ၾကားသိသမွ်

မြန်မာစစ်တပ် လက်နက်ရရှိရေးလမ်းကြောင်းကို ပိတ်ဆို့ပေးဖို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာစစ်တပ် လက်နက်ရရှိရေးလမ်းကြောင်းကို ပိတ်ဆို့ပေးဖို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

BVJ-ဧပြီ၆ရက်၊၂၀၂၂

NUGအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတဲ့နိုင်ငံတွေကို တားမြစ်ပေးဖို့နဲ့ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်း ခဲ့ ပါတယ်။

ဧပြီလ၅ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို လက်နက်တွေနဲ့ နှင့် ဆက်စပ်နည်းပညာတွေ ရောင်းချနေတဲ့ နိုင်ငံတွေကို တားမြစ်ပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ အရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီးရဲ့မိန့်ခွန်းထဲမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ နျူကလီးယားလက်နက်များ အလုံးစုံပပျောက်ရေးတို့နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်။ဒါ့အပြင်ယူကရိန်းပြည်သူတွေရဲ့ ခံစားမှုတွေကို အပြည့်အဝနားလည်ပြီး ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ကြောင်း၊ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုတဲ့ အကြောင်းတွေပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ျမန္မာစစ္တပ္ လက္နက္ရရွိေရးလမ္းေၾကာင္းကို ပိတ္ဆို႔ေပးဖို႔ ကုလသမဂၢမွာ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း တိုက္တြန္း

BVJ-ဧၿပီ၆ရက္၊၂၀၂၂

NUGအစိုးရရဲ့ ကုလသမဂၢဆိုင္ရာ အျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ကုလသမဂၢလက္နက္ဖ်က္သိမ္းေရးေကာ္မရွင္ အစည္းအေဝးမွာ မိန႔္ခြန္းေျပာၾကားခဲ့ၿပီး ျမန္မာစစ္တပ္ကို လက္နက္ေတြ ေရာင္းခ်ေနတဲ့နိုင္ငံေတြကို တားျမစ္ေပးဖို႔နဲ႔ လက္နက္ရရွိနိုင္ေရး လမ္းေၾကာင္းေတြကို ပိတ္ဆို႔ေပးဖို႔ ပူးေပါင္းေဆာင္ရြက္ေပးၾကဖို႔ အဖြဲ႕ဝင္နိုင္ငံေတြကို တိုက္တြန္း ခဲ့ ပါတယ္။

ဧၿပီလ၅ရက္ေန႔မွာ က်င္းပခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ကုလသမဂၢလက္နက္ဖ်က္သိမ္းေရးေကာ္မရွင္ရဲ့ အေထြေထြေဆြးေႏြးမႈအစီအစဥ္မွာ အဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္ ျမန္မာစစ္တပ္ကို လက္နက္ေတြနဲ႔ ႏွင့္ ဆက္စပ္နည္းပညာေတြ ေရာင္းခ်ေနတဲ့ နိုင္ငံေတြကို တားျမစ္ေပးဖို႔နဲ႔ ျမန္မာစစ္တပ္ရဲ့ လက္နက္ရရွိနိုင္ေရး လမ္းေၾကာင္းေတြကို ပိတ္ဆို႔ေပးဖို႔ အေရး ပူးေပါင္းေဆာင္ရြက္ေပးၾကဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက တိုက္တြန္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သံအမတ္ႀကီးရဲ့မိန႔္ခြန္းထဲမွာ န်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး၊ န်ဴကလီးယားလက္နက္မ်ား အလုံးစုံပေပ်ာက္ေရးတို႔နဲ႔ ပတ္သက္တဲ့ ျမန္မာနိုင္ငံရဲ့ ရပ္တည္ခ်က္။ဒါ့အျပင္ယူကရိန္းျပည္သူေတြရဲ့ ခံစားမႈေတြကို အျပည့္အဝနားလည္ၿပီး ယူကရိန္းျပည္သူမ်ားႏွင့္အတူ ခိုင္မာစြာရပ္တည္ေၾကာင္း၊ ယူကရိန္းနိုင္ငံ အေပၚ က်ဴးေက်ာ္တိုက္ခိုက္ေနမႈမ်ားကို ခ်က္ခ်င္းရပ္တန္႔ေပးရန္ ေတာင္းဆိုတဲ့ အေၾကာင္းေတြပါ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။