ၾကားသိသမွ်

ခံဝန်ထိုးပြီး အားလုံးပုံမှန်ဖြစ်နေသလို ဟိုပွဲတတ်ဒီပွဲတတ်လုပ်နေတဲ့သူတွေကို ပယ်ပယ်နယ်နယ် ဒဲ့ပြောလိုက်တဲ့ မင်းမော်ကွန်း

မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း
နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်

မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့်ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်


မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှုကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်

အခုတော့ ပွဲလေးတက်လိုက် စေ◌ျးလေးရောက်လိုက် ပုံမှန်ပြန်ဖြစ်နေတဲ့ ဘဝတူတွေကို ကိုကျော် ဆူပါပြီ


ဟေ့ကောင်တွေကို့ May ကိုယ် Lol တွေ
မင်းတို့ စကစနဲ့ ခံဝန်တွေ ထိုးပြီးရင်လဲ ငြိမ်နေကြလေကွ

ခုက အားလုံး ပုံမှန်ပြန်ဖြစ် နေသလိုနဲ့
ဟိုပွဲတက် ဒီပွဲတက် ဟိုရောင်း သည်ရောင်း

ပုံမှန် ပြန်ဖြစ်နေ သလိုမျိုး
တဖြေးဖြေး လုပ်လာ ကြရင် တော့
Leeee ပဲကွာ – လို့ ဆိုလိုက်တဲ့ မင်းမော်ကွန်း


အမှားများစွာနဲ့ ကျွန်တော်ဟာ တစ်သက်လုံး အမှတ်ရနေမယ့် အမှန်တရားတစ်ခုကို
လုပ်ခဲ့ဘူးပြီ ဓမ္မနဲ့အဓမ္မမှာ အားနည်းနေတဲ့ ဓမ္မဘက်ကရပ်တည်ခဲ့ဘူးပြီ

ကျွန်တော်လုပ်သမျှ အကောင်းဆုံတွေထဲမှာ ဒီအချက်ကိုအကျေနပ်ဆုံး အပျော်ရွှင်ရဆုံးပါ
ကျွန်တော် ကိုယ့်ကိုကိုယ် သူရဲကောင်းလို့လည်းမထင်မိပါ

ခုထိမှားနေဆဲ အမှားတွေ ရှိနေတုန်းပါ ရိုးရိုးသာမန်လူပါပဲ ဒါပေမယ့်
ရောက်လေရာအရပ်မှာ တွေ့တဲ့လူတွေရဲ့ အားပေးမှု နွေးထွေးကူညီမှု ချစ်ခင်မှု
စောင့်ရှောင့်မှုအပါအဝင် ခွင့်လွှတ်မှုတွေကိုပါ ရရှိခဲ့ပါတယ်

ကျွန်တော်နာမည်အကြီးဆုံးအချိန်တောင် ဒီလောက်မရခဲ့ဖူးပါ
ကျွန်တော်သိပ်ကျေနပ်ပါတယ် သိပ်ပျော်ရပါတယ် ကျွန်တော့်မိတ်ဆွေများကို သိပ်လေးစားချစ်ခင်ပါတယ်– မင်းမော်ကွန်း












credit; photo