ၾကားသိသမွ်

မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာမြို့ ၊ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဒီနေ့ ဧပြီလ ၃ရက် ညနေ ၅နာရီက ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်း ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ Chindwin Post သတင်းဌာနက ဖော်ပြပါတယ်။

” ဒီချိန်ဆိုထောင်ထဲက လူစစ်ချိန်ပါ၊ ညီရဲ့လားဟေ့လို့အော်သံကြားပြီး သေနတ်သံတွေကြားတာ၊စစ်ကားတွေ ခဏကြာတော့လာတယ်၊ ထောင်နဲ့နီးတဲ့ ညစျေးတန်းဘက်ကစျေးသည်တွေ အကုန်သိမ်းပြန်ကြပြီး သံပြားကာကားတွေ မြစန္ဒာရုပ်ရှင်ရုံနား ရပ်ထားတယ် “လို့ ထောင်အနီးရှိ စျေးဆိုင်ပိုင်တစ်ဦးက ပြောပါတယ်။

မြို့တွင်း ဖောက်ခွဲတာတွေ လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေ အိမ်အမြန်ပြန်ကြဖို့ ပြောက်ကျားအဖွဲ့တွေကလည်း ကြေညာထားပါတယ်။

ညနေ ၆နာရီကျော်မှာတော့ မုံရွာမြို့မှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပါအဝင် ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာ ဖြစ်ပါတယ်။ #DNA

မုံရြာေထာင္တြင္းဆႏၵျပမႈျဖစ္ၿပီးေနာက္ ၿမိဳ႕တြင္းေပါက္ကြဲမႈေတြျဖစ္ေပၚ

မုံရြာၿမိဳ႕ ၊ ႐ုံးႀကီးရပ္က အက်ဥ္းေထာင္မွာ ဒီေန႔ ဧၿပီလ ၃ရက္ ညေန ၅နာရီက ေထာင္တြင္းဆႏၵျပမႈျဖစ္ၿပီးေနာက္ ၿမိဳ႕တြင္း ေပါက္ကြဲမႈေတြ ျဖစ္ေနတယ္လို႔ Chindwin Post သတင္းဌာနက ေဖာ္ျပပါတယ္။

” ဒီခ်ိန္ဆိုေထာင္ထဲက လူစစ္ခ်ိန္ပါ၊ ညီရဲ့လားေဟ့လို႔ေအာ္သံၾကားၿပီး ေသနတ္သံေတြၾကားတာ၊စစ္ကားေတြ ခဏၾကာေတာ့လာတယ္၊ ေထာင္နဲ႔နီးတဲ့ ညေစ်းတန္းဘက္ကေစ်းသည္ေတြ အကုန္သိမ္းျပန္ၾကၿပီး သံျပားကာကားေတြ ျမစႏၵာ႐ုပ္ရွင္႐ုံနား ရပ္ထားတယ္ “လို႔ ေထာင္အနီးရွိ ေစ်းဆိုင္ပိုင္တစ္ဦးက ေျပာပါတယ္။

ၿမိဳ႕တြင္း ေဖာက္ခြဲတာေတြ လုပ္မွာျဖစ္တာေၾကာင့္ ျပည္သူေတြ အိမ္အျမန္ျပန္ၾကဖို႔ ေျပာက္က်ားအဖြဲ႕ေတြကလည္း ေၾကညာထားပါတယ္။

ညေန ၆နာရီေက်ာ္မွာေတာ့ မုံရြာၿမိဳ႕မွာ ေပါက္ကြဲမႈေတြဆက္တိုက္ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

မုံရြာေထာင္မွာ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာျမင့္နိုင္အပါအဝင္ ဆႏၵျပေခါင္းေဆာင္ ကိုေဝမိုးနိုင္နဲ႔ ထင္ရွားတဲ့ နိုင္ငံေရးသမားေတြ အက်ဥ္းက်ေနတာ ျဖစ္ပါတယ္။ #DNA