အဲဒီလို လူမဆန်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အချိန်မီ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်းသံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ လျော့နည်းသွားခြင်း မရှိပေမဲ့ ပြစ်မှုကျူးလွန်သူတွေဟာ သူတို့ပြစ်ဒဏ်ချမှတ်ခံရမှာ မဟုတ်ဘူးလို့ သိရှိထားတဲ့အတွက် သူတို့ရဲ့လုပ်ရပ်တွေ ရပ်တန့်မှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ ဘယ်သူမဆို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး အပါအဝင် တရားစီရင်ရေး ယန္တရားတွေအောက်မှာ တာဝန်ခံမှုရှိရမှာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနှင့် ထောက်ခံမှုပြုဖို့ တိုက်တွန်းကြောင်းလည်းဆိုပါတယ်။

တရားမဝင် စစ်တပ်အာဏာရှင်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ ယူကရိန်းပြည်သူတွေရဲ့ စစ်ဘေးသင့် ပုံရိပ်တွေအပေါ် ကိုယ်ချင်းစာနာမိကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းပုံရိပ်တွေကြောင့် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအနက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ကနီမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ခရစ္စမတ် အကြိုနေ့၊ ဖရူဆိုမြို့နယ် အတွင်းလူမဆန်တဲ့ သတ်ဖြတ်မှု၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ မတူပီမြို့နယ်မှာ အဓမ္မဖမ်းဆီးခြင်းနဲ့ ရိုက်နှက်သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးခြင်းနဲ့ပြည်သူ့အိုးအိမ်ပစ္စည်းတွေ ဖျက်ဆီးခြင်း စတာတွေကို ထပ်လောင်း သတိရစေကြောင်း၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေနဲ့ တခြားကျွမ်းကျင်သူတွေက အဲဒီပြစ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်နိုင်တယ်လို့ ကောက်ချက်ချထားကြောင်းလည်းသံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ထပ်တလဲလဲ တောင်းဆိုချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှု ချက်ချင်းရပ်တန့်ရေးကို မြန်မာနိုင်ငံက ထပ်လောင်းတောင်းဆိုကြောင်း ပြောကြားခဲ့သလို မြန်မာပြည်သူတွေအနေနဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်နေကြောင်းလည်း ပြောကြားပါတယ်။

ယူကရိန်းနိုင်ငံအခြေအနေနဲ့ စပ်လျဉ်းတဲ့ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးမှာ တင်သွင်းတဲ့ ယူကရိန်းနိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရုရှားဖယ်ဒရေးရှင်းကို ဆိုင်းငံ့ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ကာ ထောက်ခံမဲပေးခဲ့ပါတယ်။

အဲဒီ အဆိုမူကြမ်းကို ထောက်ခံမဲ (၉၃) မဲ၊ ကန့်ကွက်မဲ (၂၄) မဲ၊ ကြားနေမဲ (၅၈) မဲဖြင့် အတည်ပြုခဲ့ပါတယ်။#DNA

၄ ႏွစ္ကေလးကို အၾကမ္းဖက္စစ္တပ္က ဖမ္းဆီးဓားစားခံလုပ္ျခင္းကိစၥ ကုလညီလာခံမွာ သံအမတ္ႀကီး ဖြင့္ခ်

အသက္ ၄ ႏွစ္အရြယ္ ကေလးငယ္ကို အလုံၿမိဳ႕နယ္က မူႀကိဳေက်ာင္းထဲ အၾကမ္းဖက္စစ္တပ္က ဝင္ေရာက္ ဖမ္းဆီးဓားစားခံလုပ္ျခင္းအေပၚ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလသမဂၢ အေထြေထြညီလာခံမွာ ဖြင့္ခ်ခဲ့ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ဧၿပီ ၇ ရက္ေန႔က က်င္းပတဲ့ ယူကရိန္းနိုင္ငံ အေျခအေနနဲ႔ စပ္လ်ဥ္းတဲ့ (၁၁) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အထူးအေရးေပၚအစည္းအေဝးမွာ မိန႔္ခြန္းေျပာၾကားစဥ္ အဲဒီလိုထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ ဧၿပီလ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ အလုံၿမိဳ႕နယ္ရွိ မူႀကိဳေက်ာင္းထဲ အတင္းဝင္ေရာက္ကာ ကေလးေတြနဲ႔ ဆရာ/ဆရာမေတြကို ဒူးေထာက္ေစခဲ့ၿပီးေနာက္ အသက္ (၄) ႏွစ္အရြယ္ကေလး ေမာင္ဘုန္းသန္႔ေဝယံကို ဖမ္းဆီးခဲ့ေၾကာင္း၊ ကေလးရဲ့မိဘမ်ားျဖစ္သူဟာ ဒီမိုကေရစီလႈပ္ရွားမႈနဲ႔ စစ္တပ္ဆန္႔က်င္ေရးမွာ ပါဝင္သူေတြအျဖစ္ ဖမ္းဝရမ္းထုတ္ခံထားရသူေတြျဖစ္ရာ အသက္ (၄) ႏွစ္ အရြယ္ကေလးကို ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း၊ အဲဒီလို လူမဆန္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ကို နိုင္ငံတကာအသိုက္အဝန္းအေနနဲ႔ အခ်ိန္မီ ခ်က္ခ်င္းအေရးယူေဆာင္ရြက္ဖို႔ လိုအပ္ေနေၾကာင္းသံအမတ္ႀကီးက ေျပာပါတယ္။

ျမန္မာျပည္သူေတြအေပၚ စစ္တပ္ရဲ့ တိုက္ခိုက္မႈေတြဟာ ေလ်ာ့နည္းသြားျခင္း မရွိေပမဲ့ ျပစ္မႈက်ဴးလြန္သူေတြဟာ သူတို႔ျပစ္ဒဏ္ခ်မွတ္ခံရမွာ မဟုတ္ဘူးလို႔ သိရွိထားတဲ့အတြက္ သူတို႔ရဲ့လုပ္ရပ္ေတြ ရပ္တန္႔မွာမဟုတ္ေၾကာင္းလည္း ေျပာပါတယ္။

ျပစ္မႈက်ဴးလြန္တဲ့ ဘယ္သူမဆို အျပည္ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ရာတရား႐ုံး အပါအဝင္ တရားစီရင္ေရး ယႏၲရားေတြေအာက္မွာ တာဝန္ခံမႈရွိရမွာျဖစ္ၿပီး ကုလသမဂၢအဖြဲ႕ဝင္နိုင္ငံေတြအေနႏွင့္ ေထာက္ခံမႈျပဳဖို႔ တိုက္တြန္းေၾကာင္းလည္းဆိုပါတယ္။

တရားမဝင္ စစ္တပ္အာဏာရွင္အုပ္စုရဲ့ အစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈနဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြဟာ ယူကရိန္းျပည္သူေတြရဲ့ စစ္ေဘးသင့္ ပုံရိပ္ေတြအေပၚ ကိုယ္ခ်င္းစာနာမိေၾကာင္းလည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယူကရိန္းပုံရိပ္ေတြေၾကာင့္ ျမန္မာစစ္တပ္ရဲ့ လူမဆန္တဲ့ လုပ္ရပ္ေတြအနက္ ၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ကနီၿမိဳ႕ အစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈ၊ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ခရစၥမတ္ အႀကိဳေန႔၊ ဖ႐ူဆိုၿမိဳ႕နယ္ အတြင္းလူမဆန္တဲ့ သတ္ျဖတ္မႈ၊ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ၊ မတူပီၿမိဳ႕နယ္မွာ အဓမၼဖမ္းဆီးျခင္းနဲ႔ ရိုက္ႏွက္သတ္ျဖတ္မႈ၊ မီးရွို႔ဖ်က္ဆီးျခင္းနဲ႔ျပည္သူ႔အိုးအိမ္ပစၥည္းေတြ ဖ်က္ဆီးျခင္း စတာေတြကို ထပ္ေလာင္း သတိရေစေၾကာင္း၊ ကုလသမဂၢ စုံစမ္းစစ္ေဆးသူေတြနဲ႔ တျခားကၽြမ္းက်င္သူေတြက အဲဒီျပစ္မႈေတြဟာ စစ္ရာဇဝတ္မႈနဲ႔ လူသားမ်ိဳးႏြယ္စုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေျမာက္နိုင္တယ္လို႔ ေကာက္ခ်က္ခ်ထားေၾကာင္းလည္းသံအမတ္ႀကီးက ေျပာပါတယ္။

ကုလသမဂၢအေထြေထြညီလာခံရဲ့ ထပ္တလဲလဲ ေတာင္းဆိုခ်က္ျဖစ္တဲ့ ယူကရိန္းနိုင္ငံအေပၚ က်ဴးေက်ာ္မႈ ခ်က္ခ်င္းရပ္တန္႔ေရးကို ျမန္မာနိုင္ငံက ထပ္ေလာင္းေတာင္းဆိုေၾကာင္း ေျပာၾကားခဲ့သလို ျမန္မာျပည္သူေတြအေနနဲ႔ ယူကရိန္းျပည္သူေတြနဲ႔အတူ ခိုင္မာစြာ ရပ္တည္ေနေၾကာင္းလည္း ေျပာၾကားပါတယ္။

ယူကရိန္းနိုင္ငံအေျခအေနနဲ႔ စပ္လ်ဥ္းတဲ့ (၁၁) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အထူးအေရးေပၚအစည္းအေဝးမွာ တင္သြင္းတဲ့ ယူကရိန္းနိုင္ငံအတြင္း ဆိုးရြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အဖြဲ႕ဝင္အျဖစ္ကေန ႐ုရွားဖယ္ဒေရးရွင္းကို ဆိုင္းငံ့ျခင္းဆိုင္ရာ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းနဲ႔ ပတ္သက္ၿပီး ျမန္မာနိုင္ငံက ပူးတြဲအဆိုရွင္အျဖစ္ပါဝင္ကာ ေထာက္ခံမဲေပးခဲ့ပါတယ္။

အဲဒီ အဆိုမူၾကမ္းကို ေထာက္ခံမဲ (၉၃) မဲ၊ ကန္႔ကြက္မဲ (၂၄) မဲ၊ ၾကားေနမဲ (၅၈) မဲျဖင့္ အတည္ျပဳခဲ့ပါတယ္။#DNA