ၾကားသိသမွ်

နားမလည်သေးဘူး ကျွန်တော် ” ငဒူ “

နားမလည်သေးဘူး ကျွန်တော် ” ငဒူ ”

အမှန်တရားတွေကိုသိအောင် မြင်အောင်စာတွေရေးပြီးတင်တယ် ဒါပေမယ့် စစ်ကောင်စီလက်အောက်က”စစ်သား”တစ်ချို့တွေ အတွက်ပြန်လည်တိုက်ခိုက်ဖို့ဘဲ တွေးနေခဲ့တယ်။

အားလုံးတော့မဆိုလိုပါဘူး “ငဒူ”တစ်ချို့ကိုရည်ရွယ်ပြောဆိုခြင်းပါ။ ငပိစားပြီးအသိတရားမရှိဘူးလို့ပြောရအောင်လည်း စစ်တပ်မှာရိက္ခာပေးရင် ငပိနဲ့ ကုလားပဲတောင် မပါတဲ့”လ”တွေ မပါတော့ပါဘူး။

အထက်ကအရာရှိတွေရဲ့ မမှန်မကန်စည်းရုံးပြောဆိုမှုအောက်မှာ နေသားကျနေပြီထင်ပါတယ်။ ကျွန်တော်တပ်ကထွက်လာတာ စစ်စည်းကမ်းကို မလိုက်နာနိုင်လို့ပဲ ထင်မနေကြပါနဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ရပ်တွေကို လက်ကိုင်ထားပြီး တရားမျှတစွာအုပ်ချုပ်နေရင် စစ်တပ်မှာ မနေနိုင်စရာမရှိပါဘူး။

အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့အုပ်ချုပ်မှုမျိုးကို ကိုယ်တိုင်ခံစားခဲ့ရပြီး မြင်တွေ့လာခဲ့ရတဲ့အတွက်ကြောင့် စစ်တပ်ကိုစွန့်ခွာ၍ အမှန်တရားဘက်ကို ရပ်တည်ခဲ့ခြင်းပါ။ အထူးသဖြင့် ကိုယ့်ဘဝကိုယ်တွေးပြီးအကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်အောင်ရုန်းထွက်ခဲ့ခြင်းကြောင့်လည်း ပါပါတယ်။


တစ်ချို့စစ်သည်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေဒုက္ခ
ရောက်ကြရသလို ကိုယ်တိုင်လည်း ဒုက္ခတွေခံစားနေရတဲ့အတွက်၊ စစ်သည်တစ်ချို့ဘာကြောင့်တပ်ကနေ ထွက်ပြေးခဲ့ကြတာလည်းဆိုတာကို နားလည်ကြတယ်။

သူတို့တွေအတွက်လည်း စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့အတွက်လည်း စဥ်းစားကြတယ်။ ဒါပေမယ့်မိသားစုအတွက်ငဲ့လိုက် စစ်သက်၊ရာထူးတွေအတွက် တွေးလိုက်နဲ့ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေကြရတယ်ဒါတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့သိရှိပြီးသားဖြစ်နေတယ် စစ်တပ်အာဏာစပြီးသိမ်းလိုက်ထဲက စစ်သည်တွေရဲ့ဇနီးမယားတွေ၊ တပ်ပြင်မှာနေတဲ့သူ မှန်သမျှ စာရင်းတွေကောက်တယ် နေရပ်လိပ်စာတွေ တောင်းတယ်၊ အလုပ် အကိုင်တွေမေးတယ် ဒါတွေကိုစစ်တပ်အနေနဲ့ အကွက်ကျကျစဥ်းစားပြီးမှပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်


စစ်သည်တွေအနေနဲ့ အခုလိုစစ်တပ်ကိုစွန့်ခွာမှုကိစ္စရပ်တွေ ဖြစ်လာကြတော့မယ်ဆိုတာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ကြိုတွက်ပြီးသားပါ။ ဒါကြောင့်စစ်သည်တွေကို လှုပ်လို့မရအောင် မိသားစုတွေနဲ့ပါပေါင်းပြီး စစ်တပ်လက်အောက်ကနေ ထွက်မရအောင် ကြိုးတုပ်ခဲ့တာပါဘဲဖြစ်ပါတယ်။

ဘာမှကိုမစဥ်းစား မတွေးခေါ်တတ်ဘဲ စစ်တပ်ထဲမှာနေပြီး ဆန်ကုန်မြေလေးတွေကပြောသေးတယ် မင်းတို့တွေ စစ်တပ်ကိုသစ္စာမရှိကြလို့တဲ့တကယ်ကိုမေးကြည့်ချင်ပါတယ် စစ်တပ်ထဲစပြီး ဝင်ထဲကဘာတွေများ တပ်မတော်အတွက်ကောင်းကျိုးပြုပေးခဲ့ပြီးပြီလည်း

ပြည်သူတွေအတွက်ဘယ်လောက်ထိတောင်ကူညီဆောင်ရွက်ပေးခဲ့လည်းဆိုတာ သူတို့ကိုယ်တိုင်တောင်မသိပါဘူး အထက်ကခိုင်းလို့လုပ်တယ် ဒါကအမိန့်နာခံတာလို့ဘဲ ပြောကြမှာပါ။

မစဥ်းစားတတ်တာထက် သိတဲ့သူတွေပြောပြရင်လက်မခံနိုင်တာ အမှားနဲ့အမှန်မခွဲခြားနိုင်တာတွေကအကြမ်းဖက်စစ်ကောင်စီ အတွက် ကြိုက်သလိုမျိုးပြည်သူနဲ့ သွေးထိုးလှုံဆော်ပြီး လိုရာကိုကြိုးဆွဲကခိုင်းလို့ ရသွားတယ်။


ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်နေကြမယ်ဆိုရင် တပ်မတော်က နှစ်ခြောက်ဆယ်တည်ထောင်အုပ်ချုပ်လာရုံမကလို့ နောက်ထက်
နှစ်တစ်ရာဘဲအုပ်ချုပ်နေပါစေ တိုင်းပြည် အတွက်အသက်ပေးပြီး တာဝန်ထမ်းဆောင်နေတဲ့စစ်သည်တွေအပေါ်မှာ စစ်အာဏာရှင်ရဲ့အမိန့်ပေးပြီး ဖိနှိပ်အုပ်ချုပ်နေတာတွေက ဘယ်တော့မှပျောက်သွားမှာ မဟုတ်သလို ပြည်သူတွေအပေါ်မှာလည်း လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေက အဆုံးသတ်မှာမဟုတ်တော့ဘူး။

အကြမ်းဖက်စစ်တပ်ရဲ့ စနစ်ဆိုးတွေကိုတော်လှန်နေကြတယ်ဆိုတာ ကျွန်တော်တို့တစ်စုတည်းကောင်းစားဖို့မဟုတ်ဘူး မြန်မာနိုင်ငံမှာနေထိုင်သူမှန်သမျှ လူမျိုးဘာသာအားလုံးစစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ နိုင်ငံနဲ့လူမျိုးတိုင်းကိုတရားမျှတစွာအုပ်ချုပ်တဲ့ အစိုးရကိုလိုအပ်နေလို့ တော်လှန်နေကြရခြင်းဘဲ ဖြစ်တယ်။

ဘယျလိုလူမြိုးကမှ တောျရုံခံစားခကြျနဲ့စစျအာဏာရှငျကို ရရာလကျဲနကျဆှဲ အသကျပေးပွီးတောျလှနျနကွေမှာမဟုတျဘူး စစျအာဏာရှငျရဲ့အကွမျးဖကျ အုပျခြုပျခဲ့မှုတှအေောကျမှာ ခတျေ
အဆက်ဆက် ခံခဲ့ရပေါင်းများခဲ့ပြီ။ ပြည်သူတွေပဲခံခဲ့ရတယ်လို့မထင်နဲ့ ကျွန်တော်တို့ ခင်များတို့ရဲ့ရှေ့က အရာရှိစစ်သည်တွေလည်း ခံစားခဲ့ကြရတာပါဘဲ။

အခုလက်ရှိလည်းပင်စင်စား စစ်သည်တွေရဲ့ဘဝတွေကိုမြင်တွေနေကြရမှာပါ။ တိုင်းပြည်အတွက်အသက်ပေးပြီးကာကွယ်ခဲ့ကြတယ် အသက်မသေလို့သာ ကိုယ်အင်္ဂါချို့ယွင်းပြီး တပ်မတော်သားဘဝကနေ လွတ်မြောက်ခဲ့ကြရတယ်။ ဒါပေမယ့်စစ်တပ်ပင်စင်စား စစ်သားကြီးတွေလမ်းပေါ် ရောက်နေခဲ့ကြရတာ ဘာကြောင့်လည်း။

ဘယ်လိုအကြောင်းတရားတွေကြောင့်ဘဲစစ်တပ်ကထွက်ခဲ့ရပါစေ စစ်သည်တစ်ယောက်အတွက်အသက်ပေးဆပ်ရဲလို့ စစ်တပ်ထဲရောက်ခဲ့ပြီးပြီကျရာနေရာမှာ ကောင်းကောင်းဆိုးဆိုးတာဝန်ထမ်းခဲ့ရပြီးပြီ ဒါတွေကိုအကြမ်းဖက်စစ်တပ်အနေနဲ့ အသိမှတ်ပြုပေးသင့်တယ် မဟုတ်လား။

တပ်မတော် အတွက် သုံးစားမရတော့မှထုတ်ပယ်ခံရတဲ့ စစ်မှုထမ်းတစ်ယောက် အနေနဲ့ အပြင်လောကမှာ ဘယ်လိုပုံစံမျိုး ရပ်တည်ရှင်သန်ရမလည်း စစ်မှုထမ်းသက်နဲ့တွက်ပြီး ရပိုင်ခွင့်လေးပေးလိုက်တယ် ပင်စင်ခံစားခွင့်ပြုလိုက်တယ်စစ်သည်အတွက် လုံလောက်သွားပြီလား …?

အကြမ်းဖက်စစ်ကောင်စီအတွက် မတရားလုပ်ခဲ့တာပြည်သူတွေကြီးဘဲမဟုတ်ဘူး သူတို့လက်အောက်မှာ စစ်မှုထမ်းနေရတဲ့ စစ်သည်အားလုံးကိုလည်း မတရားပြုလုပ်ခဲ့ကြတာပါပဲ။

ဒါပေမယ့် နားမလည်သေးဘူး ကျွန်တော်”ငဒူ”ပါ။

***Master black… ##
photo# crd