ၾကားသိသမွ်

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းအရာရှိနှင့် NUG ဝန်ကြီးတို့ တွေ့ဆုံ

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းအရာရှိနှင့် NUG ဝန်ကြီးတို့ တွေ့ဆုံ

ဧရာဝတီ၊ ဧပြီ ၇ ၊ ၂၀၂၂

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အမေရိကန်အစိုးရ အမျိုးသား လုံခြုံရေးကောင်စီ၏ အရှေ့အာရှဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး Mr. Egatd Kavan တို့သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခု တွေ့ဆုံမှုတွင် အမေရိကန်အစိုးရနှင့် ဒေသအတွင်းမိတ်ဖက်နိုင်ငံများ ပူးပေါင်းပြီး မြန်မာ့နွေဦးတော်လှန် ရေးတွင် ကူညီနိုင်မည့် နည်းလမ်းများကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက သူ ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယမန်နေ့ကလည်း ဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ် မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနှင့်လည်း တွေ့ ဆုံထားသေးသည်။

ယခုလို တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး NUG ဘက်က အသေးစိတ် ထုတ်ပြန်လာခြင်း မရှိသေးပေ။

၂၀၂၂ ခုနှစ်၏ အမေရိကန် ဘဏ္ဍာရေး အသုံးစရိတ်တွင် NUG ကိုလည်း ထောက်ပံ့ကူညီမည့် ကိစ္စရပ်များ ပါဝင်သောကြောင့် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ ဆုံရန် ဝန်ကြီး ဦးအောင်မျိုးမင်း အပါအဝင် ကိုယ်စား လှယ်အဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ ယခုလ အစောပိုင်းက ရောက်ရှိကြခြင်း ဖြစ်သည်။

ပုံစာ- Mr. Egatd Kavan နှင့် NUG ဝန်ကြီးများ

အေမရိကန္ အမ်ိဳးသားလုံျခဳံေရးေကာင္စီ အႀကီးတန္းအရာရွိႏွင့္ NUG ဝန္ႀကီးတို႔ ေတြ႕ဆုံ

ဧရာဝတီ၊ ဧၿပီ ၇ ၊ ၂၀၂၂

အမ်ိဳးသား ညီညြတ္ေရး အစိုးရ (NUG) ၏ လူ႔အခြင့္ အေရးဆိုင္ရာ ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းႏွင့္ အေမရိကန္အစိုးရ အမ်ိဳးသား လုံျခဳံေရးေကာင္စီ၏ အေရွ႕အာရွဆိုင္ရာ အႀကီးတန္း ညႊန္ၾကားေရးမႉး Mr. Egatd Kavan တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီရွိ အိမ္ျဖဴေတာ္တြင္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ယခု ေတြ႕ဆုံမႈတြင္ အေမရိကန္အစိုးရႏွင့္ ေဒသအတြင္းမိတ္ဖက္နိုင္ငံမ်ား ပူးေပါင္းၿပီး ျမန္မာ့ေႏြဦးေတာ္လွန္ ေရးတြင္ ကူညီနိုင္မည့္ နည္းလမ္းမ်ားကို ပြင့္လင္းစြာ ေဆြးေႏြးနိုင္ခဲ့ေၾကာင္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက သူ ၏ လူမႈကြန္ရက္တြင္ ေရးသားထားသည္။

ယမန္ေန႔ကလည္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းဟာ အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ကမၻာလုံးဆိုင္ရာ ရာဇဝတ္ မႈႏွင့္ တရားမၽွတမႈဆိုင္ရာ သံအမတ္ႀကီးႏွင့္လည္း ေတြ႕ ဆုံထားေသးသည္။

ယခုလို ေတြ႕ဆုံမႈမ်ားႏွင့္ ပတ္သက္ၿပီး NUG ဘက္က အေသးစိတ္ ထုတ္ျပန္လာျခင္း မရွိေသးေပ။

၂၀၂၂ ခုႏွစ္၏ အေမရိကန္ ဘ႑ာေရး အသုံးစရိတ္တြင္ NUG ကိုလည္း ေထာက္ပံ့ကူညီမည့္ ကိစၥရပ္မ်ား ပါဝင္ေသာေၾကာင့္ အေမရိကန္အစိုးရ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ ဆုံရန္ ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း အပါအဝင္ ကိုယ္စား လွယ္အဖြဲ႕သည္ အေမရိကန္ ျပည္ေထာင္စုသို႔ ယခုလ အေစာပိုင္းက ေရာက္ရွိၾကျခင္း ျဖစ္သည္။

ပုံစာ- Mr. Egatd Kavan ႏွင့္ NUG ဝန္ႀကီးမ်ား