ၾကားသိသမွ်

စစ်အုပ်စု၏ မန္တလေး နန်းမြို့ရိုးဘေး သံဃာအပါးလေးထောင် ဆွမ်းဆန်စိမ်းလောင်းပွဲပျက်

စစ်အုပ်စု၏ မန္တလေး နန်းမြို့ရိုးဘေး သံဃာအပါးလေးထောင် ဆွမ်းဆန်စိမ်းလောင်းပွဲပျက် အရှက်ပြေ (၁၀၈)ပါးသာ လောင်းမည်ဟုဆို

MFP ၊ ဧပြီ – ၃

မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မန္တလေး နန်းမြို့ရိုးဘေး၌ စစ်အုပ်စုက ပြုလုပ်မည့် သံဃာအပါးလေးထောင် ဆွမ်းဆန်စိမ်းလောင်းပွဲကို သံဃာ (၁၀၈)ပါးအထိ လျော့ချလိုက်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

မန္တလေးတိုင်း သံဃနာယကဆရာတော်ကြီးများ၏ အမြော်အမြင်ကြီးမှု၊ မန္တလေးသံဃာထု၏ ညီညီညွတ်ညွတ်ဖြင့် တုန့်ပြန်မှုကြောင့် ယခုကဲ့သို့ ပြောင်းလဲ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” အဲဒီ (၁၀၈) ပါးဆိုတာလဲ သူတို့နဲ့ မကင်းရာ မကင်းကြောင်း မဘသ တွေပဲခေါ်ပြီး မှတ်တမ်းယူတဲ့သဘောလောက်ပဲ ဖြစ်ပါလိမ့်မယ် ” ဟု သံဃသမဂ္ဂ(မန္တလေး)က မှတ်ချက်ပြုသည်။

မန်းသံဃာနှင့် မန်းပြည်သူတွေ ညီညွတ်နေသ၍ မန္တလေးကို အုပ်ချုပ်ခွင့်မရစေရဘူး ဆိုသည့် သက်သေ၊ မန်း- သံဃာတွေရဲ့ ညီညွတ်မှုအောင်ပွဲ ဖြစ်ကြောင်းလည်း ဂုဏ်ပြုချီးမွမ်းထားသည်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ရှိ သံဃာတော်အများစုပါဝင်သည့် သံဃသမဂ္ဂ(မန္တလေး) ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို ပြည်သူများနှင့်အတူ ဆင်နွှဲနေပြီး မြေပြင်သပိတ် လမ်းလျှောက်ချီတက်မှုများကြောင့် ဖမ်းဆီးခံခဲ့ရသည့် သံဃာတော် အပါး တစ်ရာဝန်းကျင်အနက် မန္တလေးတိုင်းက အများဆုံး ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)ထံမှ သိရသည်။

ယနေ့ပြုလုပ်သည့် သံဃသမဂ္ဂ(မန္တလေး)၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်/ ဓာတ်ပုံ ၊ သံဃသမဂ္ဂ

စစ္အုပ္စု၏ မႏၲေလး နန္းၿမိဳ႕ရိုးေဘး သံဃာအပါးေလးေထာင္ ဆြမ္းဆန္စိမ္းေလာင္းပြဲပ်က္
အရွက္ေၿပ (၁၀၈)ပါးသာ ေလာင္းမည္ဟုဆို

MFP ၊ ဧၿပီ – ၃

ျမန္မာႏွစ္ဆန္း (၁)ရက္ေန႔တြင္ မႏၲေလး နန္းၿမိဳ႕ရိုးေဘး၌ စစ္အုပ္စုက ျပဳလုပ္မည့္ သံဃာအပါးေလးေထာင္ ဆြမ္းဆန္စိမ္းေလာင္းပြဲကို သံဃာ (၁၀၈)ပါးအထိ ေလ်ာ့ခ်လိုက္ေၾကာင္း သံဃသမဂၢ(မႏၲေလး)က ထုတ္ျပန္သည္။

မႏၲေလးတိုင္း သံဃနာယကဆရာေတာ္ႀကီးမ်ား၏ အေျမာ္အျမင္ႀကီးမႈ၊ မႏၲေလးသံဃာထု၏ ညီညီညြတ္ညြတ္ျဖင့္ တုန႔္ျပန္မႈေၾကာင့္ ယခုကဲ့သို႔ ေျပာင္းလဲ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

” အဲဒီ (၁၀၈) ပါးဆိုတာလဲ သူတို႔နဲ႔ မကင္းရာ မကင္းေၾကာင္း မဘသ ေတြပဲေခၚၿပီး မွတ္တမ္းယူတဲ့သေဘာေလာက္ပဲ ျဖစ္ပါလိမ့္မယ္ ” ဟု သံဃသမဂၢ(မႏၲေလး)က မွတ္ခ်က္ျပဳသည္။

မန္းသံဃာႏွင့္ မန္းျပည္သူေတြ ညီညြတ္ေနသ၍ မႏၲေလးကို အုပ္ခ်ဳပ္ခြင့္မရေစရဘူး ဆိုသည့္ သက္ေသ၊ မန္း- သံဃာေတြရဲ့ ညီညြတ္မႈေအာင္ပြဲ ျဖစ္ေၾကာင္းလည္း ဂုဏ္ျပဳခ်ီးမြမ္းထားသည္။

စစ္အာဏာသိမ္းၿပီးေနာက္ မႏၲေလးၿမိဳ႕ရွိ သံဃာေတာ္အမ်ားစုပါဝင္သည့္ သံဃသမဂၢ(မႏၲေလး) ယေန႔အထိ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈမ်ားကို ျပည္သူမ်ားႏွင့္အတူ ဆင္ႏႊဲေနၿပီး ေျမျပင္သပိတ္ လမ္းေလၽွာက္ခ်ီတက္မႈမ်ားေၾကာင့္ ဖမ္းဆီးခံခဲ့ရသည့္ သံဃာေတာ္ အပါး တစ္ရာဝန္းက်င္အနက္ မႏၲေလးတိုင္းက အမ်ားဆုံး ျဖစ္ေၾကာင္း သံဃသမဂၢ(မႏၲေလး)ထံမွ သိရသည္။

ယေန႔ျပဳလုပ္သည့္ သံဃသမဂၢ(မႏၲေလး)၏ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္/ ဓာတ္ပုံ ၊ သံဃသမဂၢ