ၾကားသိသမွ်

သစ်ခိုးထုတ်နေတယ်လို ဆိုတဲ့ မော်လိုက်မြို သစ်တောရုံး ဖောက်ခွဲတိုက်ခိုက်ခံရ၊

သစ်ခိုးထုတ်နေတယ်လို ဆိုတဲ့ မော်လိုက်မြို သစ်တောရုံး ဖောက်ခွဲတိုက်ခိုက်ခံရ၊

ဧပြီလ ၅ ရက်

စစ်ကိုင်းတိုင်း မော်လိုက်မြိုရှိ စစ်ကောင်စီ လက်အောက်ခံ သစ်တောရုံး ဒီကနေ့ မနက်ပိုင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး အဆောက်အဦး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ(၅)ရက် မနက်(၆)နာရီလောက်မှာ မော်လိုက်မြို၊ မြိုမ(၂)ရပ်ကွက်၊ အောင်မင်္ဂလာရပ်မှာ ရှိတဲ့ မော်လိုက်မြိုနယ် သစ်တောရုံးဝန်းထဲ ဗုံးပေါက်ကွဲခဲ့တာလို ဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် သစ်တောရုံး အဆောက်အဦးရဲ့ ခေါင်မိုး၊ ခုံတန်းလျှားနှင့် ပြတင်းမှန်တချို ထိခိုက် ပျက်ဆီးခဲ့ပြီး ရုံးဝန်းထဲမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ထပ်မံတွေ့ရှိခဲ့တယ်လို စစ်အုပ်စု အသိုင်းအဝိုင်းက ဆိုပါတယ်။

အဲ့ဒီ ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေမယ့် မော်လိုက် သစ်တောရုံးက စကစ လက်အောက်ခံ ဝန်ထမ်းတွေဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေတဲ့အတွက် သတိပေး ဖောက်ခွဲတာ ဖြစ်မယ်လို့ ဒေသခံတချို့က သုံးသပ်ကြောင်း မော်လိုက် သတင်းကလည်း ဖော်ပြပါတယ်။

ဒါ့အပြင် မော်လိုက်မြို့၊ သစ်တောရုံးအတွင်း မိုင်းပေါက်ကွဲမှုဟာ နှစ်ကြိမ် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး မနေ့ည (၁၂)နာရီလောက်မှ တစ်ကြိမ်နဲ့ ဒီကနေ့ မနက်ပိုင်းမှာ စစ်အုပ်စု လာရောက်စစ်ဆေးချိန်မှာ တစ်ကြိမ် ပေါက်ကွဲခဲ့တာလို့ မော်လိုက်သတင်းက ဆိုပါတယ်။

အဲဒီ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း မော်လိုက်မြို့ သစ်တောရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်/Photo – S

သစ္ခိုးထုတ္ေနတယ္လို ဆိုတဲ့ ေမာ္လိုက္ၿမိဳ သစ္ေတာ႐ုံး ေဖာက္ခြဲတိုက္ခိုက္ခံရ၊

ဧၿပီလ ၅ ရက္

စစ္ကိုင္းတိုင္း ေမာ္လိုက္ၿမိဳရွိ စစ္ေကာင္စီ လက္ေအာက္ခံ သစ္ေတာ႐ုံး ဒီကေန႔ မနက္ပိုင္း မိုင္းေဖာက္ခြဲ တိုက္ခိုက္ခံရၿပီး အေဆာက္အဦး ထိခိုက္ပ်က္စီးမႈ ရွိခဲ့တယ္လို ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔ ဧၿပီ(၅)ရက္ မနက္(၆)နာရီေလာက္မွာ ေမာ္လိုက္ၿမိဳ၊ ၿမိဳမ(၂)ရပ္ကြက္၊ ေအာင္မဂၤလာရပ္မွာ ရွိတဲ့ ေမာ္လိုက္ၿမိဳနယ္ သစ္ေတာ႐ုံးဝန္းထဲ ဗုံးေပါက္ကြဲခဲ့တာလို ဆိုပါတယ္။

အဲ့ဒီေပါက္ကြဲမႈေၾကာင့္ သစ္ေတာ႐ုံး အေဆာက္အဦးရဲ့ ေခါင္မိုး၊ ခုံတန္းလၽွားႏွင့္ ျပတင္းမွန္တခ်ိဳ ထိခိုက္ ပ်က္ဆီးခဲ့ၿပီး ႐ုံးဝန္းထဲမွာ မေပါက္ကြဲေသးတဲ့ လက္လုပ္မိုင္း ထပ္မံေတြ႕ရွိခဲ့တယ္လို စစ္အုပ္စု အသိုင္းအဝိုင္းက ဆိုပါတယ္။

အဲ့ဒီ ေဖာက္ခြဲမႈႏွင့္ ပတ္သက္ၿပီး အေသးစိတ္ မသိရေသးေပမယ့္ ေမာ္လိုက္ သစ္ေတာ႐ုံးက စကစ လက္ေအာက္ခံ ဝန္ထမ္းေတြဟာ စစ္အုပ္စုနဲ႔ ေပါင္းၿပီး သစ္ခိုးထုတ္ေနတဲ့အတြက္ သတိေပး ေဖာက္ခြဲတာ ျဖစ္မယ္လို႔ ေဒသခံတခ်ိဳ႕က သုံးသပ္ေၾကာင္း ေမာ္လိုက္ သတင္းကလည္း ေဖာ္ျပပါတယ္။

ဒါ့အျပင္ ေမာ္လိုက္ၿမိဳ႕၊ သစ္ေတာ႐ုံးအတြင္း မိုင္းေပါက္ကြဲမႈဟာ ႏွစ္ႀကိမ္ ေပါက္ကြဲခဲ့တာ ျဖစ္ၿပီး မေန႔ည (၁၂)နာရီေလာက္မွ တစ္ႀကိမ္နဲ႔ ဒီကေန႔ မနက္ပိုင္းမွာ စစ္အုပ္စု လာေရာက္စစ္ေဆးခ်ိန္မွာ တစ္ႀကိမ္ ေပါက္ကြဲခဲ့တာလို႔ ေမာ္လိုက္သတင္းက ဆိုပါတယ္။

အဲဒီ ေပါက္ကြဲမႈႏွင့္ပတ္သက္ၿပီး MFP အေနနဲ႔ သီးျခား အတည္ျပဳနိုင္တာေတာ့ မရွိေသးပါဘူး။

စစ္ကိုင္းတိုင္း ေမာ္လိုက္ၿမိဳ႕ သစ္ေတာ႐ုံးအတြင္း ေပါက္ကြဲမႈ ျဖစ္ပြားခဲ့စဥ္/Photo – S