ၾကားသိသမွ်
PROJECT DRAGONFLY ဟာဆိုရင်day 3 ကတည်းက ပမာဏကို ကျော်လွန်သွားခဲ့ ငှက်ကင်ဖို့ လေးဂွနဲ့လောက်စာတွေမှာယူလိုက်ပြီ
PROJECT DRAGONFLY ဟာအခုဆိုရင် ကျွန်တော်တို့ ပထမထားခဲ့တဲ့ target ပမာဏကို ကျော်လွန်သွားခဲ့တာ day 3 ကတည်းက ဖြစ်ပါတယ်ခင်ဗျာ။
ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်တွေ ပြည်သူတွေရဲ့ နာကျည်းတဲ့စိတ်တွေဟာ ဒီပရောဂျက်မှာ ထပ်မံသက်သေပြခဲ့ကြပါတယ်ခင်ဗျာ။
ကျွန်တော်နဲ့ အစ်မပန်ဆယ်လိုတို့ ပိုက်ဆံပြည့်တဲ့ရက်က တိုင်ပင်ကြတယ် ဒီအရှိန်ကို ဆက်ထိမ်းထားပြီး ကျွန်တော်တို့ နှစ်ဆအထိ ရအောင်ကြိုးစားကြမလားဆိုပြီးပေါ့.. အစ်မကလဲ သဘောတူတာနဲ့ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်
ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ အခုဆိုရင် ဒေါ်လာ 1million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ..
နှစ်ဆရဖို့ နည်းနည်းပဲလိုတော့တာကြောင့် ကျွန်တော်တို့ အရင် ရမယ့်ပစ္စည်းတွေထက် နှစ်ဆအထိ ရရှိဖို့အရမ်းနီးစပ်သွားခဲ့ပါပြီ အဓိကပစ္စည်းအပြင် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ (လေးခွအတွက် လောက်စာလုံးလိုတယ်မဟုတ်လားခင်ဗျာ လောက်စာလုံးတစ်လုံးတစ်လုံးကိုက သိန်းရာချီရှိနေနိုင်တာကြောင့် လောက်စာလုံးများများများရှိတော့ ငှက်များများရတာပေါ့ခင်ဗျာ) အတွက်ပါ တခါထဲ ရေမီးစုံ complete package ရဖို့ ကျွန်တော်တို့ ပြည်သူ့အားကို ယုံကြည်ချက်နဲ့ 1.5Million ဖိုး မှာလိုက်ပါပြီ။
1.5 million ပြည့်တဲ့အထိ ဆက်ပြီး ပြည်သူ့အားကို အားကိုးပါရစေခင်ဗျာ။
ဒါကြောင့်…အရှိန်လေးကိုဆက်ထိမ်းထားပြီး ကိုယ့်လက်နဲ့ ဒီအကြမ်းဖက်တွေကို ဆုံးမလိုက်ရတယ်ဆိုတဲ့ သမိုင်းလေး ပါဝင်သွားအောင် ဆက်လက်ပါဝင်ပေးကြပါဦးခင်ဗျာ။
လစာထုတ်ရက်နောက်ကျမှာမို့စုနေကြတုန်းမို့ အစရှိသည်ဖြင့် စောင့်ပါဦးပြောထားကြတဲ့ တစ်ယောက်စီတိုင်းကို စောင့်ပေးချင်သေးတာမို့ ကျွန်တော်တို့ target date ကို ၁၀ ရက်နေ့အထိ ထားထားတာဖြစ်ပါတယ်ခင်ဗျာ။
အားလုံးရဲ့ အင်အား ဆိုတာ ဒါပါပဲခင်ဗျာ။
အရေးတော်ပုံ အောင်ကိုအောင်ရပါမယ်ခင်ဗျာ။#C2d