ၾကားသိသမွ်

ဒေါ်လာနှင့်ပတ်သပ်၍ပိတ်ပင်မှုများတွင်စစ် ကောင်စီနှင့် ၎င်းတိုလက် အောက်ကဌာနများမပါဟုထပ်မံထုတ်ပြန်

ဒေါ်လာနှင့်ပတ်သပ်၍ပိတ်ပင်မှုများတွင်စစ် ကောင်စီနှင့် ၎င်းတိုလက် အောက်ကဌာနများမပါဟုထပ်မံထုတ်ပြန်

ဧပြီလ ၅ ရက်

ပြည်ပမှ ရလာသည့် နိုင်ငံခြားငွေများကို ၂၄ နာရီအတွင်းရောင်းချရန်နှင့် ပြည်ပသို နိုင်ငံခြားငွေလွှခွင့်ကို ပိတ်ပင်ရာတွင် စစ်ကောင်စီနှင့် ၎င်းတိုထိန်းချုပ်ထားသည့် ဌာနများ မပါဝင်ကြောင်း အကြမ်းဖက်စစ်ကောက်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ထပ်မံထုတ်ပြန်သည်။

အများပြည်သူများသည် ပြည်ပမှရသည့် နိုင်ငံခြားငွေများကို ဘဏ်အကောင့်တွင်းဝင်ရောက်ပါက တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းဘဏ်များသို မဖြစ်မ နေရောင်းချရမည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဧပြီ ၃ရက်ကဖိအား ပေးထားသည်။

ထိုအပြင် ပြည်ပသို နိုင်ငံခြားငွေများလွှပြောင်းရာတွင် စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မူ ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဟုကန့်သတ်ထားသည်။

ထိုကန့်သတ်မူများကြောင့် ပြည်တွင်းဘဏ်များက နိုင်ငံခြားငွေ ထည့်သွင်းထားသည့် ဘဏ်အကောင့်များကို ဧပြီ ၄ ရက်စတင်ပြီး အသုံးပြုခွင့်ပိတ်ခဲ့သည်။ နိုင်ငံခြားငွေချေစနစ်ဖြစ်သည့် VISA ၊ Master ကတ်များ အားလုံး အသုံးပြု၍ မရတော့ပေ။


ယခုအခါ ထိုကန့်သတ်ချက်များတွင် စစ်ကောင်စီနှင့် ၎င်းတို့လက်​အောက်ခံဌာနများပါဝင်ခြင်းမရှိ ဧပြီ ၅ရက် (ယနေ့)တွင်ပြန်လည်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီလိုဖြစ်လာမယ်ဆိုတာ မှန်းဆထားပြီးသားပါ။ သာမန်ပြည်သူတွေကိုတော့ ဒေါ်လာမကိုင်နဲ့ ငါတို့ဘဲ ကိုင်မယ်ဆိုတဲ့ သဘောပါပဲ”ဟုကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိကာလတွင် စစ်ကောင်စီကနိုင်ငံခြားငွေ လိုအပ်ချက်ကြီးမားနေခြင်းကြောင့် ပြည်သူပိုင်ဒေါ်လာများကို အဓမ္မသိမ်းယူခြင်းဖြစ်သည်ဟု အထက်ပါပို့ကုန်လုပ်ငန်းရှင်ကဆက်​ပြောသည်။ #People’s Spring

ေဒၚလာႏွင့္ပတ္သပ္၍ပိတ္ပင္မႈမ်ားတြင္စစ္ ေကာင္စီႏွင့္ ၎တိုလက္ ေအာက္ကဌာနမ်ားမပါဟုထပ္မံထုတ္ျပန္
ဧၿပီလ ၅ ရက္

ျပည္ပမွ ရလာသည့္ နိုင္ငံျခားေငြမ်ားကို ၂၄ နာရီအတြင္းေရာင္းခ်ရန္ႏွင့္ ျပည္ပသို နိုင္ငံျခားေငြလႊခြင့္ကို ပိတ္ပင္ရာတြင္ စစ္ေကာင္စီႏွင့္ ၎တိုထိန္းခ်ဳပ္ထားသည့္ ဌာနမ်ား မပါဝင္ေၾကာင္း အၾကမ္းဖက္စစ္ေကာက္စီလက္ေအာက္ခံ ဗဟိုဘဏ္က ယေန႔ထပ္မံထုတ္ျပန္သည္။

အမ်ားျပည္သူမ်ားသည္ ျပည္ပမွရသည့္ နိုင္ငံျခားေငြမ်ားကို ဘဏ္အေကာင့္တြင္းဝင္ေရာက္ပါက တစ္ရက္အတြင္း တစ္ေဒၚလာကို ၁၈၅၀ က်ပ္ႏႈန္းျဖင့္ ျပည္တြင္းဘဏ္မ်ားသို မျဖစ္မ ေနေရာင္းခ်ရမည္ဟု အၾကမ္းဖက္စစ္ေကာင္စီထိန္းခ်ဳပ္ထားသည့္ ဗဟိုဘဏ္က ဧၿပီ ၃ရက္ကဖိအား ေပးထားသည္။

ထိုအျပင္ ျပည္ပသို နိုင္ငံျခားေငြမ်ားလႊေျပာင္းရာတြင္ စစ္ေကာင္စီ၏ နိုင္ငံျခားသုံးေငြႀကီးၾကပ္မူ ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္သာေဆာင္ရြက္ရမည္ဟုကန႔္သတ္ထားသည္။

ထိုကန႔္သတ္မူမ်ားေၾကာင့္ ျပည္တြင္းဘဏ္မ်ားက နိုင္ငံျခားေငြ ထည့္သြင္းထားသည့္ ဘဏ္အေကာင့္မ်ားကို ဧၿပီ ၄ ရက္စတင္ၿပီး အသုံးျပဳခြင့္ပိတ္ခဲ့သည္။ နိုင္ငံျခားေငြေခ်စနစ္ျဖစ္သည့္ VISA ၊ Master ကတ္မ်ား အားလုံး အသုံးျပဳ၍ မရေတာ့ေပ။

ယခုအခါ ထိုကန႔္သတ္ခ်က္မ်ားတြင္ စစ္ေကာင္စီႏွင့္ ၎တို႔လက္​ေအာက္ခံဌာနမ်ားပါဝင္ျခင္းမရွိ ဧၿပီ ၅ရက္ (ယေန႔)တြင္ျပန္လည္ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

“ဒီလိုျဖစ္လာမယ္ဆိုတာ မွန္းဆထားၿပီးသားပါ။ သာမန္ျပည္သူေတြကိုေတာ့ ေဒၚလာမကိုင္နဲ႔ ငါတို႔ဘဲ ကိုင္မယ္ဆိုတဲ့ သေဘာပါပဲ”ဟုကုန္လုပ္ငန္းရွင္တစ္ဦးကေျပာသည္။

လက္ရွိကာလတြင္ စစ္ေကာင္စီကနိုင္ငံျခားေငြ လိုအပ္ခ်က္ႀကီးမားေနျခင္းေၾကာင့္ ျပည္သူပိုင္ေဒၚလာမ်ားကို အဓမၼသိမ္းယူျခင္းျဖစ္သည္ဟု အထက္ပါပို႔ကုန္လုပ္ငန္းရွင္ကဆက္​ေျပာသည္။ #People’s Spring