ၾကားသိသမွ်

ဘွဲ့တံဆိပ်တော်ရ သံဃာဘဝကနေ PDF တပ်သား ဖြစ်လာသူ

ဘွဲ့တံဆိပ်တော်ရ သံဃာဘဝကနေ PDF တပ်သား ဖြစ်လာသူ

စောဖိုးခွါး (ဝါရှင်တန်ဒီစီ)

■ “ဘုန်းကြီးဘဝနဲ့ တော်လှန်ရေးသမားဘဝက ခပ်ဆင်ဆင်ပဲ။ ပြည်သူ မကြည်ညိုဘူး။ ပြည်သူမထောက်ခံဘူးဆိုရင် ဘယ်လိုမှ ရပ်တည်လို့ မရဘူး။ အနေအထိုင်နဲ့ စိတ်ဓာတ်ပဲ နည်းနည်းကွာတာ ကျန်တာကတော့ စည်းနဲ့ ဘောင်နဲ့ အမိန့်အောက်မှာ နေရတာ”

ကိုးနှစ်သားကတည်းက ကိုရင်ဘဝနဲ့ ၁၈ နှစ်ကြာ သာသနာ့ဝန် ထမ်းခဲ့တဲ့ ဆရာတော်ဦးခေမာဝုဓ တစ်ဖြစ်လဲ ကိုညီရဲရင့် တစ်ယောက် အခုတော့ စစ်အာဏာရှင်ကို လက်နက်ကိုင် ပြန်တိုက်နေတဲ့ PDF တပ်သား ဖြစ်နေပါတယ်။

ဆရာတော်ဦးခေမာဝုဓ ဘဝမှာတုန်းက သူဟာ ပိဋိကတ် ပုံဝက် အာဂုံဆောင်နိုင်သူ သံဃာတော်တွေကို ချီးမြှင့်တဲ့ ဥဘတောဝိဘင်္ဂဓရ ဘွဲ့လက်မှတ်တော်ကို ရခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ ပြည်သူတွေ မတရားဖမ်းဆီး နှိပ်စက်ခံနေရတာတွေကို မလိုလားလို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူပါ။

“ပြည်သူတွေ အဖိနှိပ်ခံ အနှိပ်စက်ခံ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးတာမို့ လက်နက်ကိုင် ပြန်တိုက်မှရမယ်ဆိုပြီး ဒီဘက်ကိုရောက်လာတာပါ”
သံဃာတော်တွေ ဖိနှိပ်သတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကာလတုန်းကလည်း သူဟာ ၁၅ နှစ်သားအရွယ် ကိုရင်လေးဘဝနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ဆန္ဒပြရုံနဲ့ မရတော့ဘူး။ လက်နက်ကိုင် ပြန်ခုခံမှ ဖြစ်တော့မယ်လို့ ယုံကြည်ခဲ့သူပါ။

ဆန္ဒပြ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့ မကိုက်ညီဘူးလို့လည်း သူက ပြစ်တင်ရှုတ်ချပါတယ်။

“ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆို ငါးပါးသီလ မြဲရတယ်လေ။ သူကျတော့ အာဏာရူးလို့ ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ၊ သူလုပ်နေတဲ့ ဘုရားထီးတင်တာတွေ၊ ဘုန်းကြီး ကိုးကွယ်တာတွေက သူ့အကျိုးစီးပွားအတွက် အသုံးချတာလို့ပဲ မြင်တယ်။ သာမန် ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်တရား သူ့မှာ လုံးဝမရှိဘူး။ သူ့အတွက် ဗုဒ္ဓဘာသာလို့ ပြောရမှာ ကျနော်ရှက်တယ်”

“အပြစ်ဒဏ်ကတော့ ဗုဒ္ဓဘာသာ တရားဟောတဲ့အတိုင်းပဲ၊ အတ္တာဟိ အတ္တနော နာထော။ ကိုယ်စိုက်တဲ့ အသီးကိုယ်စားရမှာပဲ။ အာဏာသိမ်းပြီးနောက် သူ့ရဲ့ အသရေညိုးလာတယ်၊ သူ့ကို ယုံကြည်မှုတွေ လျှော့လာတယ်။ တခြားမကြည့်နဲ့ တပ်ထဲမှာတောင် အချင်းချင်း သွေးကွဲပြီး၊ သူ့ကို မထောက်ခံ CDM လုပ်ကြသူတွေရှိတယ်၊ သူရဲ့ အကျိုးရလဒ်ပဲပေါ့”

ကိုညီရဲရင့်တို့လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတဲ့ ဘုန်းကြီးလူထွက်တွေ ရှိသလို စစ်ကောင်စီနောက်ခံ ဗျူစောထီးတွေဘက်မှာလည်း သင်္ကန်းစည်းကိုယ်တော်တွေကို မြင်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေထဲမှာ သင်္ကန်းဝတ်ကိုယ်တော်တွေ သေနတ်လွယ်ထားတဲ့ ပုံတွေကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။

ဒီလို သင်္ကန်းဝတ် လက်နက်ကိုင်တွေကို ဘယ်လိုမြင်ပါသလဲ။
” သာသနာ တကယ်အရုပ်ဆိုးတယ်။ သာသနာ အကြည်ညိုပျက်တယ်။ တခြားဘာသာဝင်တွေအမြင်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူကို နှိပ်စက်တယ်လို့ မြင်လာမှာ ကျနော်တကယ်စိုးရိမ်တယ်”

အခုဆို တိုင်းရင်းသားဒေသကို သူရောက်နေတာ တစ်နှစ်နီးပါးရှိနေပါပြီ။ တစ်ဖက်တစ်လမ်းကလည်း သူဝါသနာပါတဲ့ ပန်းချီတွေဆွဲရင်း စခန်းအတွက် ဝင်ငွေရဖို့လည်း ရှာနေသူဖြစ်ပါတယ်။ ကိုညီရဲရင့် ရွေးချယ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးကရော အခု ဘယ်အနေအထား ရောက်နေပါပြီလဲ။

“အရှိန်အဟုန်က တဖြေးဖြေးနဲ့ ပိုမြင့်လာတယ်။ ပိုမြင့်လာလို့လည်း သူတို့ဘက်က အကျအဆုံးတွေ CDM ဝင်လာသူတွေ အများကြီး ရှိလာတယ်။ တစ်ခုရှိတာကတော့ ကျနော်တို့က အုတ်တံတိုင်းကို သွားတိုက်နေရသလို ဖြစ်နေတယ်။ သူတို့တွေက ပြည်သူ့ချွေးနည်းစာနဲ့ နှစ်ပေါင်း ၇၀ ကျော် လက်နက်တွေ စုထားတာနဲ့ တိုက်နေတာ။

ကျနော်တို့က အာဏာသိမ်းမှ ဘာမှပြင်ဆင်မှု မရှိဘဲ သင်တန်းလေး တက်။ ရတဲ့နည်းနဲ့ တိုက်နေတာတောင်မှ သူတို့ ဒီလောက်တုန်လှုပ်နေတာ၊ ကြည်းတပ်နဲ့ မနိုင်လို့ လေကြောင်းကနေ တိုက်ရတဲ့အထိ တုန်လှုပ်စေကတည်းကိုက ခန့်မှန်းလို့ရတယ်”

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီကို လက်နက်ကိုင် ပြန်တိုက်နေတဲ့သူတွေနဲ့ ဆွေးနွေးဖို့ မရှိဘူး။ အဆုံးထိ နှိမ်နင်းသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒါပေမဲ့ ကိုညီရဲရင့်ကတော့ အာဏာသိမ်းစစ်တပ်ကို အဆုံးထိ တိုက်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်ခင်ဗျာ။

“ကျနော်တို့ နောက်ဆုံးထွက်သက်ထိ နောက်ဆုံးအချိန်ထိ အလံမလဲဘဲ အဆုံးထိ တိုက်မယ်လို့ ယုံကြည်ထားတယ်။ တော်လှန်ရေး အောင်မယ်လို့ကိုလည်း ယုံကြည်ထားတယ်၊ အောင်ဖို့ အတွက် ပြည်သူတွေ အားလုံး မြို့ပြ၊ ကျေးလက်မကျန်၊ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း တောင်းဆိုပါတယ်”

ဘြဲ႕တံဆိပ္ေတာ္ရ သံဃာဘဝကေန PDF တပ္သား ျဖစ္လာသူ

ေစာဖိုးခြါး (ဝါရွင္တန္ဒီစီ)

■ “ဘုန္းႀကီးဘဝနဲ႔ ေတာ္လွန္ေရးသမားဘဝက ခပ္ဆင္ဆင္ပဲ။ ျပည္သူ မၾကည္ညိဳဘူး။ ျပည္သူမေထာက္ခံဘူးဆိုရင္ ဘယ္လိုမွ ရပ္တည္လို႔ မရဘူး။ အေနအထိုင္နဲ႔ စိတ္ဓာတ္ပဲ နည္းနည္းကြာတာ က်န္တာကေတာ့ စည္းနဲ႔ ေဘာင္နဲ႔ အမိန႔္ေအာက္မွာ ေနရတာ”

ကိုးႏွစ္သားကတည္းက ကိုရင္ဘဝနဲ႔ ၁၈ ႏွစ္ၾကာ သာသနာ့ဝန္ ထမ္းခဲ့တဲ့ ဆရာေတာ္ဦးေခမာဝုဓ တစ္ျဖစ္လဲ ကိုညီရဲရင့္ တစ္ေယာက္ အခုေတာ့ စစ္အာဏာရွင္ကို လက္နက္ကိုင္ ျပန္တိုက္ေနတဲ့ PDF တပ္သား ျဖစ္ေနပါတယ္။

ဆရာေတာ္ဦးေခမာဝုဓ ဘဝမွာတုန္းက သူဟာ ပိဋိကတ္ ပုံဝက္ အာဂုံေဆာင္နိုင္သူ သံဃာေတာ္ေတြကို ခ်ီးျမႇင့္တဲ့ ဥဘေတာဝိဘဂၤဓရ ဘြဲ႕လက္မွတ္ေတာ္ကို ရခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ စစ္အာဏာသိမ္းလိုက္ခ်ိန္မွာေတာ့ ျပည္သူေတြ မတရားဖမ္းဆီး ႏွိပ္စက္ခံေနရတာေတြကို မလိုလားလို႔ လက္နက္ကိုင္လမ္းစဥ္ကို ေရြးခ်ယ္ခဲ့သူပါ။

“ျပည္သူေတြ အဖိႏွိပ္ခံ အႏွိပ္စက္ခံ၊ လူ႔အခြင့္အေရးေတြ ဆုံးရႈံးတာမို႔ လက္နက္ကိုင္ ျပန္တိုက္မွရမယ္ဆိုၿပီး ဒီဘက္ကိုေရာက္လာတာပါ”
သံဃာေတာ္ေတြ ဖိႏွိပ္သတ္ျဖတ္ခံခဲ့ရတဲ့ ၂၀၀၇ ေရႊဝါေရာင္ အေရးအခင္းကာလတုန္းကလည္း သူဟာ ၁၅ ႏွစ္သားအရြယ္ ကိုရင္ေလးဘဝနဲ႔ ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့ဖူးပါတယ္။ ၂၀၂၁ ေႏြဦးေတာ္လွန္ေရးမွာေတာ့ ဆႏၵျပ႐ုံနဲ႔ မရေတာ့ဘူး။ လက္နက္ကိုင္ ျပန္ခုခံမွ ျဖစ္ေတာ့မယ္လို႔ ယုံၾကည္ခဲ့သူပါ။

ဆႏၵၿပ ျပည္သူေတြကို ရက္ရက္စက္စက္ ပစ္ခတ္သတ္ျဖတ္ဖို႔ အမိန႔္ေပးခဲ့တဲ့ အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ့ လုပ္ရပ္ေတြဟာ ဗုဒၶဘာသာလမ္းစဥ္နဲ႔ မကိုက္ညီဘူးလို႔လည္း သူက ျပစ္တင္ရႈတ္ခ်ပါတယ္။

“ဗုဒၶဘာသာဝင္တစ္ေယာက္ဆို ငါးပါးသီလ ျမဲရတယ္ေလ။ သူက်ေတာ့ အာဏာ႐ူးလို႔ ဘုရားမရွိ၊ တရားမရွိ၊ သံဃာမရွိ၊ သူလုပ္ေနတဲ့ ဘုရားထီးတင္တာေတြ၊ ဘုန္းႀကီး ကိုးကြယ္တာေတြက သူ႔အက်ိဳးစီးပြားအတြက္ အသုံးခ်တာလို႔ပဲ ျမင္တယ္။ သာမန္ ဗုဒၶဘာသာဝင္တစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ကိုယ္က်င့္တရား သူ႔မွာ လုံးဝမရွိဘူး။ သူ႔အတြက္ ဗုဒၶဘာသာလို႔ ေျပာရမွာ က်ေနာ္ရွက္တယ္”

“အျပစ္ဒဏ္ကေတာ့ ဗုဒၶဘာသာ တရားေဟာတဲ့အတိုင္းပဲ၊ အတၱာဟိ အတၱေနာ နာေထာ။ ကိုယ္စိုက္တဲ့ အသီးကိုယ္စားရမွာပဲ။ အာဏာသိမ္းၿပီးေနာက္ သူ႔ရဲ့ အသေရညိဳးလာတယ္၊ သူ႔ကို ယုံၾကည္မႈေတြ ေလၽွာ့လာတယ္။ တျခားမၾကည့္နဲ႔ တပ္ထဲမွာေတာင္ အခ်င္းခ်င္း ေသြးကြဲၿပီး၊ သူ႔ကို မေထာက္ခံ CDM လုပ္ၾကသူေတြရွိတယ္၊ သူရဲ့ အက်ိဳးရလဒ္ပဲေပါ့”

ကိုညီရဲရင့္တို႔လို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ ပူးေပါင္းတဲ့ ဘုန္းႀကီးလူထြက္ေတြ ရွိသလို စစ္ေကာင္စီေနာက္ခံ ဗ်ဴေစာထီးေတြဘက္မွာလည္း သကၤန္းစည္းကိုယ္ေတာ္ေတြကို ျမင္ေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းက လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြ၊ ဗီဒီယိုမွတ္တမ္းေတြထဲမွာ သကၤန္းဝတ္ကိုယ္ေတာ္ေတြ ေသနတ္လြယ္ထားတဲ့ ပုံေတြကိုလည္း ထင္ထင္ရွားရွားေတြ႕ရပါတယ္။

ဒီလို သကၤန္းဝတ္ လက္နက္ကိုင္ေတြကို ဘယ္လိုျမင္ပါသလဲ။

” သာသနာ တကယ္အ႐ုပ္ဆိုးတယ္။ သာသနာ အၾကည္ညိဳပ်က္တယ္။ တျခားဘာသာဝင္ေတြအျမင္မွာ ဗုဒၶဘာသာဘုန္းႀကီးေတြဟာ အၾကမ္းဖက္စစ္တပ္နဲ႔ ေပါင္းၿပီး ျပည္သူကို ႏွိပ္စက္တယ္လို႔ ျမင္လာမွာ က်ေနာ္တကယ္စိုးရိမ္တယ္”

အခုဆို တိုင္းရင္းသားေဒသကို သူေရာက္ေနတာ တစ္ႏွစ္နီးပါးရွိေနပါၿပီ။ တစ္ဖက္တစ္လမ္းကလည္း သူဝါသနာပါတဲ့ ပန္းခ်ီေတြဆြဲရင္း စခန္းအတြက္ ဝင္ေငြရဖို႔လည္း ရွာေနသူျဖစ္ပါတယ္။ ကိုညီရဲရင့္ ေရြးခ်ယ္ခဲ့တဲ့ လက္နက္ကိုင္ေတာ္လွန္ေရးကေရာ အခု ဘယ္အေနအထား ေရာက္ေနပါၿပီလဲ။

“အရွိန္အဟုန္က တေျဖးေျဖးနဲ႔ ပိုျမင့္လာတယ္။ ပိုျမင့္လာလို႔လည္း သူတို႔ဘက္က အက်အဆုံးေတြ CDM ဝင္လာသူေတြ အမ်ားႀကီး ရွိလာတယ္။ တစ္ခုရွိတာကေတာ့ က်ေနာ္တို႔က အုတ္တံတိုင္းကို သြားတိုက္ေနရသလို ျဖစ္ေနတယ္။ သူတို႔ေတြက ျပည္သူ႔ေခၽြးနည္းစာနဲ႔ ႏွစ္ေပါင္း ၇၀ ေက်ာ္ လက္နက္ေတြ စုထားတာနဲ႔ တိုက္ေနတာ။

က်ေနာ္တို႔က အာဏာသိမ္းမွ ဘာမွျပင္ဆင္မႈ မရွိဘဲ သင္တန္းေလး တက္။ ရတဲ့နည္းနဲ႔ တိုက္ေနတာေတာင္မွ သူတို႔ ဒီေလာက္တုန္လႈပ္ေနတာ၊ ၾကည္းတပ္နဲ႔ မနိုင္လို႔ ေလေၾကာင္းကေန တိုက္ရတဲ့အထိ တုန္လႈပ္ေစကတည္းကိုက ခန႔္မွန္းလို႔ရတယ္”
အာဏာသိမ္း စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က စစ္ေကာင္စီကို လက္နက္ကိုင္ ျပန္တိုက္ေနတဲ့သူေတြနဲ႔ ေဆြးေႏြးဖို႔ မရွိဘူး။ အဆုံးထိ ႏွိမ္နင္းသြားမယ္လို႔ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ မိန႔္ခြန္းမွာ ထည့္သြင္းေျပာခဲ့ပါတယ္။

ဒါေပမဲ့ ကိုညီရဲရင့္ကေတာ့ အာဏာသိမ္းစစ္တပ္ကို အဆုံးထိ တိုက္ထုတ္သြားမယ္လို႔ ဆုံးျဖတ္ထားတာ ျဖစ္ပါတယ္ခင္ဗ်ာ။

“က်ေနာ္တို႔ ေနာက္ဆုံးထြက္သက္ထိ ေနာက္ဆုံးအခ်ိန္ထိ အလံမလဲဘဲ အဆုံးထိ တိုက္မယ္လို႔ ယုံၾကည္ထားတယ္။ ေတာ္လွန္ေရး ေအာင္မယ္လို႔ကိုလည္း ယုံၾကည္ထားတယ္၊ ေအာင္ဖို႔ အတြက္ ျပည္သူေတြ အားလုံး ၿမိဳ႕ျပ၊ ေက်းလက္မက်န္၊ ျပည္တြင္း၊ ျပည္ပ ျပည္သူေတြ အားလုံး ပူးေပါင္းပါဝင္ဖို႔ကိုလည္း ေတာင္းဆိုပါတယ္”