ၾကားသိသမွ်

ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အလင်းဝင်မှုနှင့်ပက်သက်၍ တပ်ရင်း ၄ခုက တပ်ရင်းမှူးများ အစစ်ဆေးခံနေရ

ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အလင်းဝင်မှုနှင့်ပက်သက်၍ တပ်ရင်း ၄ခုက တပ်ရင်းမှူးများ အစစ်ဆေးခံနေရ

ဧပြီလ ၅ ရက်

ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်သည် ဧပြီ ၂ရက်နေ့က ကူးပြောင်းအလင်းဝင်လာခဲ့ပါတယ် ။ ထိုအလင်းဝင်လာတဲ့ ဒုတပ်ရင်းမှူးနဲ့ပက်သက်၍ အာဏာသိမ်းစစ်တပ်က တပ်ရင်းမှုး ၄ဦးကို စစ်ဆေးမေးမြန်းမှုများရှိနေတယ်လိုလည်း FNCCရဲ့သတင်းအရင်းမြစ်များအရ သိရှိရပါတယ် ။

အစစ်ဆေးခံနေရသော တပ်ရင်းမှူးများ၏ တပ်ရင်းများကို တိတိကျကျ သိရှိရခြင်းမရှိသေးသော်လည်း အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် တမခ ၂၂၏ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းလတ်ကိုတော့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေတယ်လို သိရှိရပါတယ် ။ဗိုလ်မှူးကြီး ဇော်မင်းလတ်ကိုတော့ ဗိုလ်မှူးတင်လင်းအောင် အလင်းဝင်ခဲ့တဲ့နေ့မှာပဲ ဖမ်းဆီးခဲ့တယ်လို သတင်းရင်းမြစ်များအရ သိရပါတယ် ။

တပ်မဟာ ၂၂ သည် ၈လေးလုံးအရေးတော်ပုံအတွင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော ပြည်သူများကို ရက်စက်စွာ ဖြိုခွင်းခဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော တပ်မလည်းဖြစ်သည် ။

တပ်ရင်းမှူး ၄ဦး ဖမ်းဆီးစစ်ဆေးမှုနှင့်ပက်သက်၍ သတင်းထွက်နေသော လက်အောက်ခံတပ်ရင်း ၄ခုအမည်များမှာ ခမရ ၂၀၁ ဘားအံ၊ ခမရ ၂၀၃ မြိုင်ကလေး၊ ခမရ ၂၀၄ မြိုင်ကလေး၊ ခမရ ၂၀၈ ကျိုက်မရောတိုဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည် ။@FNCC

ခမရ ၅၈၅ ဒုတပ္ရင္းမႉး ဗိုလ္မႉးတင္လင္းေအာင္ အလင္းဝင္မႈႏွင့္ပက္သက္၍ တပ္ရင္း ၄ခုက တပ္ရင္းမႉးမ်ား အစစ္ေဆးခံေနရ

ဧၿပီလ ၅ ရက္

ခမရ ၅၈၅ ဒုတပ္ရင္းမႉး ဗိုလ္မႉးတင္လင္းေအာင္သည္ ဧၿပီ ၂ရက္ေန႔က ကူးေျပာင္းအလင္းဝင္လာခဲ့ပါတယ္ ။ ထိုအလင္းဝင္လာတဲ့ ဒုတပ္ရင္းမႉးနဲ႔ပက္သက္၍ အာဏာသိမ္းစစ္တပ္က တပ္ရင္းမႈး ၄ဦးကို စစ္ေဆးေမးျမန္းမႈမ်ားရွိေနတယ္လိုလည္း FNCCရဲ့သတင္းအရင္းျမစ္မ်ားအရ သိရွိရပါတယ္ ။

အစစ္ေဆးခံေနရေသာ တပ္ရင္းမႉးမ်ား၏ တပ္ရင္းမ်ားကို တိတိက်က် သိရွိရျခင္းမရွိေသးေသာ္လည္း အမွတ္ ၂၂ ေျချမန္တပ္မဌာနခ်ဳပ္ တမခ ၂၂၏ တပ္မမႉးျဖစ္သူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းလတ္ကိုေတာ့ အာဏာသိမ္းစစ္တပ္က ဖမ္းဆီးစစ္ေဆးမႈမ်ား ရွိေနတယ္လို သိရွိရပါတယ္ ။ဗိုလ္မႉးႀကီး ေဇာ္မင္းလတ္ကိုေတာ့ ဗိုလ္မႉးတင္လင္းေအာင္ အလင္းဝင္ခဲ့တဲ့ေန႔မွာပဲ ဖမ္းဆီးခဲ့တယ္လို သတင္းရင္းျမစ္မ်ားအရ သိရပါတယ္ ။

တပ္မဟာ ၂၂ သည္ ၈ေလးလုံးအေရးေတာ္ပုံအတြင္း ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့ေသာ ျပည္သူမ်ားကို ရက္စက္စြာ ၿဖိဳခြင္းခဲ့ျခင္းေၾကာင့္ နာမည္ဆိုးျဖင့္ေက်ာ္ၾကားခဲ့ေသာ တပ္မလည္းျဖစ္သည္ ။

တပ္ရင္းမႉး ၄ဦး ဖမ္းဆီးစစ္ေဆးမႈႏွင့္ပက္သက္၍ သတင္းထြက္ေနေသာ လက္ေအာက္ခံတပ္ရင္း ၄ခုအမည္မ်ားမွာ ခမရ ၂၀၁ ဘားအံ၊ ခမရ ၂၀၃ ၿမိဳင္ကေလး၊ ခမရ ၂၀၄ ၿမိဳင္ကေလး၊ ခမရ ၂၀၈ က်ိဳက္မေရာတိုျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္ ။@FNCC