ၾကားသိသမွ်

NUG ရဲ့ ကမ်းလှမ်းချက်ကို ULA/AA တပ်မတော်နေ့ ကျင်းပပြီးမှ ဆွေးနွေးဆုံးဖြတ်မယ်လို့ဆို

NUG ရဲ့ ကမ်းလှမ်းချက်ကို ULA/AA တပ်မတော်မနေ့ ကျင်းပပြီးမှ ဆွေးနွေးဆုံးဖြတ်မယ်လို့ဆို

ဧပြီ ၅၊ ၂၀၂၂

ဒီနေ့ကျင်းပတဲ့ ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းထောင်တစ်ဦးရဲ့ မေးမြန်းချက်ကိုပြန်လည်ဖြေကြားရာမှာ NUG နဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ULA/AA တပ်တော်နေ့ ကျင်းပပြီးမှ ဆွေးနွေးဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

“NUG နဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းထားတယ်ဆိုတာမှန်ပါတယ်။ အခုကျွန်တော်တို့ တပ်တော်နေ့ ကျင်းပဖို့ အလုပ်ရှုပ်နေလို့ တပ်တော်နေ့ နောက်ပိုင်းမှသာ ULA/AA မှာဆွေးနွေးဆုံးဖြတ်ဖို့ရှိပါတယ်” လို့ပြန်လည် ဖြေကြားပါတယ်။

NUG ရဲ့ကမ်းလှမ်းချက်ကို အပြုသဘောဆောင် ကြိုဆိုပါတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ချီးကျူးတဲ့အပြင် AA ရဲ့ လက်ရှိအခြေအနေ နဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်လို့ လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ #Bvj

NUG ရဲ့ ကမ္းလွမ္းခ်က္ကို ULA/AA တပ္ေတာ္ေန႔ က်င္းပၿပီးမွ ေဆြးေႏြးဆုံးျဖတ္မယ္လို႔ဆို

ဧၿပီ ၅၊ ၂၀၂၂

ဒီေန႔က်င္းပတဲ့ ULA/AA သတင္းစာရွင္းလင္းပြဲမွာ ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက သတင္းေထာင္တစ္ဦးရဲ့ ေမးျမန္းခ်က္ကိုျပန္လည္ေျဖၾကားရာမွာ NUG နဲ႔ အလြတ္သေဘာေတြ႕ဆုံဖို႔ ကမ္းလွမ္းခ်က္ကို ULA/AA တပ္ေတာ္ေန႔ က်င္းပၿပီးမွ ေဆြးေႏြးဆုံးျဖတ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“NUG နဲ႔ အလြတ္သေဘာေတြ႕ဆုံဖို႔ ကမ္းလွမ္းထားတယ္ဆိုတာမွန္ပါတယ္။ အခုကၽြန္ေတာ္တို႔ တပ္ေတာ္ေန႔ က်င္းပဖို႔ အလုပ္ရႈပ္ေနလို႔ တပ္ေတာ္ေန႔ ေနာက္ပိုင္းမွသာ ULA/AA မွာေဆြးေႏြးဆုံးျဖတ္ဖို႔ရွိပါတယ္” လို႔ျပန္လည္ ေျဖၾကားပါတယ္။

NUG ရဲ့ကမ္းလွမ္းခ်က္ကို အျပဳသေဘာေဆာင္ ႀကိဳဆိုပါတယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။ စစ္အာဏာရွင္ျပဳတ္က်ေရး လုပ္ေဆာင္ေနတဲ့ မ်ိဳးဆက္သစ္လူငယ္ေတြကို ခ်ီးက်ဴးတဲ့အျပင္ AA ရဲ့ လက္ရွိအေျခအေန နဲ႔ကိုက္ညီတဲ့ နိုင္ငံေရးကိုသုံးသပ္ၿပီး ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိပါတယ္လို႔ လည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ #Bvj