ၾကားသိသမွ်

အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်နေတဲ့ နိုင်ငံတော်နဲ့တပ် မတော်အတွက် အသက်စွန့်လွှတ်နေရတဲ့အပေါ် ဂုဏ်ယူနေဖို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော

အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်နေတဲ့ နိုင်ငံတော်နဲ့တပ် မတော်အတွက် အသက်စွန့်လွှတ်နေရတဲ့အပေါ် ဂုဏ်ယူနေဖို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော

ဧရာဝတီတိုင်းမ်……ဧပြီ ၆ ရက်

စစ်အာဏာသိမ်းဒု-ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော်နဲ့တပ်မတော်အပေါ်သစ္စာရှိရန်နှင့် အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူနေရမည်ဟု ပြောကြားလိုက်သည်။

ဒု-စစ်ခေါင်းဆောင်က ၎င်းရောက်ရှိနေတဲ့ ဗထူးတပ်မြို့ တိုက်ခိုက်ရေးကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် သင် တန်းသားအရာရှိများကို ယမန်နေ့ ဧပြီလ ၅ ရက် တွင်တွေ့ဆုံပြီး ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

” နိုင်ငံတော်နဲ့တပ်မတော်အပေါ်သစ္စာစောင့်သိရန်နဲ့ အသက်ခန္ဓာစွန့်လွှတ်ရန်သစ္စာဆိုထားသူများဖြစ်တဲ့ အတွက် နိုင်ငံတော်ကာကွယ်ရေးအပေါ် ဂုဏ်ယူနေရမည်” ဟု ပြောကြားခဲ့သည်။

၎င်းတို့၏လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များ၏ စား၊ဝတ်၊နေရေး၊ ပညာရေး၊ ကျန်း မာရေး၊သွားလာရေး တို့အတွက်ခံစားနေရမှုမှာ နိုင်ငံတော်နဲ့တပ် မတော်ကတာဝန်ယူထောက်ပံ့နေရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါထောက်ပံ့များမှာ ၎င်းတို့ စစ်ကောင်စီတပ်သားများနှင့်ပြည်သူများ၏အခွန်များမှ ပြန်လည် ထောက်ပံ့ခြင်းဖြစ်၍ ၎င်းတို့နိုင်ငံတော်နှင့်ပြည်သူအပေါ်ကျေးဇူးသစ္စာစောင့်သိရမည်ဟု ပြောကြားခဲ့သည်။

AyeyarwaddyTimes

အာဏာသိမ္းစစ္ေကာင္စီအုပ္ခ်ဳပ္ေနတဲ့ နိုင္ငံေတာ္နဲ႔တပ္ မေတာ္အတြက္ အသက္စြန႔္လႊတ္ေနရတဲ့အေပၚ ဂုဏ္ယူေနဖို႔ ဒု-စစ္ေခါင္းေဆာင္ စိုးဝင္း ေျပာ

ဧရာဝတီတိုင္းမ္……ဧၿပီ ၆ ရက္

စစ္အာဏာသိမ္းဒု-ေခါင္းေဆာင္ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ၎တို႔၏လက္ေအာက္ခံတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ နိုင္ငံေတာ္နဲ႔တပ္မေတာ္အေပၚသစၥာရွိရန္ႏွင့္ အသက္စြန႔္လႊတ္ေနရတဲ့အေပၚဂုဏ္ယူေနရမည္ဟု ေျပာၾကားလိုက္သည္။

ဒု-စစ္ေခါင္းေဆာင္က ၎ေရာက္ရွိေနတဲ့ ဗထူးတပ္ၿမိဳ႕ တိုက္ခိုက္ေရးေက်ာင္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ သင္ တန္းသားအရာရွိမ်ားကို ယမန္ေန႔ ဧၿပီလ ၅ ရက္ တြင္ေတြ႕ဆုံၿပီး ယခု ကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

” နိုင္ငံေတာ္နဲ႔တပ္မေတာ္အေပၚသစၥာေစာင့္သိရန္နဲ႔ အသက္ခႏၶာစြန႔္လႊတ္ရန္သစၥာဆိုထားသူမ်ားျဖစ္တဲ့ အတြက္ နိုင္ငံေတာ္ကာကြယ္ေရးအေပၚ ဂုဏ္ယူေနရမည္” ဟု ေျပာၾကားခဲ့သည္။

၎တို႔၏လက္ေအာက္ခံ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မိသားစုဝင္မ်ား၏ စား၊ဝတ္၊ေနေရး၊ ပညာေရး၊ က်န္း မာေရး၊သြားလာေရး တို႔အတြက္ခံစားေနရမႈမွာ နိုင္ငံေတာ္နဲ႔တပ္ မေတာ္ကတာဝန္ယူေထာက္ပံ့ေနရျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔အျပင္ အဆိုပါေထာက္ပံ့မ်ားမွာ ၎တို႔ စစ္ေကာင္စီတပ္သားမ်ားႏွင့္ျပည္သူမ်ား၏အခြန္မ်ားမွ ျပန္လည္ ေထာက္ပံ့ျခင္းျဖစ္၍ ၎တို႔နိုင္ငံေတာ္ႏွင့္ျပည္သူအေပၚေက်းဇူးသစၥာေစာင့္သိရမည္ဟု ေျပာၾကားခဲ့သည္။

AyeyarwaddyTimes