ၾကားသိသမွ်

မြန်မာစစ်တပ် ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် NUG ဆွေးနွေး

မြန်မာစစ်တပ် ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် NUG ဆွေးနွေး

နွေဦးဝေ/People’s Spring

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများအတွက် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့် ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့်တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာများအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအား အကြမ်းဖက်စစ်တပ်က ကျူးလွန်​ကြောင်းကို အ​မေရိကန်အစိုးရက လက်ခံကြေညာခဲ့အပြီး တရားမျှတမှု ဖော်​​ဆောင်နိုင်ရေးအတွက် NUGက ပူး​ပေါင်းလုပ်​ဆောင်သွားမဲ့အ​ကြောင်း ​ဆွေး​နွေးခဲ့ပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားသည်။

အထက်ပါ NUG ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူ များ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာစစ်တပ်၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

မန္မာစစ္တပ္ ျပစ္ဒဏ္ေပးျခင္း ကင္းလြတ္ခြင့္ရေနမႈ အဆုံးသတ္နိုင္ေရး အေမရိကန္ႏွင့္ NUG ေဆြးေႏြး

ေႏြဦးေဝ/People’s Spring

ျမန္မာစစ္တပ္၏ ရက္စက္ယုတ္မာမႈမ်ားအတြက္ ျပစ္ဒဏ္ေပးျခင္းမွ ကင္းလြတ္ခြင့္ရေနမႈကို အဆုံးသတ္နိုင္ေရးအတြက္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန ကမၻာလုံးဆိုင္ရာရာဇဝတ္မႈတရားမၽွတေရး႐ုံးက အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကိုယ္စားလွယ္မ်ားႏွင့္ ယမန္ေန႔တြင္ ေတြ႕ဆုံေဆြးေႏြးသည္။

NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္း ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ အေမရိကန္သို႔ေရာက္ရွိေနရာ လူ႔အခြင့္အေရးအေရးပါမႈ၊ နိုင္ငံတဝန္း ရက္စက္ယုတ္မာမႈျပဳက်င့္ခံရသူအားလုံးအတြက္ တရားမၽွတမႈ စသည္တို႔ကိုလည္း ကမၻာလုံးဆိုင္ရာရာဇဝတ္မႈတရားမၽွတေရး႐ုံးက NUGကိုယ္စားလွယ္မ်ားႏွင့္ေဆြးေႏြးခဲ့သည္။

“အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန ကမၻာလုံးဆိုင္ရာ ရာဇ၀တ္မႈႏွင့္တရားမၽွတမႈဆိုင္ရာ သံအမတ္ႀကီးနဲ႔ ေတြ႕ဆုံၿပီး ရိုဟင္ဂ်ာမ်ားအ​ေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈအား အၾကမ္းဖက္စစ္တပ္က က်ဴးလြန္​ေၾကာင္းကို အ​ေမရိကန္အစိုးရက လက္ခံေၾကညာခဲ့အၿပီး တရားမၽွတမႈ ေဖာ္​​ေဆာင္နိုင္ေရးအတြက္ NUGက ပူး​ေပါင္းလုပ္​ေဆာင္သြားမဲ့အ​ေၾကာင္း ​ေဆြး​ေႏြးခဲ့ပါတယ္”ဟု NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက အသိေပးထားသည္။

အထက္ပါ NUG ကိုယ္စားလွယ္အဖြဲ႕၏ ခရီးစဥ္အတြင္း အေမရိကန္အစိုးရထိပ္တန္းတာဝန္ရွိသူ မ်ား၊ လႊတ္ေတာ္အမတ္မ်ားႏွင့္ ေတြ႕ဆုံကာ လူသားခ်င္းစာနာမႈအကူအညီေပးေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ျမန္မာစစ္တပ္၏ က်ဴးလြန္မႈမ်ားႏွင့္ပတ္သက္၍ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေစေရးအတြက္ ေဆြးေႏြးသြားမည္ဟု ဆိုသည္။