ၾကားသိသမွ်

ဝက်ဝံများပိုင်ရှင် ဦးအောင် ဝံကုတ်ခံရပြီး ဆုံးပါး

ဝက်ဝံများပိုင်ရှင် ဦးအောင် ဝံကုတ်ခံရပြီး သေဆုံး

မဲခေါင်၊ ဧပြီ ၇

ပဲခူးတိုင်း‌၊ တောင်ငူမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထီးလှိုင်လမ်းမ‌အနီးက မြင့်မိုရ်နန်းစားသောက် ဆိုင်ပိုင်ရှင်ဖြစ်သူ ဝက်ဝံများပိုင်ရှင် ဦးအောင် ယနေ့နံနက် ၃ နာရီခန့်တွင် ၎င်းမွေးမြူထားသည့် ဝက်ဝံနှစ်ကောင် ကုတ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။။

“သူ့အမျိုးသား ဝံကိုက်ခံရလို့လူအင်အား‌နဲ့လူနာတင်ယာဉ် လာကူပေးဖို့ ဖုန်းဆက်လာတယ်။ ဟိုရောက်တော့ ဝက်ဝံနှစ်ကောင်ခြေရင်းမှာ ကိုအောင်က သေဆုံးနေပြီ” ဟု တောင်ငူနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လူလတ်ပိုင်းအရွယ် ဦးကိုကိုအောင်သည် လွန်ခဲ့တဲ့ ၈ နှစ်ခန့်မှ စတင်ကာ ဝက်ဝံပေါက်စလေးတစ်ကောင် စတင်မွေးမြူခဲ့ရာမှ ယနေ့ ရန်ပြုတိုက်ခိုက်ခဲ့သည့် ဝက်ဝံအီစီကွေးနှင့် ချစ်ပိုတို့ကိုပါ မွေးမြူထားပြီး ၎င်းထံတွင် ဝက်ဝံ ၅ ကောင်၊ ၆ ကောင်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဝက်ဝံ ၂ ကောင်က တောစိတ်ဝင်နေတာ ဖြစ်မယ်။ အလောင်းသွားကောက်တော့လည်း အနားကပ်မရလို့ ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး ရှင်းခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ဦးအောင်မှာ ဒေသတွင်း တိချစ်သူဟု လူသိများပြီး ခွေးလေခွေးလွင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

ကုတ်သတ်သည့် ဝက်ဝံ ၂ ကောင်မှာ တိရိစ္ဆာန်မွေးမြူရေးဂေဟာ အငယ်စားတစ်ခုသို့ ပို့ဆောင်ထားရာမှ ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်စောင့်ရှောက်ခွင့် ရယူနိုင်ခဲ့ပြီး ၎င်းပိုင်သည့် စားသောက်ဆိုင်သို့ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

#MeKongNews

ဝက္ဝံမ်ားပိုင္ရွင္ ဦးေအာင္ ဝံကုတ္ခံရၿပီး ေသဆုံး

မဲေခါင္၊ ဧၿပီ ၇

ပဲခူးတိုင္း‌၊ ေတာင္ငူၿမိဳ႕နယ္၊ အမွတ္ ၁ ရပ္ကြက္၊ ထီးလွိုင္လမ္းမ‌အနီးက ျမင့္မိုရ္နန္းစားေသာက္ ဆိုင္ပိုင္ရွင္ျဖစ္သူ ဝက္ဝံမ်ားပိုင္ရွင္ ဦးေအာင္ ယေန႔နံနက္ ၃ နာရီခန္႔တြင္ ၎ေမြးျမဴထားသည့္ ဝက္ဝံႏွစ္ေကာင္ ကုတ္သတ္ခံလိုက္ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။။

“သူ႔အမ်ိဳးသား ဝံကိုက္ခံရလို႔လူအင္အား‌နဲ႔လူနာတင္ယာဥ္ လာကူေပးဖို႔ ဖုန္းဆက္လာတယ္။ ဟိုေရာက္ေတာ့ ဝက္ဝံႏွစ္ေကာင္ေျခရင္းမွာ ကိုေအာင္က ေသဆုံးေနၿပီ” ဟု ေတာင္ငူနာေရးကူညီမႈအသင္း တာဝန္ရွိသူတစ္ဦးက လူမႈကြန္ရက္တြင္ ေရးသားထားသည္။

လူလတ္ပိုင္းအရြယ္ ဦးကိုကိုေအာင္သည္ လြန္ခဲ့တဲ့ ၈ ႏွစ္ခန႔္မွ စတင္ကာ ဝက္ဝံေပါက္စေလးတစ္ေကာင္ စတင္ေမြးျမဴခဲ့ရာမွ ယေန႔ ရန္ျပဳတိုက္ခိုက္ခဲ့သည့္ ဝက္ဝံအီစီေကြးႏွင့္ ခ်စ္ပိုတို႔ကိုပါ ေမြးျမဴထားၿပီး ၎ထံတြင္ ဝက္ဝံ ၅ ေကာင္၊ ၆ ေကာင္ခန္႔ရွိေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“ဝက္ဝံ ၂ ေကာင္က ေတာစိတ္ဝင္ေနတာ ျဖစ္မယ္။ အေလာင္းသြားေကာက္ေတာ့လည္း အနားကပ္မရလို႔ ဦးေခါင္းကို ေသနတ္နဲ႔ပစ္ၿပီး ရွင္းခဲ့ရတယ္” ဟု ၎က ေျပာသည္။

ေသဆုံးသူ ဦးေအာင္မွာ ေဒသတြင္း တိခ်စ္သူဟု လူသိမ်ားၿပီး ေခြးေလေခြးလြင့္ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ေဆာင္ေနသူတစ္ဦးလည္းျဖစ္သည္။

ကုတ္သတ္သည့္ ဝက္ဝံ ၂ ေကာင္မွာ တိရိစၧာန္ေမြးျမဴေရးေဂဟာ အငယ္စားတစ္ခုသို႔ ပို႔ေဆာင္ထားရာမွ ၿပီးခဲ့သည့္ရက္ပိုင္းက ျပန္လည္ေစာင့္ေရွာက္ခြင့္ ရယူနိုင္ခဲ့ၿပီး ၎ပိုင္သည့္ စားေသာက္ဆိုင္သို႔ ျပန္လည္ေခၚယူခဲ့ျခင္းျဖစ္သည္။

#MeKongNews