ၾကားသိသမွ်

ဆားလင်းကြီးရဲစခန်းကို PDF မဟာမိတ် ၁၀ ဖွဲ့က ၆၀ မမ စိန်ပြောင်းလက် နက်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)

ဆားလင်းကြီးရဲစခန်းကို PDF မဟာမိတ် ၁၀ ဖွဲ့က ၆၀ မမ စိန်ပြောင်းလက် နက်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ(ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရဲစခန်းကို PDF ၁၀ဖွဲ့ပေါင်းပြီး ၆၀ မမ လက်နက်စိန်ပြောင်း ၇ လက်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ Unity Force Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဧပြီ ၃ ရက်နေ့ ည ၉နာရီကျော်လောက်မှာ စတင်ပစ်ခတ်ခဲ့ပြီးတော့ စုစုပေါင်း အချက်ရေ ၄၀ ချက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Unity Force Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။


” ဆားလင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်ကအိမ်တွေကိုလည်းချိတ်တွေပိတ်တယ်၊ ပြည်သူပိုင်ပစ္စည်းတွေမတရားယူတယ်၊ပြည်သူတွေကတိုင် ကြားထားတာကြောင့် ခုခံတိုက်ခိုက်ရတာ၊၁၀ ဖွဲ့ပူးပေါင်းပြီးပစ်ခတ်ခဲ့တာ၊လက် နက်ကြီး ၆၀ မမ စိန်ပြောင်းနဲ့လှမ်းထုခဲ့တာပါ၊စစ်ကောင်စီဘက်ကလည်းပြန်ပစ်ခတ်တာရှိတယ်ဗျ၊ ဒီနေ့မနက်သိရတာတော့ ဒဏ်ရာရသူရှိတဲ့အပြင်သေတဲ့လူလည်းရှိတယ်” လို့ တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးရဲစခန်းမှာ စစ်ကောင်စီက တပ်စွဲထားပြီး စစ်သားနဲ့ ရဲ အင်အား ၂၀၀ နီးပါးရှိနေတာကြောင့် Unity Force Monywa ၊ Brother Defense Force အပါအဝင် မဟာမိတ် ၁၀ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆားလင္းႀကီးရဲစခန္းကို PDF မဟာမိတ္ ၁၀ ဖြဲ႕က ၆၀ မမ စိန္ေျပာင္းလက္ နက္ျဖင့္ အခ်က္ ၄၀ ေက်ာ္ ပစ္ခတ္၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးမႈရွိ(႐ုပ္/သံ)

ရန္ကုန္၊ ဧၿပီ ၄

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ရဲစခန္းကို PDF ၁၀ဖြဲ႕ေပါင္းၿပီး ၆၀ မမ လက္နက္စိန္ေျပာင္း ၇ လက္နဲ႔ ဆက္တိုက္ပစ္ခတ္ခဲ့တယ္လို႔ Unity Force Monywa အဖြဲ႕တာဝန္ခံက ေျပာပါတယ္။

ဧၿပီ ၃ ရက္ေန႔ ည ၉နာရီေက်ာ္ေလာက္မွာ စတင္ပစ္ခတ္ခဲ့ၿပီးေတာ့ စုစုေပါင္း အခ်က္ေရ ၄၀ ခ်က္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ Unity Force Monywa အဖြဲ႕တာဝန္ခံက ေျပာပါတယ္။

” ဆားလင္းႀကီးၿမိဳ႕မွာ အၾကမ္းဖက္စစ္ေကာင္စီက ၿမိဳ႕ေပၚကအိမ္ေတြကိုလည္းခ်ိတ္ေတြပိတ္တယ္၊ ျပည္သူပိုင္ပစၥည္းေတြမတရားယူတယ္၊ျပည္သူေတြကတိုင္ ၾကားထားတာေၾကာင့္ ခုခံတိုက္ခိုက္ရတာ၊၁၀ ဖြဲ႕ပူးေပါင္းၿပီးပစ္ခတ္ခဲ့တာ၊လက္ နက္ႀကီး ၆၀ မမ စိန္ေျပာင္းနဲ႔လွမ္းထုခဲ့တာပါ၊စစ္ေကာင္စီဘက္ကလည္းျပန္ပစ္ခတ္တာရွိတယ္ဗ်၊ ဒီေန႔မနက္သိရတာေတာ့ ဒဏ္ရာရသူရွိတဲ့အျပင္ေသတဲ့လူလည္းရွိတယ္” လို႔ တာဝန္ခံက ေျပာပါတယ္။

ဆားလင္းႀကီးရဲစခန္းမွာ စစ္ေကာင္စီက တပ္စြဲထားၿပီး စစ္သားနဲ႔ ရဲ အင္အား ၂၀၀ နီးပါးရွိေနတာေၾကာင့္ Unity Force Monywa ၊ Brother Defense Force အပါအဝင္ မဟာမိတ္ ၁၀ ဖြဲ႕က ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။