ၾကားသိသမွ်

ဦးတေဇပိုင် ထူးအပန်းဖြေစခန်း၏ သင်္ကြန်မဏ္ဍာပ်တွင် အဆိုတော်များစွာ ပါဝင် သီဆိုဖျော်ဖြေမည်၊ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်း ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြရန် သာဒီးလူ ပြော

ဦးတေဇပိုင် ထူးအပန်းဖြေစခန်း၏ သင်္ကြန်မဏ္ဍာပ်တွင် အဆိုတော်များစွာ ပါဝင် သီဆိုဖျော်ဖြေမည်၊ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်း ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြရန် သာဒီးလူ ပြော

အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ထောက်ပံ့ပေးနေသည့် ဦးတေဇပိုင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ထူးအပန်းဖြေစခန်း(Htoo Resort)သင်္ကြန်မဏ္ဍာပ်တွင် စစ်ကောင်စီကိုထောက်ခံသည့် အဆိုတော်များ သွားရောက်‌ဖျော်ဖြေကြမည်ဖြစ် ကြောင်း သိရသည်။

၎င်းအဆိုတော်များမှာ သာဒီးလူ၊ ထူးအလ်လင်း၊ ဝန၊ အစွဏီ၊ မိုးမိုး၊ ဝီလျှံ၊ D ဖြိုး၊ ဆိုတေး၊ ဂျင်းနီ၊ နေလင်းကျော်၊ စစါသူ၊ ညလင်းထယ်၊ မိုးထက်ပိုင်၊ သားဖြိုးလင်း၊ Chocolate၊ Snow၊ Su တို့ပါကြောင်း သိရသည်။

လူဦးရေအကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုမည်ဟုလည်း ထူးအပန်း ဖြေစခန်းက ထုတ်ပြန်ထားသည်။

“ဒီအချိန်မှာ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်းက ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ ရမည်းသင်းမြို့မှာ ရှိတဲ့ ‘ထူး’ အပန်းဖြေစခန်းမှာ ဒီလူတွေနဲ့ ဒီနှစ်သင်္ကြန် တစ်တွင်းလုံးရှိနေပါမယ်။”ဟု သာဒီးလူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သာဒီလူသည် ၂၀၂၁ ခုနှစ် ဇွန်လ(၁၉)ရက်က ‌နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် Happy 76th birthday ဟုဆိုကာ ဒေါ်အောင်စုကြည်ပုံနှင့်တကွ လူမှုကွန်ယက် စာမျက်နှာ၌ ဖြန့်ဝေခဲ့သူဖြစ်သည်။

ရမည်းသင်းမြို့နယ်သည် စစ်တပ်အား အာဏာသိမ်းရန်တိုက်တွန်းခဲ့သည့် ကြံ့ဖွံ့ပါတီ အား‌ကောင်းရာဒေသဖြစ်ပြီး သွားရောက်ဖျော်ဖြေမည့် အဆို‌တော်များကို ပရိသတ်များက ဝေဖန်မှုများ လည်းရှိနေသည်။

Civil Guerrilla Force_YGN ကလည်း သာဒီးလူ၏ လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ရှုံ့ချထားပြီး လူမှုရေးပြစ်ဒဏ်ခတ်ရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။

“မိမိကိုယ်တိုင် လှိုင်သာယာသားဖြစ်သည့်တိုင် အသက်ပေါင်းရာကျော်ဆုံးရှုံးခဲ့ရသော လှိုင်သာယာမြို့အား အလေးမထားခြင်း၊မထီမဲ့မြင်ပြုလုပ်ခြင်း၊ စစ်ဘေးဒဏ်ခံ၊ဒုက္ခခံနေရသူများ၏ အသက်၊ ဘဝများကို ငဲ့ကွက်စဉ်းစားပေးခြင်းမပြုပဲ စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲတော်တွင် ပါဝင်ပတ်သက်ခြင်း၊ ထောက်ပြပြောဆိုသော သူများအား မထီမဲ့မြင်ပြုလုပ်ခြင်း၊ အကျဉ်းချခံအနုပညာသမားများ၊တောထဲရောက် အိုးပစ်အိမ်ပစ် အနုပညာသမားများအား ကိုယ်ချင်းစာမှုမရှိခြင်းတို့ကြောင့် ပြင်းပြင်းထန် ထန် ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

ဒါအပြင် ၎င်း၏ တေးသီချင်းများ၊ ၎င်း နှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအား Boycott ပြုလုပ်ရန်နှင့် ၎င်းအား Social Punishment ပြုလိုက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

တော်လှန်ရေးအင်အားစုများက ယခုနှစ်ကျင်းပသည့်သင်္ကြန်ပွဲမှာအာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်ရန်အတွက်သာဖြစ်ပြီး ပြည်သူ များ မပါဝင်ကြရန် နှိုးဆော်ထားသည်။#TNA

ဦးေတဇပိုင္ ထူးအပန္းေျဖစခန္း၏ သၾကၤန္မ႑ာပ္တြင္ အဆိုေတာ္မ်ားစြာ ပါဝင္ သီဆိုေဖ်ာ္ေျဖမည္၊ သၾကၤန္ကို ပါဝင္ဆင္ႏႊဲျခင္း၊ မဆင္ႏႊဲျခင္း ကိုယ့္ဦးေႏွာက္နဲ႔ကိုသာ ဆုံးျဖတ္ၾကရန္ သာဒီးလူ ေျပာ

အာဏာသိမ္းစစ္ေကာင္စီအတြက္ လက္နက္ေထာက္ပံ့ေပးေနသည့္ ဦးေတဇပိုင္ မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္ရွိ ထူးအပန္းေျဖစခန္း(Htoo Resort)သၾကၤန္မ႑ာပ္တြင္ စစ္ေကာင္စီကိုေထာက္ခံသည့္ အဆိုေတာ္မ်ား သြားေရာက္‌ေဖ်ာ္ေျဖၾကမည္ျဖစ္ ေၾကာင္း သိရသည္။

၎အဆိုေတာ္မ်ားမွာ သာဒီးလူ၊ ထူးအလ္လင္း၊ ဝန၊ အစြဏီ၊ မိုးမိုး၊ ဝီလၽွံ၊ D ၿဖိဳး၊ ဆိုေတး၊ ဂ်င္းနီ၊ ေနလင္းေက်ာ္၊ စစါသူ၊ ညလင္းထယ္၊ မိုးထက္ပိုင္၊ သားၿဖိဳးလင္း၊ Chocolate၊ Snow၊ Su တို႔ပါေၾကာင္း သိရသည္။

လူဦးေရအကန္႔အသတ္ျဖင့္သာ ဝင္ခြင့္ျပဳမည္ဟုလည္း ထူးအပန္း ေျဖစခန္းက ထုတ္ျပန္ထားသည္။

“ဒီအခ်ိန္မွာ သၾကၤန္ကို ပါဝင္ဆင္ႏႊဲျခင္း၊ မဆင္ႏႊဲျခင္းက ကိုယ့္ဦးေႏွာက္နဲ႔ကိုသာ ဆုံးျဖတ္ၾကပါ။ ကၽြန္ေတာ္ကေတာ့ ရမည္းသင္းၿမိဳ႕မွာ ရွိတဲ့ ‘ထူး’ အပန္းေျဖစခန္းမွာ ဒီလူေတြနဲ႔ ဒီႏွစ္သၾကၤန္ တစ္တြင္းလုံးရွိေနပါမယ္။”ဟု သာဒီးလူက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

သာဒီလူသည္ ၂၀၂၁ ခုႏွစ္ ဇြန္လ(၁၉)ရက္က ‌နိုင္ငံေတာ္၏ အတိုင္ပင္ ခံပုဂၢိဳလ္ ‌ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔တြင္ Happy 76th birthday ဟုဆိုကာ ေဒၚေအာင္စုၾကည္ပုံႏွင့္တကြ လူမႈကြန္ယက္ စာမ်က္ႏွာ၌ ျဖန႔္ေဝခဲ့သူျဖစ္သည္။

ရမည္းသင္းၿမိဳ႕နယ္သည္ စစ္တပ္အား အာဏာသိမ္းရန္တိုက္တြန္းခဲ့သည့္ ႀကံ့ဖြံ့ပါတီ အား‌ေကာင္းရာေဒသျဖစ္ၿပီး သြားေရာက္ေဖ်ာ္ေျဖမည့္ အဆို‌ေတာ္မ်ားကို ပရိသတ္မ်ားက ေဝဖန္မႈမ်ား လည္းရွိေနသည္။

Civil Guerrilla Force_YGN ကလည္း သာဒီးလူ၏ လုပ္ရပ္မ်ားအား ျပင္းျပင္းထန္ထန္ ရႈံ႔ခ်ထားၿပီး လူမႈေရးျပစ္ဒဏ္ခတ္ရန္ ျပည္သူလူထုကို တိုက္တြန္းထားသည္။

“မိမိကိုယ္တိုင္ လွိုင္သာယာသားျဖစ္သည့္တိုင္ အသက္ေပါင္းရာေက်ာ္ဆုံးရႈံးခဲ့ရေသာ လွိုင္သာယာၿမိဳ႕အား အေလးမထားျခင္း၊မထီမဲ့ျမင္ျပဳလုပ္ျခင္း၊ စစ္ေဘးဒဏ္ခံ၊ဒုကၡခံေနရသူမ်ား၏ အသက္၊ ဘဝမ်ားကို ငဲ့ကြက္စဥ္းစားေပးျခင္းမျပဳပဲ စစ္ေကာင္စီအလိုက် သၾကၤန္ပြဲေတာ္တြင္ ပါဝင္ပတ္သက္ျခင္း၊ ေထာက္ျပေျပာဆိုေသာ သူမ်ားအား မထီမဲ့ျမင္ျပဳလုပ္ျခင္း၊ အက်ဥ္းခ်ခံအႏုပညာသမားမ်ား၊ေတာထဲေရာက္ အိုးပစ္အိမ္ပစ္ အႏုပညာသမားမ်ားအား ကိုယ္ခ်င္းစာမႈမရွိျခင္းတို႔ေၾကာင့္ ျပင္းျပင္းထန္ ထန္ ရႈံ႔ခ်ေၾကာင္း ထုတ္ျပန္ထားသည္။

ဒါအျပင္ ၎၏ ေတးသီခ်င္းမ်ား၊ ၎ ႏွင့္ဆက္စပ္ေသာ စီးပြါးေရးလုပ္ငန္းမ်ားအား Boycott ျပဳလုပ္ရန္ႏွင့္ ၎အား Social Punishment ျပဳလိုက္ရန္ တိုက္တြန္းႏွိုးေဆာ္ထားသည္။

ေတာ္လွန္ေရးအင္အားစုမ်ားက ယခုႏွစ္က်င္းပသည့္သၾကၤန္ပြဲမွာအာဏာသိမ္းစစ္ေကာင္စီက ဝါဒျဖန႔္ရန္အတြက္သာျဖစ္ၿပီး ျပည္သူ မ်ား မပါဝင္ၾကရန္ ႏွိုးေဆာ္ထားသည္။#TNA