ၾကားသိသမွ်

လက်နက်ထုတ်ဖို့ အသက်ပေးထားသူတွေ (ရုပ်/သံ)

လက်နက်ထုတ်ဖို့ အသက်ပေးထားသူတွေ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၆၊ ၂၀၂၂

ခေတ်မီ လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ အဝေးပစ်ဒုံးတွေနဲ့ လာရောက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ပစ်ခတ်ဖို့အတွက် ဒေသကာကွယ်ရေးတပ်တွေဟာ လက်လုပ်သေနတ် တွေကို ကိုယ်တိုင်ဖန်တီးရင်း၊ လက်နက်စမ်းသပ်ရင်းနဲ့ ပေးလိုက်ရတဲ့ အသက်တွေရှိနေပါတယ်။

အညာဒေသက လက်နက်ထုတ်တဲ့ အလုပ်ရုံတွေကနေ ခေါက်ချိုးတထောင့်ထိုး သေနတ်၊ တစ်ချက်ပစ် တစ်ထောင့်ထိုး သေနတ်၊ တာဝေးပစ် တစ်ချက်ပစ် တစ်ထောင့်ထိုး လက်နက်၊ ၆၀ မမ လက်နက်ကြီး၊ လေပေါ် နှစ်ဆင့်ကွဲ လေယာဉ်ပစ်လက်နက်ကြီး စတာတွေကို တီထွင်ထုတ်လုပ်နေကြတာပါ။

အောင်မြင်တဲ့လက်နက်တွေရဲ့နောက်မှာ ပေးဆပ်လိုက်ရတဲ့ လူငယ်အသက်ပေါင်းများစွာရှိနေပြီး ဧရာဝတီက ကောက်ယူရရှိထားတဲ့စာရင်းတွေအရ ကျဆုံးရဲဘော် အနည်းဆုံး ၁၆ ဦးရှိနေပါပြီ။

ဒါဟာ သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိလာတဲ့ ကျဆုံးရဲဘော်စာရင်းပါ လူမသိသူမသိ မြေပြင်မှာ စမ်းသပ်လုပ်ကိုင်ရင်း ကျဆုံးသွားသူတွေဟာ အခုထက်ပိုများနိုင်ခြေရှိပါတယ်။

လက္နက္ထုတ္ဖို႔ အသက္ေပးထားသူေတြ (႐ုပ္/သံ)

ဧရာဝတီ၊ ဧၿပီ ၆၊ ၂၀၂၂

ေခတ္မီ လက္နက္ေတြ၊ တိုက္ေလယာဥ္ေတြ၊ အေဝးပစ္ဒုံးေတြနဲ႔ လာေရာက္တိုက္ခိုက္ေနတဲ့ စစ္ေကာင္စီတပ္ကို ျပန္လည္ပစ္ခတ္ဖို႔အတြက္ ေဒသကာကြယ္ေရးတပ္ေတြဟာ လက္လုပ္ေသနတ္ ေတြကို ကိုယ္တိုင္ဖန္တီးရင္း၊ လက္နက္စမ္းသပ္ရင္းနဲ႔ ေပးလိုက္ရတဲ့ အသက္ေတြရွိေနပါတယ္။

အညာေဒသက လက္နက္ထုတ္တဲ့ အလုပ္႐ုံေတြကေန ေခါက္ခ်ိဳးတေထာင့္ထိုး ေသနတ္၊ တစ္ခ်က္ပစ္ တစ္ေထာင့္ထိုး ေသနတ္၊ တာေဝးပစ္ တစ္ခ်က္ပစ္ တစ္ေထာင့္ထိုး လက္နက္၊ ၆၀ မမ လက္နက္ႀကီး၊ ေလေပၚ ႏွစ္ဆင့္ကြဲ ေလယာဥ္ပစ္လက္နက္ႀကီး စတာေတြကို တီထြင္ထုတ္လုပ္ေနၾကတာပါ။

ေအာင္ျမင္တဲ့လက္နက္ေတြရဲ့ေနာက္မွာ ေပးဆပ္လိုက္ရတဲ့ လူငယ္အသက္ေပါင္းမ်ားစြာရွိေနၿပီး ဧရာဝတီက ေကာက္ယူရရွိထားတဲ့စာရင္းေတြအရ က်ဆုံးရဲေဘာ္ အနည္းဆုံး ၁၆ ဦးရွိေနပါၿပီ။

ဒါဟာ သတင္းမီဒီယာေတြမွာ ေဖာ္ျပပါရွိလာတဲ့ က်ဆုံးရဲေဘာ္စာရင္းပါ လူမသိသူမသိ ေျမျပင္မွာ စမ္းသပ္လုပ္ကိုင္ရင္း က်ဆုံးသြားသူေတြဟာ အခုထက္ပိုမ်ားနိုင္ေျခရွိပါတယ္။