ၾကားသိသမွ်

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ လုပ်ကြံမှုနဲ့ “ပျံလွှားအောင်”စစ်ဆင်ရေးကို အဆုံးသတ်လိုက်တဲ့အကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ လုပ်ကြံမှုနဲ့ “ပျံလွှားအောင်”စစ်ဆင်ရေးကို အဆုံးသတ်လိုက်တဲ့အကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယဥက္ကဌကို ဒီနေ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် ပျံလွှားအောင် စစ်ဆင်ရေးအောင်မြင်စွာ အဆုံးသတ်လိုက်ပြီလို့ NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ် ကဲရေးအဖွဲ့က လုပ်ကြံခဲ့တာဖြစ်ပါတယ်။
ပျံလွှားအောင် စစ်ဆင်ရေးအဆုံးသတ်လိုက်တဲ့အလားတူ ရန်ကုန် စစ်ဆင်ရေးပုံ သဏ္ဍန်အသစ် ကိုစတင်လိုက်ပြီလို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ ပျံလွှားအော င်စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ၇လအတွင်းမှာ ရန်ကုန်တိုင်း အတွင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ် ၁၁၂၈ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း အရှေ့ပိုင်းခရိုင်က အုပ်ချုပ်ရေးပစ်မှတ် ၁၃၉ ခု၊ စစ်ရေးပစ်မှတ် ၁၉၆ ခု၊စီးပွါးရေးပစ်မှတ် ၂၃ ခု တိုက်ခဲ့သလို၊ အနောက်ပိုင်းခရိုင်က အုပ်ချုပ် ရေးပစ်မှတ် ၇၆ ခု၊ စစ်ရေးပစ်မှတ် ၁၀၄ ခု၊ စီးပွါးရေးပစ်မှတ် ၂၆ ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်တောင်ပိုင်းခရိုင်က အုပ်ချုပ်ရေးပစ်မှတ် ၉၆ ခု၊ စစ်ရေးပစ်မှတ် ၁၀၂ ခု၊ စီးပွါးရေးပစ်မှတ်၂၄ ခုနဲ့ မြောက်ပိုင်းခရိုင်အတွင်းက အုပ်ချုပ်ရေးပစ်မှတ် ၁၃၂ ခု၊ စစ်ရေးပစ်မှတ် ၁၈၅ ခု၊ စီးပွါးရေး ပစ်မှတ်၂၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ “ပျံလွှားအောင်” စစ်ဆင်ရေးကို ကြီးကြပ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မဟာမိတ်မြေအောက် တော်လှန်ရေးအင်အားစုတွေ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ လက်တွဲ အကောင်အထည်ဖော်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ်ပေါင်း ၄၁၉ ခုကို တော်လှန် တိုက်ခိုက်နိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ #BVJ

ဗဟိုဘဏ္ဒုဥကၠ႒ လုပ္ႀကံမႈနဲ႔ “ပ်ံလႊားေအာင္”စစ္ဆင္ေရးကို အဆုံးသတ္လိုက္တဲ့အေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ ထုတ္ျပန္

အၾကမ္းဖက္စစ္ေကာင္စီခန႔္ ဗဟိုဘဏ္ ဒုတိယဥကၠဌကို ဒီေန႔ ပစ္ခတ္တိုက္ခိုက္ၿပီးတဲ့ေနာက္ ပ်ံလႊားေအာင္ စစ္ဆင္ေရးေအာင္ျမင္စြာ အဆုံးသတ္လိုက္ၿပီလို႔ NUGအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ခံ ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

ဒီထုတ္ျပန္ခ်က္အရ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြကို ရန္ကုန္တိုင္း စစ္ေဒသခြဲကြပ္ ကဲေရးအဖြဲ႕က လုပ္ႀကံခဲ့တာျဖစ္ပါတယ္။

ပ်ံလႊားေအာင္ စစ္ဆင္ေရးအဆုံးသတ္လိုက္တဲ့အလားတူ ရန္ကုန္ စစ္ဆင္ေရးပုံ သ႑န္အသစ္ ကိုစတင္လိုက္ၿပီလို႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာၾကားထားပါတယ္။

၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၇ ရက္ေန႔ကေန ၂၀၂၂ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔အထိ ပ်ံလႊားေအာ င္စစ္ဆင္ေရးကို လုပ္ေဆာင္ခဲ့ၿပီး စစ္ဆင္ေရးလုပ္ေဆာင္ခဲ့တဲ့ ၇လအတြင္းမွာ ရန္ကုန္တိုင္း အတြင္း စစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ စီးပြါးေရးပစ္မွတ္ ၁၁၂၈ ခုကို တိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

ဒီထုတ္ျပန္ခ်က္အရ ရန္ကုန္တိုင္းအတြင္း အေရွ႕ပိုင္းခရိုင္က အုပ္ခ်ဳပ္ေရးပစ္မွတ္ ၁၃၉ ခု၊ စစ္ေရးပစ္မွတ္ ၁၉၆ ခု၊စီးပြါးေရးပစ္မွတ္ ၂၃ ခု တိုက္ခဲ့သလို၊ အေနာက္ပိုင္းခရိုင္က အုပ္ခ်ဳပ္ ေရးပစ္မွတ္ ၇၆ ခု၊ စစ္ေရးပစ္မွတ္ ၁၀၄ ခု၊ စီးပြါးေရးပစ္မွတ္ ၂၆ ခုကို တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ေတာင္ပိုင္းခရိုင္က အုပ္ခ်ဳပ္ေရးပစ္မွတ္ ၉၆ ခု၊ စစ္ေရးပစ္မွတ္ ၁၀၂ ခု၊ စီးပြါးေရးပစ္မွတ္၂၄ ခုနဲ႔ ေျမာက္ပိုင္းခရိုင္အတြင္းက အုပ္ခ်ဳပ္ေရးပစ္မွတ္ ၁၃၂ ခု၊ စစ္ေရးပစ္မွတ္ ၁၈၅ ခု၊ စီးပြါးေရး ပစ္မွတ္၂၅ ခုကို တိုက္ခိုက္ခဲ့တယ္လို႔ လည္းေဖာ္ျပထားပါတယ္။

ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ဟာ “ပ်ံလႊားေအာင္” စစ္ဆင္ေရးကို ႀကီးၾကပ္ၿပီး ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ၊ မဟာမိတ္ေျမေအာက္ ေတာ္လွန္ေရးအင္အားစုေတြ၊ အထူးကြန္မန္ဒိုတပ္ဖြဲ႕ေတြနဲ႔ လက္တြဲ အေကာင္အထည္ေဖာ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီရဲ့ အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ စီးပြါးေရးပစ္မွတ္ေပါင္း ၄၁၉ ခုကို ေတာ္လွန္ တိုက္ခိုက္နိုင္ခဲ့ပါတယ္လို႔ ဆိုပါတယ္။ #BVJ