ၾကားသိသမွ်

ထိုင်းတွင် အမျိုးသမီး ၃ ဦးက အမျိုးသား ၁ ဦးအား တောင်းရမ်းလက်ထပ်

ထိုင်းတွင် အမျိုးသမီး ၃ ဦးက အမျိုးသား ၁ ဦးအား တောင်းရမ်းလက်ထပ်

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင် ဘန်းယိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတို့သား ၁ ဦးနဲ့ သတို့သမီး ၃ ဦးတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။

အဆိုပါလက်ထပ်ပွဲမှာ အမျိုးသမီး ၃ ဦးက သူတို့စုဆောင်းထားတဲ့ ရွှေ ငွေတွေနဲ့ သတို့သားကို ဝိုင်းပြီး တင်တောင်းခဲ့တာပါ။

ကံထူးသူ သတို့သားကတော့ အသက် ၃၅ နှစ်ရွယ်ရှိ နိုင်းဆူဖရိုတ် ချန်းချိတ်ဆတ် ခေါ် မော်ဆေ (ဆရာကျား) ဆိုသူပဲဖြစ်ပါတယ်။

သူဟာ မိရိုးဖလာ ပုဏ္ဏား Brahmanism ကို ကိုးကွယ်ယုံကြည်ပြီး တိုင်းရင်းဆေးဆရာ၊ ပုရောဟိတ်ဆရာတဦးလည်း ဖြစ်ပါတယ်။


သူတို့မင်္ဂလာဆောင်ပွဲမှာ အမျိုးသမီးက အမျိုးသားကို တင်တောင်းတာဟာ ပုဏ္ဏားတို့ ဓလေ့ထုံးစံအရ လုပ်ဆောင်တာလို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီး ၃ ဦး နဲ့ သူဟာ လက်မထပ်ခင် အတူနေလာကြတာ ကလေး ၉ ဦးရှိပြီဖြစ်ပြီး ဘဝမှာ တခါလောက် မင်္ဂလာဆောင်ပွဲလေး လုပ်ချင်တယ်လို့ ဇနီးတွေက ပူဆာတာနဲ့ သူတို့မှာရှိတဲ့ ငွေတွေ စုဆောင်းပြီး သားသမီးတွေနဲ့အတူ စည်ကားတဲ့ မင်္ဂလာဆောင်ပွဲကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က သူတို့နေအိမ်မှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ပထမဆုံးဇနီးသည်မှာ နုတ်ကျရင်း (၃၀ နှစ်) ဖြစ်ပြီး ၁၆ နှစ်တာ ပေါင်းသင်းလာကာ သား ၁ ယောက်၊ သမီး ၃ ယောက် ရှိပါတယ်။

ဒုတိယဇနီးမှာ ဖစ်ချယား (၃၅ နှစ်) ဖြစ်ပြီး ၉ နှစ်တာ ပေါင်းသင်းလာကာ သား ၃ ယောက်၊ သမီး ၁ ယောက် ရှိပါတယ်။

တတိယဇနီးမှာ ကဝင်ထိဒါး (၃၁ နှစ်) ဖြစ်ပြီး ၇ နှစ် ပေါင်းသင်းကာ သမီး ၁ ယောက် ရှိပါတယ်။


သူတို့ဟာ တအိမ်တည်း နေထိုင်ကြပြီး အိမ်ထောင့်တာဝန်၊ စီးပွားရေးနဲ့ သားသမီးပြုစုတာတွေကို ဝိုင်းဝန်းကူညီကြကြောင်း၊ သူတို့ရဲ့ဆေးခန်းမှာ လစဉ် လူနာ ၄၀၀ – ၅၀၀ ကြား လာရောက်ကုသတာကြောင့် ပထမဇနီးက လူနာမှတ်တမ်း စီစဉ်တာ၊ ဒုတိယဇနီးက လူနာ စစ်ဆေးတာ၊ တတိယဇနီးက ကိုယ်ရေးမန်နေဂျာနဲ့ ကလေး ၉ ယောက်ကို ပြုစုတာ စသဖြင့် တာဝန်ခွဲယူကြတယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲကို မိဘဆွေမျိုးတွေပါ ပျော်ရွှင်စွာလာရောက်ဆင်နွှဲပြီး မော်ဆေကလည်း ဇနီး ၃ ယောက်လုံးကို မင်္ဂလာလက်စွပ် ၁ ကွင်းစီ ပြန်ဝတ်ပေးကာ ပထမဇနီးအား တသက်လုံးကျွန်ခံမယ်၊ ဒုတိယဇနီးအား ရိုးမြေကျပေါင်းသင်းမယ်၊ တတိယဇနီးအား တသက်လုံးအတူတူ ချမ်းသာကြွယ်ဝသွားကြမယ်ဆိုတဲ့ မတူညီတဲ့ကတိတွေပေးခဲ့တယ်လို့ ဆိုပါတယ်။ #credit

Zawgyi

ထိုင္းတြင္ အမ်ိဳးသမီး ၃ ဦးက အမ်ိဳးသား ၁ ဦးအား ေတာင္းရမ္းလက္ထပ္

ထိုင္းနိုင္ငံအလယ္ပိုင္း ႏြန္ထပူရီခရိုင္ ဘန္းယိုင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက သတို႔သား ၁ ဦးနဲ႔ သတို႔သမီး ၃ ဦးတို႔ရဲ့ မဂၤလာလက္ထပ္ပြဲ က်င္းပခဲ့ပါတယ္။

အဆိုပါလက္ထပ္ပြဲမွာ အမ်ိဳးသမီး ၃ ဦးက သူတို႔စုေဆာင္းထားတဲ့ ေရႊ ေငြေတြနဲ႔ သတို႔သားကို ဝိုင္းၿပီး တင္ေတာင္းခဲ့တာပါ။

ကံထူးသူ သတို႔သားကေတာ့ အသက္ ၃၅ ႏွစ္ရြယ္ရွိ နိုင္းဆူဖရိုတ္ ခ်န္းခ်ိတ္ဆတ္ ေခၚ ေမာ္ေဆ (ဆရာက်ား) ဆိုသူပဲျဖစ္ပါတယ္။

သူဟာ မိရိုးဖလာ ပုဏၰား Brahmanism ကို ကိုးကြယ္ယုံၾကည္ၿပီး တိုင္းရင္းေဆးဆရာ၊ ပုေရာဟိတ္ဆရာတဦးလည္း ျဖစ္ပါတယ္။

သူတို႔မဂၤလာေဆာင္ပြဲမွာ အမ်ိဳးသမီးက အမ်ိဳးသားကို တင္ေတာင္းတာဟာ ပုဏၰားတို႔ ဓေလ့ထုံးစံအရ လုပ္ေဆာင္တာလို႔ ဆိုပါတယ္။

အဆိုပါအမ်ိဳးသမီး ၃ ဦး နဲ႔ သူဟာ လက္မထပ္ခင္ အတူေနလာၾကတာ ကေလး ၉ ဦးရွိၿပီျဖစ္ၿပီး ဘဝမွာ တခါေလာက္ မဂၤလာေဆာင္ပြဲေလး လုပ္ခ်င္တယ္လို႔ ဇနီးေတြက ပူဆာတာနဲ႔ သူတို႔မွာရွိတဲ့ ေငြေတြ စုေဆာင္းၿပီး သားသမီးေတြနဲ႔အတူ စည္ကားတဲ့ မဂၤလာေဆာင္ပြဲကို ၿပီးခဲ့တဲ့ မတ္ ၂၉ ရက္ေန႔က သူတို႔ေနအိမ္မွာပဲ က်င္းပခဲ့တာျဖစ္ပါတယ္။

ပထမဆုံးဇနီးသည္မွာ ႏုတ္က်ရင္း (၃၀ ႏွစ္) ျဖစ္ၿပီး ၁၆ ႏွစ္တာ ေပါင္းသင္းလာကာ သား ၁ ေယာက္၊ သမီး ၃ ေယာက္ ရွိပါတယ္။

ဒုတိယဇနီးမွာ ဖစ္ခ်ယား (၃၅ ႏွစ္) ျဖစ္ၿပီး ၉ ႏွစ္တာ ေပါင္းသင္းလာကာ သား ၃ ေယာက္၊ သမီး ၁ ေယာက္ ရွိပါတယ္။

တတိယဇနီးမွာ ကဝင္ထိဒါး (၃၁ ႏွစ္) ျဖစ္ၿပီး ၇ ႏွစ္ ေပါင္းသင္းကာ သမီး ၁ ေယာက္ ရွိပါတယ္။

သူတို႔ဟာ တအိမ္တည္း ေနထိုင္ၾကၿပီး အိမ္ေထာင့္တာဝန္၊ စီးပြားေရးနဲ႔ သားသမီးျပဳစုတာေတြကို ဝိုင္းဝန္းကူညီၾကေၾကာင္း၊ သူတို႔ရဲ့ေဆးခန္းမွာ လစဥ္ လူနာ ၄၀၀ – ၅၀၀ ၾကား လာေရာက္ကုသတာေၾကာင့္ ပထမဇနီးက လူနာမွတ္တမ္း စီစဥ္တာ၊ ဒုတိယဇနီးက လူနာ စစ္ေဆးတာ၊ တတိယဇနီးက ကိုယ္ေရးမန္ေနဂ်ာနဲ႔ ကေလး ၉ ေယာက္ကို ျပဳစုတာ စသျဖင့္ တာဝန္ခြဲယူၾကတယ္လို႔ ဆိုပါတယ္။

မဂၤလာပြဲကို မိဘေဆြမ်ိဳးေတြပါ ေပ်ာ္ရႊင္စြာလာေရာက္ဆင္ႏႊဲၿပီး ေမာ္ေဆကလည္း ဇနီး ၃ ေယာက္လုံးကို မဂၤလာလက္စြပ္ ၁ ကြင္းစီ ျပန္ဝတ္ေပးကာ ပထမဇနီးအား တသက္လုံးကၽြန္ခံမယ္၊ ဒုတိယဇနီးအား ရိုးေျမက်ေပါင္းသင္းမယ္၊ တတိယဇနီးအား တသက္လုံးအတူတူ ခ်မ္းသာႂကြယ္ဝသြားၾကမယ္ဆိုတဲ့ မတူညီတဲ့ကတိေတြေပးခဲ့တယ္လို႔ ဆိုပါတယ္။ #credit