ၾကားသိသမွ်

YRF၏ မြေပေါ်မြေအောက်လှုပ်ရှားမှုများ လုပ်ကိုင်ရန် “သံမဏိနှင်းဆီ” ပုံတူပန်းချီအား လေလံတင်ခြင်း

Yangon Revolution Force ၏ မြေပေါ်မြေအောက်လှုပ်ရှားမှုများ လုပ်ကိုင်ရန် “သံမဏိနှင်းဆီ” ပုံတူပန်းချီအား လေလံတင်ခြင်း

ဧပြီလ ၅ ရက်

YRF အနေနှင့် မြေပေါ်မြေအောက် လှုပ်ရှားမှုများကို လုပ်ကိုင်ဆောင်ရွက်ရန် အကူညီ လိုအပ်နေပါဖြင့် အဖွဲကို လှူဒါန်းထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားချပ်ကို လေခံတင်ရောင်းချလိုပါသည်။

ပန်းချီကားကို Artist Nova မှ ရေးဆွဲထားပြီး “သံမဏိ နှင်းဆီ” ဟု အမည်ပေးထားပါသည်။ ပန်းချီကားမှာ ၃၀ လက်မ x ၄၃ လက်မ အရွယ်အစားရှိပါသည်။ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ပြည်ပမှ Bank Account များဖြင့်သာ ငွေလက်ခံပေးနိုင်မှာဖြစ်ပြီး လေလံအောင်သူရှိရာ ပြည်ပနိုင်ငံများသိုလဲ ရောက်အောင်ပိုဆောင်ပေးသွားမှာ ဖြစ်ပါသည်။


ယခုမှစပြီး YRF page သို့ message ပို့ပြီး လေလံတင်နိုင်သလို Telegram @yrf_finance ကိုလည်းဆက်သွယ်နိုင်ပါတယ်။ လေလံတင်ထားသော နောက်ဆုံးစျေးကို ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါသည်။ လေလံကို Aprilလ ၈ ရက်နေ့ ညနေ (၆)နာရီတွင် ပိတ်သွားမှာဖြစ်ပါသည်။

YRF အနေဖြင့် အရေးပေါ်လိုအပ်ချက်များ ရှိနေတာဖြစ်သောကြောင့် အများပြည်သူအနေနှင့် ကူညီပံ့ပိုးကြမည်ဖြစ်ကြောင်းကိုလဲ ယုံကြည်ပါသည်။

Yangon Revolution Force – YRF
(ရန်ကုန်တော်လှန်ရေးအင်အားစု)

#D-Day Channel

Yangon Revolution Force ၏ ေျမေပၚေျမေအာက္လႈပ္ရွားမႈမ်ား လုပ္ကိုင္ရန္ “သံမဏိႏွင္းဆီ” ပုံတူပန္းခ်ီအား ေလလံတင္ျခင္း

ဧၿပီလ ၅ ရက္

YRF အေနႏွင့္ ေျမေပၚေျမေအာက္ လႈပ္ရွားမႈမ်ားကို လုပ္ကိုင္ေဆာင္ရြက္ရန္ အကူညီ လိုအပ္ေနပါျဖင့္ အဖြဲကို လႉဒါန္းထားတဲ့ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ ပုံတူပန္းခ်ီကားခ်ပ္ကို ေလခံတင္ေရာင္းခ်လိုပါသည္။

ပန္းခ်ီကားကို Artist Nova မွ ေရးဆြဲထားၿပီး “သံမဏိ ႏွင္းဆီ” ဟု အမည္ေပးထားပါသည္။ ပန္းခ်ီကားမွာ ၃၀ လက္မ x ၄၃ လက္မ အရြယ္အစားရွိပါသည္။ လုံျခဳံေရးဆိုင္ရာ လိုအပ္ခ်က္မ်ားေၾကာင့္ ျပည္ပမွ Bank Account မ်ားျဖင့္သာ ေငြလက္ခံေပးနိုင္မွာျဖစ္ၿပီး ေလလံေအာင္သူရွိရာ ျပည္ပနိုင္ငံမ်ားသိုလဲ ေရာက္ေအာင္ပိုေဆာင္ေပးသြားမွာ ျဖစ္ပါသည္။

ယခုမွစၿပီး YRF page သို႔ message ပို႔ၿပီး ေလလံတင္နိုင္သလို Telegram @yrf_finance ကိုလည္းဆက္သြယ္နိုင္ပါတယ္။ ေလလံတင္ထားေသာ ေနာက္ဆုံးေစ်းကို ျပန္လည္ေျဖၾကားေပးသြားမွာျဖစ္ပါသည္။ ေလလံကို Aprilလ ၈ ရက္ေန႔ ညေန (၆)နာရီတြင္ ပိတ္သြားမွာျဖစ္ပါသည္။

YRF အေနျဖင့္ အေရးေပၚလိုအပ္ခ်က္မ်ား ရွိေနတာျဖစ္ေသာေၾကာင့္ အမ်ားျပည္သူအေနႏွင့္ ကူညီပံ့ပိုးၾကမည္ျဖစ္ေၾကာင္းကိုလဲ ယုံၾကည္ပါသည္။

Yangon Revolution Force – YRF
(ရန္ကုန္ေတာ္လွန္ေရးအင္အားစု)

#D-Day Channel