ၾကားသိသမွ်

ငဖဲမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ နီးပါး ‌ေ.ဆုံး

ငဖဲမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ နီးပါး သေဆုံး

ငဖဲ၊ ဧပြီ ၆၊ ၂၀၂၂။

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ PRA မကွေးတို့ ထိတွေတိုက်ပွဲဖြစ်ပွားပြီး မိုင်းကွင်းထဲဝင်သွားတဲ့ စစ်အုပ်စု ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ People’s Revolution Alliance အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၃ ရက်ကတည်းက စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ သတင်းကိုကြိုသိထားလို့ ပြင်ဆင်မှုတွေလုပ်ထားခဲ့ပြီး ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

“ကျနော်တို့ မျှော်မှန်းထားသလိုပဲ ပြင်ဆင်ထားတဲ့ နေရာကို ရောက်တဲ့အချိန်မှာ ကနဦး မိုင်းဆွဲတိုက်ခိုက်ပြီးတော့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ပါတယ်” လို့ ဟာကျူလီက ပြောပါတယ်။ကြိုတင်ပြင်ဆင်မှုအပြင် မြေပြင်အနေအထားအရ အင်အား ၆၀၀ နီးပါးရှိတဲ့ စစ်ကြောင်းကို ခုခံချေမှုန်းထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“မှောက်ပြီးတော့ လုံးဝကိုပြန်မထနိုင်တာ ကျနော်တို့ရေတွက်ကြည့်တာ အယောက် ၂၀ ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က အင်အားများတော့ ကာပစ်ပစ်ပြီး အလောင်းတွေကို ခြေထောက်ကနေ ဆွဲတာတွေ လက်ကဆွဲတာတွေ ရရာဆွဲပြီး အလောင်းတွေ ပြန်ကောက်သွားပါတယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်ပါတယ်။ မိုင်းကွင်းထဲကို တည့်တည့်ကျသွားတာဆိုတော့ သူတို့လုံးဝကို မလှုပ်တော့ပါဘူး။ ကျဖို့ရာ ခိုင်နှုန်းအရမ်းများပါတယ်” လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

တိုက်ပွဲတွင်းမှာ PDF ဘက်က ရဲဘော် ၂ ဦး လက်နက်ကြီး အစထိမှန်ကာ ဒဏ်ရာအသေးစားရခဲ့ပြီး၊ ဆေးကုသမှုခံယူနေကာ စစ်ကောင်စီဘက်ကလည်း နောက်ထပ်စစ်အင်အားတွေ ထပ်ဖြည့်နေတယ်လို့ သိရပါတယ်။”စစ်ခွေးတွေကတော့ အင်အားတွေထပ်ပြီးတိုးချဲ့ပြီးတော့ ကျနော်တို့ကို အပြတ်ချေမှုန်းဖို့ ပြင်ဆင်နေပါတယ်” လို့ သူကဆက် ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ငဖဲမြို့အနောက်ဘက် ၁၆ မိုင်အကွာ၊ ရေယာဥ်တောင်ကြောမှာ ၂ ကြိမ်တိုက်ပွဲဖြစ်ခဲ့တာပါ၊ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို အချိန်မီသတင်းပေးနိုင်ဖို့ ကိုလည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ- People’s Revolution Alliance Magway
#မြေလတ်အသံ

ငဖဲၿမိဳ႕နယ္မွာ စစ္ေကာင္စီနဲ႔ PDF တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီဘက္က ၂၀ နီးပါး ေသဆုံး

ငဖဲ၊ ဧၿပီ ၆၊ ၂၀၂၂။

မေကြးတိုင္း၊ ငဖဲၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီနဲ႔ PRA မေကြးတို႔ ထိေတြတိုက္ပြဲျဖစ္ပြားၿပီး မိုင္းကြင္းထဲဝင္သြားတဲ့ စစ္အုပ္စု ၂၀ နီးပါးေသဆုံးခဲ့တယ္လို႔ People’s Revolution Alliance အဖြဲ႕ဆီက သိရပါတယ္။

ဧၿပီ ၃ ရက္ကတည္းက စစ္ေၾကာင္းထိုးဖို႔ျပင္ဆင္ေနတဲ့ စစ္ေကာင္စီတပ္ေတြရဲ့ သတင္းကိုႀကိဳသိထားလို႔ ျပင္ဆင္မႈေတြလုပ္ထားခဲ့ၿပီး ခုခံတိုက္ခိုက္နိုင္ခဲ့တာျဖစ္တယ္လို႔ PRA Magway စစ္ဦးစီးခ်ဳပ္ ဟာက်ဴလီက ေျပာပါတယ္။

“က်ေနာ္တို႔ ေမၽွာ္မွန္းထားသလိုပဲ ျပင္ဆင္ထားတဲ့ ေနရာကို ေရာက္တဲ့အခ်ိန္မွာ ကနဦး မိုင္းဆြဲတိုက္ခိုက္ၿပီးေတာ့ လက္နက္ငယ္ေတြနဲ႔ အျပန္အလွန္တိုက္ခိုက္ခဲ့ပါတယ္” လို႔ ဟာက်ဴလီက ေျပာပါတယ္။ႀကိဳတင္ျပင္ဆင္မႈအျပင္ ေျမျပင္အေနအထားအရ အင္အား ၆၀၀ နီးပါးရွိတဲ့ စစ္ေၾကာင္းကို ခုခံေခ်မႈန္းထားနိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

“ေမွာက္ၿပီးေတာ့ လုံးဝကိုျပန္မထနိုင္တာ က်ေနာ္တို႔ေရတြက္ၾကည့္တာ အေယာက္ ၂၀ ရွိပါတယ္။ ဒါေပမယ့္ သူတို႔ဘက္က အင္အားမ်ားေတာ့ ကာပစ္ပစ္ၿပီး အေလာင္းေတြကို ေျခေထာက္ကေန ဆြဲတာေတြ လက္ကဆြဲတာေတြ ရရာဆြဲၿပီး အေလာင္းေတြ ျပန္ေကာက္သြားပါတယ္။ တိုက္ပြဲက ေတာ္ေတာ္ေလး ျပင္းထန္ပါတယ္။ မိုင္းကြင္းထဲကို တည့္တည့္က်သြားတာဆိုေတာ့ သူတို႔လုံးဝကို မလႈပ္ေတာ့ပါဘူး။ က်ဖို႔ရာ ခိုင္ႏႈန္းအရမ္းမ်ားပါတယ္” လို႔ PRA Magway စစ္ဦးစီးခ်ဳပ္ ဟာက်ဴလီက ေျပာပါတယ္။

တိုက္ပြဲတြင္းမွာ PDF ဘက္က ရဲေဘာ္ ၂ ဦး လက္နက္ႀကီး အစထိမွန္ကာ ဒဏ္ရာအေသးစားရခဲ့ၿပီး၊ ေဆးကုသမႈခံယူေနကာ စစ္ေကာင္စီဘက္ကလည္း ေနာက္ထပ္စစ္အင္အားေတြ ထပ္ျဖည့္ေနတယ္လို႔ သိရပါတယ္။”စစ္ေခြးေတြကေတာ့ အင္အားေတြထပ္ၿပီးတိုးခ်ဲ႕ၿပီးေတာ့ က်ေနာ္တို႔ကို အျပတ္ေခ်မႈန္းဖို႔ ျပင္ဆင္ေနပါတယ္” လို႔ သူကဆက္ ေျပာပါတယ္။

တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာက ငဖဲၿမိဳ႕အေနာက္ဘက္ ၁၆ မိုင္အကြာ၊ ေရယာဥ္ေတာင္ေၾကာမွာ ၂ ႀကိမ္တိုက္ပြဲျဖစ္ခဲ့တာပါ၊ စစ္ေကာင္စီရဲ့ လႈပ္ရွားမႈေတြကို အခ်ိန္မီသတင္းေပးနိုင္ဖို႔ ကိုလည္း ျပည္သူလူထုကို တိုက္တြန္းထားပါတယ္။

ဓါတ္ပုံ- People’s Revolution Alliance Magway
#ေျမလတ္အသံ