ၾကားသိသမွ်

စစ် ကောင်စီခန့်ဗဟိုဘဏ်ဒုဥက္ကဌ အိမ်တွင် သေနတ်ဖြင့်ပစ်ခံရ

စစ် ကောင်စီခန့်ဗဟိုဘဏ်ဒုဥက္ကဌ အိမ်တွင် သေနတ်ဖြင့်ပစ်ခံရ

ဧပြီလ ၇ ရက်

အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ယ နေ့နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို၊ ဗဟန်းမြိုနယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိကိုမူမသိရ သေး ပေ။

ဒေါ်သန်းသန်း ဆွေကို မည်သူက၊မည်သည့်အဖွဲအစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိ့မည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ ပေ။

ဒေါ်သန်းသန်းဆွေသည် အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်းပုဂ္ဂိုလ်များတွင် ပထမဦးဆုံး သေနတ်ဖြင့်ပစ်ခံရသူဖြစ်လာသည်။

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် ပြည်တွင်းဘဏ်များကို ကိုင်တွယ်ရသည့် ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ဘဏ်များရှိ အများပြည်သူငွေများကို ကန့်သတ်ခြင်း၊ CDMဘဏ်ဝန်ထမ်းများကို အရေးယူရန် ဖိအားပေး စသည့်တိုကို ဦး ဆောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်ဟု ဘဏ်အသိုင်းအဝိုင်းမှသိရသည်။@PS

စစ္ ေကာင္စီခန္႔ဗဟိုဘဏ္ဒုဥကၠဌ အိမ္တြင္ ေသနတ္ျဖင့္ပစ္ခံရ

ဧၿပီလ ၇ ရက္

အာဏာသိမ္းစစ္ေကာင္စီခန႔္ ဗဟိုဘဏ္ဒုတိယဥကၠဌ ေဒၚသန္းသန္းေဆြ ေနအိမ္တြင္ ယ ေန႔နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္ခတ္ခံလိုက္ရေၾကာင္း စုံစမ္းသိရွိရသည္။

ရန္ကုန္ၿမိဳ၊ ဗဟန္းၿမိဳနယ္ ေရႊဂုဏ္ရိပ္မြန္အိမ္ရာရွိ ေနအိမ္တြင္ ယေန႔ နံနက္ပိုင္း ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ေသဆုံးျခင္းရွိမရွိကိုမူမသိရ ေသး ေပ။

ေဒၚသန္းသန္း ေဆြကို မည္သူက၊မည္သည့္အဖြဲအစည္းကပစ္ခတ္လုပ္ႀကံသည္ကို ယခုအခ်ိန္အထိ့မည္သူကမၽွ ထုတ္ျပန္ျခင္းမရွိဘဲ မည့္သူက ပစ္ခတ္သည္ကိုလည္းမသိရွိရ ေပ။

ေဒၚသန္းသန္းေဆြသည္ အၾကမ္းဖက္စစ္ေကာင္စီခန႔္အပ္ထားသည့္ ျပည္ေထာင္စုအဆင့္ ရာထူးအႀကီးပိုင္းပုဂၢိဳလ္မ်ားတြင္ ပထမဦးဆုံး ေသနတ္ျဖင့္ပစ္ခံရသူျဖစ္လာသည္။

ေဒၚသန္းသန္းေဆြသည္ ဗဟိုဘဏ္တြင္ ျပည္တြင္းဘဏ္မ်ားကို ကိုင္တြယ္ရသည့္ ဒုတိယဥကၠဌတစ္ဦးျဖစ္ၿပီး ဘဏ္မ်ားရွိ အမ်ားျပည္သူေငြမ်ားကို ကန႔္သတ္ျခင္း၊ CDMဘဏ္ဝန္ထမ္းမ်ားကို အေရးယူရန္ ဖိအားေပး စသည့္တိုကို ဦး ေဆာင္ျပဳလုပ္ခဲ့သူတစ္ဦး ျဖစ္သည္ဟု ဘဏ္အသိုင္းအဝိုင္းမွသိရသည္။@PS