ၾကားသိသမွ်

ဧပြီလ (၄)ရက်နှင့် (၅)ရက်တိုတွင် မန္တလေး ကျုံးဘေးပတ်လည်ကို ဖြတ်သန်းခြင်းမပြုကြရန် ပြောက်ကျားအဖွဲများ သတိပေး

မန္တလေး ကျုံးဘေးပတ်လည်ကို ဖြတ်သန်းခြင်းမပြုကြရန် ပြောက်ကျားအဖွဲများ သတိပေး

ဧပြီလ ၃ ရက်

လာမည့် ဧပြီလ (၄)ရက်နှင့် (၅)ရက်တိုတွင် မန္တလေးကျုံးဘေးပတ်လည်ကို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မြိုပြပြောက်ကျားအဖွဲများက ယနေ့ သတိပေးလိုက်သည်။

ကျူံးဘေးပတ်လည် လမ်းများဖြစ်သည့် ၁၂ လမ်း၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် လမ်း ၈၀ တိုကို အသုံးမပြုကြရန် တားမြစ်ခြင်း ဖြစ်သည်။ မနက် (၅)နာရီမှ (၈)နာရီအထိ အဆိုပါလမ်းပိုင်းအား ပြည်သူများအနေဖြင့် အသုံးမပြုကြရန် Mandalay Ranger Force (ROM) နှင့် MDY UG allience များက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” Mission တွေ အတွက်အမြဲကြိုးစားနေပါတယ်

ကျွန်တော်တိုရဲ့ အချိန်အအခါအရထုတ်ပြန်ကြေညာချက်များကို လိုက်နာပေးပါရန် ” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မန္တလေးမြိုပြပြောက်ကျားအဖွဲများသည် မတ်လ (၂၉)ရက်နေ့မှစ၍ တော်လှန်ရေး နှစ်ဆမြှင့်မည်ဟု ကြေညာခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူများ ပံ့ပိုးကူညီကြရန် ပြောဆိုထားသည်။

ပုံစာ၊ မန္တလေးကျုံးဘေး၌ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေသည့် စစ်အုပ်စု/ ပုံဟောင်း


ဧပြီလ ၃ ရက်





