ၾကားသိသမွ်

ခရမ်း အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ တိုက်ခိုက်

ခရမ်း အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ တိုက်ခိုက်

ခရမ်းမြို့နယ်၊ မက္ကသံကျေးရွာလာတဲ့ အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၅ ရက်နေ့ ညနေပိုင်းက ခရမ်းမြို့ မက္ကသံကျေးရွာလမ်းရောက်လာတဲ့ အကြမ်းဖက်ရဲတွေကို ခရမ်း PDF က ၄၀ မမ အပြင်းစားဗုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူဝင်ရောက်လာတာကြောင့် ပစ်မှတ်ကို အပေါ်ဘက်ထောင်ကာ ပစ်ခတ်ခဲ့ရကြောင်းဒါ့ကြောင့် ၄၀ မမ ဗုံးသီးဟာ ပစ်မှတ်အနီးကိုသာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ခရမ်း-PDF က ပြောတယ်လို့ ဒေသတွင်းနွေ ဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုအပါအဝင် စစ်ရေးပစ်မှတ်နေရာတွေနဲ့ ဝေးဝေးနေခြင်းဟာ ဒီနေ့ခေတ်နေထိုင်မှုပုံစံ ဆိုတာကို လူတိုင်းသိသင့်နေပြီလို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

‘ဒီစစ်ခွေးတွေနားမနေကြဖို့ဆိုတာက အခုထိ လိုက်သတိပေးနေရတာကိုက သဘာဝမကျဘူးလို့ ထင်တယ်။ အလိုလိုသိနေရမယ်။သူတို့နားနေခြင်းဟာ ကိုယ့်အတွက်အသက်အန္တရာယ်ရှိသလို တော်လှန်ရေးရဲဘော်တွေရဲ့လုပ်ငန်းဆောင်တာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရမယ်ဆိုတာ သိကိုသိသင့်ပြီ’ လို့ သူက ပြောပါတယ်။

ခရမ်းပြည်သူတွေအနေနဲ့ စစ်သားတွေရှိရာ နေရာတွေမှာ မနေထိုင်ကြဖို့၊ လုံးဝမကပ်ကြဖို့နဲ့ ဝေးဝေးကနေရှောင်ရှားသွားကြပါဖို့ ခရမ်း PDF က နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။DNA

ခရမ္း အၾကမ္းဖက္ရဲေတြကို ၄၀ မမ အျပင္းစားဗုံးနဲ႔ တိုက္ခိုက္

ခရမ္းၿမိဳ႕နယ္၊ မကၠသံေက်းရြာလာတဲ့ အၾကမ္းဖက္ရဲေတြကို ၄၀ မမ အျပင္းစားဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီ ၅ ရက္ေန႔ ညေနပိုင္းက ခရမ္းၿမိဳ႕ မကၠသံေက်းရြာလမ္းေရာက္လာတဲ့ အၾကမ္းဖက္ရဲေတြကို ခရမ္း PDF က ၄၀ မမ အျပင္းစားဗုံးနဲ႔ ပစ္ခတ္ခဲ့ေပမဲ့ ျပည္သူဝင္ေရာက္လာတာေၾကာင့္ ပစ္မွတ္ကို အေပၚဘက္ေထာင္ကာ ပစ္ခတ္ခဲ့ရေၾကာင္းဒါ့ေၾကာင့္ ၄၀ မမ ဗုံးသီးဟာ ပစ္မွတ္အနီးကိုသာ က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း ခရမ္း-PDF က ေျပာတယ္လို႔ ေဒသတြင္းေႏြ ဦးေတာ္လွန္ေရးစာမ်က္ႏွာ ခရမ္းခ်န္နယ္ကေဖာ္ျပပါတယ္။

အၾကမ္းဖက္စစ္အုပ္စုအပါအဝင္ စစ္ေရးပစ္မွတ္ေနရာေတြနဲ႔ ေဝးေဝးေနျခင္းဟာ ဒီေန႔ေခတ္ေနထိုင္မႈပုံစံ ဆိုတာကို လူတိုင္းသိသင့္ေနၿပီလို႔ ခရမ္းၿမိဳ႕ေပၚေန တက္ႂကြလႈပ္ရွားသူတစ္ဦးကေျပာပါတယ္။

‘ဒီစစ္ေခြးေတြနားမေနၾကဖို႔ဆိုတာက အခုထိ လိုက္သတိေပးေနရတာကိုက သဘာဝမက်ဘူးလို႔ ထင္တယ္။ အလိုလိုသိေနရမယ္။သူတို႔နားေနျခင္းဟာ ကိုယ့္အတြက္အသက္အႏၲရာယ္ရွိသလို ေတာ္လွန္ေရးရဲေဘာ္ေတြရဲ့လုပ္ငန္းေဆာင္တာေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္ရမယ္ဆိုတာ သိကိုသိသင့္ၿပီ’ လို႔ သူက ေျပာပါတယ္။

ခရမ္းျပည္သူေတြအေနနဲ႔ စစ္သားေတြရွိရာ ေနရာေတြမွာ မေနထိုင္ၾကဖို႔၊ လုံးဝမကပ္ၾကဖို႔နဲ႔ ေဝးေဝးကေနေရွာင္ရွားသြားၾကပါဖို႔ ခရမ္း PDF က ေနာက္ဆုံးအႀကိမ္ ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။DNA