ၾကားသိသမွ်

Project Dragonfly အတွက် အမေးများတဲ့ မေးခွန်းတစ်ခုကို ပြောပြလာတဲ့ ပန်ဆယ်လို

Project Dragonfly အတွက် အမေးများတဲ့ မေးခွန်းတစ်ခုကို ပြောပြလာတဲ့ ပန်ဆယ်လို

Project Dragonfly အတွက် အမေးများတဲ့ မေးခွန်းတစ်ခုက Certificate ကိစ္စပါ။ ဂုဏ်ပြုမှတ်တမ်းလွှာ ရနိုင်မလားဆိုတဲ့ ကိစ္စပါ။

တကယ်တော့ သိန်းပေါင်းသောင်းချီပမာဏကို စုကြတာဖြစ်တဲ့အတွက် ပါဝင်သူလူဦးရေပမာဏကလည်း အင်မတန်များပါတယိ။ တစ်

ယောက်ချင်းစီကို Certificate ထုတ်ပေးဖို့ဆိုတာ အတော်ကိုခက်ခဲပါတယ်။


ဒါပေမယ့် အမှတ်တရ သိမ်းထားချင်လို့ပါဆိုသူတွေ၊ စုပေါင်းလှူကြတဲ့သူတွေအတွက် အထောက်အထားရချင်လို့ပါဆိုသူတွေအတွက်

ကျွန်မနဲ့ Click 2 Donate နဲ့ တိုင်ပင်ဖြစ်ကြပါတယ်။ ကျွန်မတို့ ကြိုးစားလုပ်ဆောင်ပေးပါ့မယ်။ ဒါပေမယ့် Project ကာလ ၁၀ ရက်အတွင်း

တော့ အလုပ်အရမ်းများနေတဲ့အတွက် မဖြစ်နိုင်ပါဘူး။

Project ၁၀ ရက်ပြီးနောက်ပိုင်း ကျွန်မတို့ Email Address တစ်ခု တင်ပေးပါ့မယ်။ အဲ့ဒီ့Email ကို ငွေလွှဲ Screenshot နဲ့ ဖော်ပြပေးစေ

ချင်တဲ့ အလှူရှင်နာမည်ကိုတွဲပြီး Email ပေးပို့ပေးပါ။ ငွေလွှဲ Screenshot တွေကို စိစစ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေကို Email ပြန်ပို့ပေး

မှာ ဖြစ်ပါတယ်။


ဒါကတော့ Optional ပါ။ လိုချင်သူတွေအတွက်ပါ။ အကုန်လုံးကို ပြန်စစ်ရမှာဆိုတော့ အတော်တော့ အချိန်ပေးလုပ်ရမှာပါ။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးလားဆိုတဲ့ မေးခွန်းအတွက် လုံလောက်တဲ့အဖြေလေး ဖြစ်မယ်ထင်ပါတယ်ရှင်။

ကဲ… ကဲ ဆက်ဆွဲကြရအောင်။

Road to One Million နော်။

ငှက်ပစ်လေးခွလေးမှာ လက်ဗွေရာလေး ထည့်ပေးကြရအောင်။#ပန်ဆယ်လို

ဘဏ်အကောင့်ရယူရန်Link 👇
https://nwayooweb.com