ၾကားသိသမွ်

သုံးပွင့်ဆိုင်ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ပေါ်တက်ဓားနဲ့ခုတ်

သုံးပွင့်ဆိုင်ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ပေါ်တက်ဓားနဲ့ခုတ်

Thanlwintimes – ဘန်ကောက် ၊ ဧပြီ ၇

ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။

ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ‘အဲ’နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက မိတ်ဆွေဖြစ်နေကြပြီးနှစ်ယောက်လုံးမှာ လက်တွဲဖော်တွေကိုယ်စီရှိနေကြပေမယ့် အဲ က အမ်း ကို အတူနေပေးဖို့တောင်းဆိုခဲ့ဖူးပေမယ့် အမျိုးသားဘက်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမကို ရှောင်နိုင်ဖို့အတွက် နောက်ဆုံးမှာ အမ်းဟာဘန်ကောက်မှ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပေမယ့် အမ်း ကတော့ ဒါကို လက်မလျှော့ဘဲ နွန်သဘူရီဒေသမှာရှိတဲ့ အဲရဲ့ဇနီးအိမ်ကိုသွားပြီး သူရဲ့ ဇနီးနဲ့ (၁၁)နှစ်အရွယ် သားငယ်ကိုလည်း လာရောက် ခြိမ်းခြောက်ခဲ့တယ်လို့ အဲက ပြောပါတယ်။

အဲက သူ့ဇနီးနဲ့ သားဆီ ခဏပြန်လာချိန်မှာ သူမက သူ့ကိုခြေရာခံမိပြီး နောက်ကျောမှာ ဓားရှည်တစ်လက်ဖွက်ကာ အိမ်တံခါးကို လာခေါက်ခဲ့ပါတယ်။ တံခါးဖွင့်ပေးလိုက်ချိန်မှာ အမ်းက သူမဟာ အဲတို့ဇနီးမောင်နှံနဲ့ သုံးပွင့်ဆိုင်ချစ်တင်းနှောချင်တယ်လို့ ပြောခဲ့ပါတယ်။

အဲတို့ဇနီးမောင်နှံက ဒါကို ငြင်းဆန်လိုက်ချိန်မှာတော့ သူမက ဓားကိုင်ပြီး အဲတို့ ကိုဓားနဲ့ခုတ်ဖို့ကြိုး စားခဲ့တာပါ။ အဲရဲ့ ဇနီးသည်က ဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး လူမှုကွန်ရက်မှာ ဖြန့်ချိခဲ့ရာ က လူကြည့်အများဆုံးဖြစ်သွားခဲ့ပါတယ်။

အမ်းဟာပုံမှန်မဟုတ်ဘဲ စိတ်ရောဂါလက္ခဏာတွေ ရှိနိုင်တယ်လို့ လည်း သူမက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲတို့စုံတွဲက ဒီကိစ္စကို ရဲမတိုင်ခဲ့ဘဲ ဘေးကင်းဖို့အတွက် အခြားပြည်နယ်သို့သာ ပြောင်းပြေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref:THAIGER .com

သုံးပြင့္ဆိုင္ခ်စ္တင္းေႏွာခြင့္ မရတဲ့ အမ်ိဳးသမီးက ဇနီးေမာင္ႏွံႏွစ္ေယာက္ကို အိမ္ေပၚတက္ဓားနဲ႔ခုတ္

Thanlwintimes – ဘန္ေကာက္ ၊ ဧၿပီ ၇

ထိုင္းနိုင္ငံ အလယ္ပိုင္း ဘက္ခ်ာဘြန္းျပည္နယ္ ျပည္နယ္မွာ အမ်ိဳးသမီးတစ္ေယာက္က သုံးပြင့္ဆိုင္ ခ်စ္တင္းေႏွာခြင့္ မရလို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ့အိမ္ေပၚတက္ ဓားနဲ႔ခုတ္ခဲ့တဲ့ သတင္းဟာ ထိုင္းလူမႈကြန္ယက္အသုံးျပဳသူေတြၾကားမွာ ေရပန္းအစားဆုံးသတင္းတစ္ခုျဖစ္ေနပါတယ္။

ဓားနဲ႔ခုတ္တဲ့ အမ်ိဳးသမီးဟာ အသက္( ၄၀ )အရြယ္ အမ္း လို႔အမည္ရသူျဖစ္ၿပီး သူမဟာ အဆိုပါဇနီးေမာင္ႏွံမွ ခင္ပြန္းျဖစ္တဲ့ အသက္ ၃၈ ႏွစ္အရြယ္ ‘အဲ’နဲ႔ လြန္ခဲ့တဲ့ တစ္ႏွစ္ကတည္းက မိတ္ေဆြျဖစ္ေနၾကၿပီးႏွစ္ေယာက္လုံးမွာ လက္တြဲေဖာ္ေတြကိုယ္စီရွိေနၾကေပမယ့္ အဲ က အမ္း ကို အတူေနေပးဖို႔ေတာင္းဆိုခဲ့ဖူးေပမယ့္ အမ်ိဳးသားဘက္က အႀကိမ္ႀကိမ္ ျငင္းဆန္ခဲ့ေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သူမကို ေရွာင္နိုင္ဖို႔အတြက္ ေနာက္ဆုံးမွာ အမ္းဟာဘန္ေကာက္မွ ထြက္ေျပးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ထိုင္းနိုင္ငံ အလယ္ပိုင္း ဘက္ခ်ာဘြန္းျပည္နယ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ခဲ့ေပမယ့္ အမ္း ကေတာ့ ဒါကို လက္မေလၽွာ့ဘဲ ႏြန္သဘူရီေဒသမွာရွိတဲ့ အဲရဲ့ဇနီးအိမ္ကိုသြားၿပီး သူရဲ့ ဇနီးနဲ႔ (၁၁)ႏွစ္အရြယ္ သားငယ္ကိုလည္း လာေရာက္ ၿခိမ္းေျခာက္ခဲ့တယ္လို႔ အဲက ေျပာပါတယ္။

အဲက သူ႔ဇနီးနဲ႔ သားဆီ ခဏျပန္လာခ်ိန္မွာ သူမက သူ႔ကိုေျခရာခံမိၿပီး ေနာက္ေက်ာမွာ ဓားရွည္တစ္လက္ဖြက္ကာ အိမ္တံခါးကို လာေခါက္ခဲ့ပါတယ္။ တံခါးဖြင့္ေပးလိုက္ခ်ိန္မွာ အမ္းက သူမဟာ အဲတို႔ဇနီးေမာင္ႏွံနဲ႔ သုံးပြင့္ဆိုင္ခ်စ္တင္းေႏွာခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။

အဲတို႔ဇနီးေမာင္ႏွံက ဒါကို ျငင္းဆန္လိုက္ခ်ိန္မွာေတာ့ သူမက ဓားကိုင္ၿပီး အဲတို႔ ကိုဓားနဲ႔ခုတ္ဖို႔ႀကိဳး စားခဲ့တာပါ။ အဲရဲ့ ဇနီးသည္က ဒီျဖစ္ရပ္ကို ဗီဒီယို ရိုက္ကူးထားခဲ့ၿပီး လူမႈကြန္ရက္မွာ ျဖန႔္ခ်ိခဲ့ရာ က လူၾကည့္အမ်ားဆုံးျဖစ္သြားခဲ့ပါတယ္။

အမ္းဟာပုံမွန္မဟုတ္ဘဲ စိတ္ေရာဂါလကၡဏာေတြ ရွိနိုင္တယ္လို႔ လည္း သူမက လူမႈကြန္ရက္မွာ ေျပာၾကားခဲ့ပါတယ္။ အဲတို႔စုံတြဲက ဒီကိစၥကို ရဲမတိုင္ခဲ့ဘဲ ေဘးကင္းဖို႔အတြက္ အျခားျပည္နယ္သို႔သာ ေျပာင္းေျပးခဲ့တယ္လို႔လည္း သိရပါတယ္။

Ref:THAIGER .com