ၾကားသိသမွ်

အဘလိုနေသော ဒေါ်လာ

အဘလိုနေသော ဒေါ်လာ

ယခုတလော မအလဟာ သူ့ဂိုးသူပြန်သွင်းနေတာ တွေ့ရပါတယ်။ အချို့က NUG ကာဝန်ကိုအားမရဘူးပြောရင် စာရေးသူက မအလထက် အဆ ၁၀၀ သာတယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ NLD အစိုးရလက်ထက်ကလဲ ဘယ်ဝန်ကြီးကို အားမရဘူး ညာဝန်ကြီးကို အားမရဘူး ဘယ်ဝန်ကြီးချုပ်ကို အားမရဘူးပြောရင် စာရေးသူက မအလတို့ တပ်ထဲကလူအားလုံးရဲ့ ဦးနှောက်အားလုံးပေါင်းတောင် အဆိုပါဝေဖန်ခံရသူ NLD ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေကို မမှီကြောင်း ပြောပြလေ့ရှိပါတယ်။ အဆိုပါအားမရသူများ ယခုဘယ်မှာလဲဆိုတော့ ချောင်းသာမှာပါ။ မအလအကြောင်းပြန်ဆက်ရအောင်။

ပထမဆုံးက ဖက်ဆစ်တော်လှန်ရေးနေ့မှာ NUG ၊ PDF တို့နဲ့ မဆွေးနွေးနိုင်ကြောင်း မိန့်ခွန်းထဲကနေ ကြေငြာတာပါ။ ဒီကြေညာချက်က AA ကို အကြမ်းဖက်အဖွဲ့မိုလို့ မဆွေးနွေးနိုင်ကြောင်း ယခင်က မအလပြောခဲ့တာကို သတိရစေပါတယ်။ ဒါကအာချောင်တာပါ။ ဒီထက်စိုးတာက သူဘာမှထည့်မပြောရင်တောင်ဖြစ်ပေမယ့် သူထည့်ပြောမှ သူများဆွေးနွေးမလားဆိုပြီး ထောက်ခံနေတဲ့ အာဆီယံဘောမအချို့တောင် ထောက်ခံရခက်သွားတာ တွေ့ရပါတယ်။ သူ့တပ်ထဲမှာလဲ သူ့ပုံရိပ်ကမတက်သွားပါ။

ဒီအကျိုးဆက်ကြောင့် တရုတ်က ဆုံးမဖို့ ခေါ်တယ်ဆိုတဲ့သတင်းတွေ စာရေးသူရရှိနေပြီး အသေးစိတ်သိရင် တင်ပါ့မယ်။

ဒါထက်အရေးကြီးတာက ဒေါ်လာကိစ္စပါ။ မအလဟာ လျှပ်စစ်ကို လေကစပြီး ၊ရေ၊ နေတွေက ထုတ်နေပေမယ့် ပြည်သူမှာက မီးမလာတာ အားလုံးသိမှာပါ။ ဒါကြောင့် DASSK လက်ထက်က စီးပွါးရေးမကောင်းဘူးဆိုသူများ မအော်နိုင်လောက်အောင် စီးပွါးက ပျက်သွားခဲ့ပါပြီ။ ဒါပေမယ့် မအလကိုဘောမသူများက သူတို့စုထားတဲ့ ဒေါ်လာလေးတွေတော့လွတ်မယ်ထင်ခဲ့ပါတယ်။ ဂျပန်၊ တရုတ်နဲ့ ကိုရီးယားကလဲ သူတို့ဒေါ်လာလေးတွေတော့ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။


အားလုံးသိတဲ့အတိုင်း မအလဟာ သူလိုတဲ့ကျပ်ငွေကို ရိုက်ထုတ်ဖို့ ငွေစက္ကူနဲ့ အပိုပစ္စည်းတွေရပြီမိုလို့ မြန်မာကျပ်ငွေကို သန်းသောင်းချီရိုက်ထုတ်မှာပါ။ မြန်မာငွေတန်ဖိုးက ထိုးကျမှာဖြစ်လို့ လူတွေက ဒေါ်လာနဲ့ ရွှေတွေကို ဝယ်ကြမှာပါ။ ဒါ့အပြင် မအလက PDF ကိုတိုက်ဖို့မှာထားတဲ့ ရုရှားကပစ္စည်းတွေနဲ့ ယခင်ကမှာထားတဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံပေးဖို့ ဒေါ်လာလိုနေပါတယ်။ ပုံမှန်မှာ ရုရှားကစောင့်နိုင်ပေမယ့်ယူကရိန်းကြောင့် စီးပွါးရေးအပိတ်ခံထားရလို့ ဒေါ်လာငွေလိုနေပါတယ်။ ဒါကြောင့် ယခင်စောင့်နိုင်တဲ့ လက်နက်ငွေကို ယခုပေးဖို့ ငယ်နိုင်မအလကို တောင်းထားပါတယ်။ မအလဟာ အာဏာသိမ်းတာ ရုရှားကာဝန်ကို သတိပေးပြီးမှသိမ်းခဲ့တာဖြစ်ပြီး ရုရှားထံက စစ်ရေး၊ စီးပွါးရေးအကူကို မျှော်လင့်ခဲ့ပါတယ်။ ယခုကတော့ ရုရှားက ယူကရိန်းကိစ္စနဲ့ တိုင်ပတ်သွားလို့ စီးပွါးရေးအရ မကူနိုင်တော့ပါ။

ယခုမအလလုပ်လိုက်ပုံက သူ့ကိုဘောမခဲ့တဲ့ စီးပွါးရေးသမားတွေရဲ့ ဘဏ်ထဲက ဒေါ်လာငွေတွေကို တစ်ရက်အတွင်း အချောင်စျေးနှုန်းနဲ့လဲပြီး တန်ဖိုးရှိတဲ့ဒေါ်လာတွေကို သူကယူပြီး တန်ဖိုးမရှိတဲ့ ဒေါ်လာတွေကို သူ့ဘောမလုပ်ငန်းရှင်တွေကို ပေးလိုက်တာပါ။ နောက်ဇေကြီးနဲ့ ခရိုနီတွေကိုဖမ်းတာကလဲ သူတို့ထံက ဒေါ်လာလိုချင်လို့ ပြန်ပေးဆွဲတဲ့သဘောနဲ့ ငွေညှစ်တာပါ။

ဒီအချိန်မှာ ဂျပန်လုပ်ငန်းရှင်တွေက သူလွတ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဒေါ်လာတွေလဲ ထိသွားလို့ ဘယ်အစိုးရတက်တက် ဆာဆာကာဝါနဲ့ အလုပ်ဖြစ်မယ်ထင်ခဲ့တဲ့ ဂျပန်တောင် စာထုတ်လာခဲ့ရပါပြီ။ အားလုံူကို သေချာပြန်လေ့လာရင် ယခုလိုစီးပွါးရေးအကျပ်အတည်းဖြစ်ရတာဟာ မအလ အာဏာရူးလို့ပါ။ ဒါကို ကိုယ့်ပြဿနာကိုမမြင်ဘဲ ပြည်သူ့ဒေါ်လာကို အချောင်နှိုက်ဖြေရှင်းဖို့ ကြိုးစားတာကိုက မအလရဲ့ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟာ အသုံးမကျတာကို ပြနေပါတယ်။

အကျဉ်းချုပ်ရရင် စာရေးသူကို ဒီတော်လှန်ရေးအောင်မြင်မှာလားလို့မေးရင် အခြားကိစ္စတွေအသာထား မအလလုပ်နေတာကိုက တော်လှန်ရေးအောင်မြင်ဖို့လုပ်ပေးသလိုဖြစ်နေလို့ အောင်မြင်မှာ အသေအချာပါလို့ ပြောပါရစေ။ Myat Tun Oo

အဘလိုေနေသာ ေဒၚလာ

ယခုတေလာ မအလဟာ သူ႔ဂိုးသူျပန္သြင္းေနတာ ေတြ႕ရပါတယ္။ အခ်ိဳ႕က NUG ကာဝန္ကိုအားမရဘူးေျပာရင္ စာေရးသူက မအလထက္ အဆ ၁၀၀ သာတယ္လို႔ ျပန္ေျပာေလ့ရွိပါတယ္။ NLD အစိုးရလက္ထက္ကလဲ ဘယ္ဝန္ႀကီးကို အားမရဘူး ညာဝန္ႀကီးကို အားမရဘူး ဘယ္ဝန္ႀကီးခ်ဳပ္ကို အားမရဘူးေျပာရင္ စာေရးသူက မအလတို႔ တပ္ထဲကလူအားလုံးရဲ့ ဦးေႏွာက္အားလုံးေပါင္းေတာင္ အဆိုပါေဝဖန္ခံရသူ NLD ဝန္ႀကီးေတြ ဝန္ႀကီးခ်ဳပ္ေတြကို မမွီေၾကာင္း ေျပာျပေလ့ရွိပါတယ္။ အဆိုပါအားမရသူမ်ား ယခုဘယ္မွာလဲဆိုေတာ့ ေခ်ာင္းသာမွာပါ။ မအလအေၾကာင္းျပန္ဆက္ရေအာင္။

ပထမဆုံးက ဖက္ဆစ္ေတာ္လွန္ေရးေန႔မွာ NUG ၊ PDF တို႔နဲ႔ မေဆြးေႏြးနိုင္ေၾကာင္း မိန္႔ခြန္းထဲကေန ေၾကျငာတာပါ။ ဒီေၾကညာခ်က္က AA ကို အၾကမ္းဖက္အဖြဲ႕မိုလို႔ မေဆြးေႏြးနိုင္ေၾကာင္း ယခင္က မအလေျပာခဲ့တာကို သတိရေစပါတယ္။ ဒါကအာေခ်ာင္တာပါ။ ဒီထက္စိုးတာက သူဘာမွထည့္မေျပာရင္ေတာင္ျဖစ္ေပမယ့္ သူထည့္ေျပာမွ သူမ်ားေဆြးေႏြးမလားဆိုၿပီး ေထာက္ခံေနတဲ့ အာဆီယံေဘာမအခ်ိဳ႕ေတာင္ ေထာက္ခံရခက္သြားတာ ေတြ႕ရပါတယ္။ သူ႔တပ္ထဲမွာလဲ သူ႔ပုံရိပ္ကမတက္သြားပါ။
ဒီအက်ိဳးဆက္ေၾကာင့္ တ႐ုတ္က ဆုံးမဖို႔ ေခၚတယ္ဆိုတဲ့သတင္းေတြ စာေရးသူရရွိေနၿပီး အေသးစိတ္သိရင္ တင္ပါ့မယ္။

ဒါထက္အေရးႀကီးတာက ေဒၚလာကိစၥပါ။ မအလဟာ လၽွပ္စစ္ကို ေလကစၿပီး ၊ေရ၊ ေနေတြက ထုတ္ေနေပမယ့္ ျပည္သူမွာက မီးမလာတာ အားလုံးသိမွာပါ။ ဒါေၾကာင့္ DASSK လက္ထက္က စီးပြါးေရးမေကာင္းဘူးဆိုသူမ်ား မေအာ္နိုင္ေလာက္ေအာင္ စီးပြါးက ပ်က္သြားခဲ့ပါၿပီ။ ဒါေပမယ့္ မအလကိုေဘာမသူမ်ားက သူတို႔စုထားတဲ့ ေဒၚလာေလးေတြေတာ့လြတ္မယ္ထင္ခဲ့ပါတယ္။ ဂ်ပန္၊ တ႐ုတ္နဲ႔ ကိုရီးယားကလဲ သူတို႔ေဒၚလာေလးေတြေတာ့ အဆင္ေျပမယ္ထင္ခဲ့ပါတယ္။

အားလုံးသိတဲ့အတိုင္း မအလဟာ သူလိုတဲ့က်ပ္ေငြကို ရိုက္ထုတ္ဖို႔ ေငြစကၠဴနဲ႔ အပိုပစၥည္းေတြရၿပီမိုလို႔ ျမန္မာက်ပ္ေငြကို သန္းေသာင္းခ်ီရိုက္ထုတ္မွာပါ။ ျမန္မာေငြတန္ဖိုးက ထိုးက်မွာျဖစ္လို႔ လူေတြက ေဒၚလာနဲ႔ ေရႊေတြကို ဝယ္ၾကမွာပါ။ ဒါ့အျပင္ မအလက PDF ကိုတိုက္ဖို႔မွာထားတဲ့ ႐ုရွားကပစၥည္းေတြနဲ႔ ယခင္ကမွာထားတဲ့ ပစၥည္းေတြအတြက္ ပိုက္ဆံေပးဖို႔ ေဒၚလာလိုေနပါတယ္။ ပုံမွန္မွာ ႐ုရွားကေစာင့္နိုင္ေပမယ့္ယူကရိန္းေၾကာင့္ စီးပြါးေရးအပိတ္ခံထားရလို႔ ေဒၚလာေငြလိုေနပါတယ္။

ဒါေၾကာင့္ ယခင္ေစာင့္နိုင္တဲ့ လက္နက္ေငြကို ယခုေပးဖို႔ ငယ္နိုင္မအလကို ေတာင္းထားပါတယ္။ မအလဟာ အာဏာသိမ္းတာ ႐ုရွားကာဝန္ကို သတိေပးၿပီးမွသိမ္းခဲ့တာျဖစ္ၿပီး ႐ုရွားထံက စစ္ေရး၊ စီးပြါးေရးအကူကို ေမၽွာ္လင့္ခဲ့ပါတယ္။ ယခုကေတာ့ ႐ုရွားက ယူကရိန္းကိစၥနဲ႔ တိုင္ပတ္သြားလို႔ စီးပြါးေရးအရ မကူနိုင္ေတာ့ပါ။

ယခုမအလလုပ္လိုက္ပုံက သူ႔ကိုေဘာမခဲ့တဲ့ စီးပြါးေရးသမားေတြရဲ့ ဘဏ္ထဲက ေဒၚလာေငြေတြကို တစ္ရက္အတြင္း အေခ်ာင္ေစ်းႏႈန္းနဲ႔လဲၿပီး တန္ဖိုးရွိတဲ့ေဒၚလာေတြကို သူကယူၿပီး တန္ဖိုးမရွိတဲ့ ေဒၚလာေတြကို သူ႔ေဘာမလုပ္ငန္းရွင္ေတြကို ေပးလိုက္တာပါ။ ေနာက္ေဇႀကီးနဲ႔ ခရိုနီေတြကိုဖမ္းတာကလဲ သူတို႔ထံက ေဒၚလာလိုခ်င္လို႔ ျပန္ေပးဆြဲတဲ့သေဘာနဲ႔ ေငြညႇစ္တာပါ။

ဒီအခ်ိန္မွာ ဂ်ပန္လုပ္ငန္းရွင္ေတြက သူလြတ္မယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ေဒၚလာေတြလဲ ထိသြားလို႔ ဘယ္အစိုးရတက္တက္ ဆာဆာကာဝါနဲ႔ အလုပ္ျဖစ္မယ္ထင္ခဲ့တဲ့ ဂ်ပန္ေတာင္ စာထုတ္လာခဲ့ရပါၿပီ။ အားလုံူကို ေသခ်ာျပန္ေလ့လာရင္ ယခုလိုစီးပြါးေရးအက်ပ္အတည္းျဖစ္ရတာဟာ မအလ အာဏာ႐ူးလို႔ပါ။ ဒါကို ကိုယ့္ျပႆနာကိုမျမင္ဘဲ ျပည္သူ႔ေဒၚလာကို အေခ်ာင္ႏွိုက္ေျဖရွင္းဖို႔ ႀကိဳးစားတာကိုက မအလရဲ့ ေခါင္းေဆာင္မႈ စီမံခန္႔ခြဲမႈဟာ အသုံးမက်တာကို ျပေနပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ စာေရးသူကို ဒီေတာ္လွန္ေရးေအာင္ျမင္မွာလားလို႔ေမးရင္ အျခားကိစၥေတြအသာထား မအလလုပ္ေနတာကိုက ေတာ္လွန္ေရးေအာင္ျမင္ဖို႔လုပ္ေပးသလိုျဖစ္ေနလို႔ ေအာင္ျမင္မွာ အေသအခ်ာပါလို႔ ေျပာပါရေစ။ Myat Tun Oo