ၾကားသိသမွ်

သင်္ကြန်ယိမ်းအတွက် ရဲတပ်ဖွဲ့များရဲ့ ဇနီးများ အကတိုက်နေရလို့ နေ့စဉ် စစ်ခေါင်းဆောင်ကို ကျိန်စာတိုက်နေ

သင်္ကြန်ယိမ်းအတွက် ရဲတပ်ဖွဲ့များရဲ့ ဇနီးများ အကတိုက်နေရလို့ နေ့စဉ် စစ်ခေါင်းဆောင်ကို ကျိန်စာတိုက်နေ

ဧရာဝတီ၊ ဧပြီလ ၇ ရက်

အာဏာသိမ်းစစ်ကောင်စီက ဖိအားပြုလုပ်နေတဲ့ သင်္ကြန်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များရဲ့ မိန်းမဖြစ်သူတွေကို သင်္ကြန်အကတိုက်ခိုင်းတာတွေပြုလုပ်နေလို့ နေ့စဉ်ဆိုသလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျိန်စာတိုက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အမျိုးသမီးရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေကိုပါ ဧပြီလဆန်းပိုင်းက စတင်ကာ သင်္ကြန်အကတိုက်ဖို့ခေါ်ယူခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေသိရပါတယ်။

“ နှစ်တိုင်းဆို ရဲမေတွေ သီးသန့်ကရတာ ဒီနှစ်မှာ ရဲတွေရဲ့ မိန်းမတွေပါ ခေါ်တာ တချို့ကျတော့လည်း အိုကြီး အိုမ ကလေးအမေတွေဖြစ်နေတော့ ကဖို့ရှက်တာတော့ ရှိတယ် သမီးတို့ဘက်မှာတော့ ဆဲတာ ကျိန်စာတိုက် တာမျိုးတော့ မရှိဘူး”လို့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းပြီး ၁ နှစ်အကြာမှာ ဖိအားပေးပြုလုပ်မယ့် သင်္ကြန်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတွေသာ မက စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေကိုပါ သင်္ကြန်ယိမ်းထွက်ဖို့အတွက် ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျိန်စာတိုက်တာတော့ မဟုတ်ဘူး ဒီတိုင်း ပင်ပန်းလာတဲ့အချိန် စိတ်က ထွက်ပေါက်ပေးပြီး ဆဲတာမျိုးပါ မအလ မြန်မြန်သေပါစေ သူအာဏာသိမ်းလိုက်မှ ငါတို့ဒီလိုလုပ်တာ သူမြန်မြန်သေမှအေးမှာ အဲ့လိုပြောတာ မျိုးတော့ ရှိတယ်”လို့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်အတွက် တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့အသီးသီးကို သင်္ကြန်ယိမ်းအဖွဲ့ ထွက်ဖို့ ညွှန်ကြားထားပြီး ယိမ်းအဖွဲ့အတွက် လူရွေးချိန်မှာ ဝတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို ချန်ထား တာကြောင့် လူလိုတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေကိုပါ ခေါ်ပြီး အကတိုက်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာ စစ်တိုင်း အခြေစိုက်တွေနဲ့ တိုင်းနဲ့ပြည်နယ်ရဲတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဧရာဝတီ

(ယခင်က ပုံအဟောင်းအား အသုံးပြုထားသည်)

သၾကၤန္ယိမ္းအတြက္ ရဲတပ္ဖြဲ႕မ်ားရဲ့ ဇနီးမ်ား အကတိုက္ေနရလို႔ ေန႔စဥ္ စစ္ေခါင္းေဆာင္ကို က်ိန္စာတိုက္ေန

ဧရာဝတီ၊ ဧၿပီလ ၇ ရက္

အာဏာသိမ္းစစ္ေကာင္စီက ဖိအားျပဳလုပ္ေနတဲ့ သၾကၤန္ပြဲအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ့ မိန္းမျဖစ္သူေတြကို သၾကၤန္အကတိုက္ခိုင္းတာေတြျပဳလုပ္ေနလို႔ ေန႔စဥ္ဆိုသလို အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ကို က်ိန္စာတိုက္တာေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္အင္အားမလုံေလာက္တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြရဲ့ မိန္းမေတြကိုပါ ဧၿပီလဆန္းပိုင္းက စတင္ကာ သၾကၤန္အကတိုက္ဖို႔ေခၚယူခဲ့တာလို႔ ရဲတပ္ဖြဲ႕အသိုင္းဝိုင္းကေနသိရပါတယ္။

“ ႏွစ္တိုင္းဆို ရဲေမေတြ သီးသန႔္ကရတာ ဒီႏွစ္မွာ ရဲေတြရဲ့ မိန္းမေတြပါ ေခၚတာ တခ်ိဳ႕က်ေတာ့လည္း အိုႀကီး အိုမ ကေလးအေမေတြျဖစ္ေနေတာ့ ကဖို႔ရွက္တာေတာ့ ရွိတယ္ သမီးတို႔ဘက္မွာေတာ့ ဆဲတာ က်ိန္စာတိုက္ တာမ်ိဳးေတာ့ မရွိဘူး”လို႔ ရဲတပ္ဖြဲ႕ဝင္အမ်ိဳးသမီးတဦးက ေျပာပါတယ္။

အာဏာသိမ္းၿပီး ၁ ႏွစ္အၾကာမွာ ဖိအားေပးျပဳလုပ္မယ့္ သၾကၤန္ပြဲအတြက္ ရဲတပ္ဖြဲ႕ဝင္အမ်ိဳးသမီးေတြသာ မက စစ္ေကာင္စီက ရဲတပ္ဖြဲ႕ဝင္ေတြရဲ့ မိန္းမေတြကိုပါ သၾကၤန္ယိမ္းထြက္ဖို႔အတြက္ ညႊန္ၾကားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“ က်ိန္စာတိုက္တာေတာ့ မဟုတ္ဘူး ဒီတိုင္း ပင္ပန္းလာတဲ့အခ်ိန္ စိတ္က ထြက္ေပါက္ေပးၿပီး ဆဲတာမ်ိဳးပါ မအလ ျမန္ျမန္ေသပါေစ သူအာဏာသိမ္းလိုက္မွ ငါတို႔ဒီလိုလုပ္တာ သူျမန္ျမန္ေသမွေအးမွာ အဲ့လိုေျပာတာ မ်ိဳးေတာ့ ရွိတယ္”လို႔ ရဲတပ္ဖြဲ႕ဝင္အမ်ိဳးသမီးတဦးက ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက ျပဳလုပ္မယ့္အတြက္ တိုင္းနဲ႔ျပည္နယ္ ရဲတပ္ဖြဲ႕အသီးသီးကို သၾကၤန္ယိမ္းအဖြဲ႕ ထြက္ဖို႔ ညႊန္ၾကားထားၿပီး ယိမ္းအဖြဲ႕အတြက္ လူေရြးခ်ိန္မွာ ဝတဲ့ အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္ေတြကို ခ်န္ထား တာေၾကာင့္ လူလိုတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ဝင္ေတြရဲ့ မိန္းမေတြကိုပါ ေခၚၿပီး အကတိုက္ေနရတာျဖစ္တယ္လို႔ ဆိုပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက သၾကၤန္ကို တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ျပဳလုပ္ဖို႔အတြက္ သက္ဆိုင္ရာ စစ္တိုင္း အေျခစိုက္ေတြနဲ႔ တိုင္းနဲ႔ျပည္နယ္ရဲတပ္ဖြဲ႕ေတြကို ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။ ဧရာဝတီ

(ယခင္က ပုံအေဟာင္းအား အသုံးျပဳထားသည္)