ၾကားသိသမွ်

လန်ဒန်မြိုမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတက်ရောက်

လန်ဒန်မြိုမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ဧပြီလ ၃ ရက်

လန်ဒန်မြိုမှာ ပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ” (World Trade Symposium) ကို အမျိုးသား ညီ ညွတ်ရေးအစိုး၊ စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက် ရောက်ခဲ့ပါတယ်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို “ Digital Trade: Charting the Way Forword the tech- tonic Opportunity ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲမှာ ကမ္ဘာ့သစ်အခင်းအကျင်းနဲ့ကုန်သွယ်ရေးမူဝါဒတွေ၊ ဒစ်ဂျစ်တယ်လ် နည်းပညာဖြင့်ကုန်သွယ် ရေးကဏ္ဍမြှင့်တင်တာ၊ ကမ္ဘာ့ပြောင်းလဲမှုရာစုသစ်နဲ့ ကုန်သွယ်ရေးကဏ္ဍ ၊ ဒစ်ဂျစ်တယ်လ်ကမ္ဘာနဲ့ တန်းတူညီမျှမှု၊ မျှတမှုဆိုင်ရာအခြေအနေတွေ၊ ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းနဲ့ဈေးကွက်၊ ဒစ်ဂျစ်တယ်လ် ဘဏ္ဍာရေး၊ Crowd Sourcing ပဋိပက္ခနဲ့ဒစ်ဂျစ်တယ်လ် ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်လ်အနာဂတ် ( Digital Future )နဲ့ ကမ္ဘာ့ရေးရာပြဿနာတွေကို ဖြေရှင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင် Geopolitics နဲ့ ဒစ်ဂျစ်တယ်လ် ပြုပြင်ပြောင်းလဲရေး၊ သက်ရောက်မှုတိုင်းတာခြင်း စနစ်တွေ၊ Trade Finance Gaps၊ ကုန်သွယ်ရေးဆိုင်ရာပွင့်လင်းမြင်သာမှု၊ Block chain နည်းပညာ၊ ဒစ်ဂျစ်တယ်လ် အချုပ်အခြာ အာဏာ သတင်းအချက်အလက် ဆိုင်ရာ Localisation နဲ့ ဆိုင်ဘာလုံခြုံရေးစတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ “ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ” မှာ Global Agenda for a digital future ချမှတ်ရေးကိုလည်း common goal အဖြစ်လုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။#PVTV

လန္ဒန္ၿမိဳမွာ ျပဳလုပ္တဲ့ ကမၻာ့ကုန္သြယ္ေရး ႏွီးေႏွာဖလွယ္ပြဲကို အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးတက္ေရာက္

ဧၿပီလ ၃ ရက္

လန္ဒန္ၿမိဳမွာ ျပဳလုပ္ခဲ့တဲ့ “ကမၻာ့ကုန္သြယ္ေရး ႏွီးေႏွာဖလွယ္ပြဲ” (World Trade Symposium) ကို အမ်ိဳးသား ညီ ညြတ္ေရးအစိုး၊ စီးပြားေရးနဲ႔ ကူး သန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚခင္မမမ်ိဳးတက္ ေရာက္ခဲ့ပါတယ္။

အဆိုပါ ႏွီးေႏွာဖလွယ္ပြဲကို “ Digital Trade: Charting the Way Forword the tech- tonic Opportunity ” ေခါင္းစဥ္နဲ႔ က်င္းပခဲ့တာပါ။

ေဆြးေႏြးပြဲမွာ ကမၻာ့သစ္အခင္းအက်င္းနဲ႔ကုန္သြယ္ေရးမူဝါဒေတြ၊ ဒစ္ဂ်စ္တယ္လ္ နည္းပညာျဖင့္ကုန္သြယ္ ေရးက႑ျမႇင့္တင္တာ၊ ကမၻာ့ေျပာင္းလဲမႈရာစုသစ္နဲ႔ ကုန္သြယ္ေရးက႑ ၊ ဒစ္ဂ်စ္တယ္လ္ကမၻာနဲ႔ တန္းတူညီမၽွမႈ၊ မၽွတမႈဆိုင္ရာအေျခအေနေတြ၊ ဒစ္ဂ်စ္တယ္လ္ ပလက္ေဖာင္းနဲ႔ေဈးကြက္၊ ဒစ္ဂ်စ္တယ္လ္ ဘ႑ာေရး၊ Crowd Sourcing ပဋိပကၡနဲ႔ဒစ္ဂ်စ္တယ္လ္ ကုန္သြယ္ေရး၊ ဒစ္ဂ်စ္တယ္လ္အနာဂတ္ ( Digital Future )နဲ႔ ကမၻာ့ေရးရာျပႆနာေတြကို ေျဖရွင္းတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါအျပင္ Geopolitics နဲ႔ ဒစ္ဂ်စ္တယ္လ္ ျပဳျပင္ေျပာင္းလဲေရး၊ သက္ေရာက္မႈတိုင္းတာျခင္း စနစ္ေတြ၊ Trade Finance Gaps၊ ကုန္သြယ္ေရးဆိုင္ရာပြင့္လင္းျမင္သာမႈ၊ Block chain နည္းပညာ၊ ဒစ္ဂ်စ္တယ္လ္ အခ်ဳပ္အျခာ အာဏာ သတင္းအခ်က္အလက္ ဆိုင္ရာ Localisation နဲ႔ ဆိုင္ဘာလုံျခဳံေရးစတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

အဆိုပါ “ကမၻာ့ကုန္သြယ္ေရး ႏွီးေႏွာဖလွယ္ပြဲ” မွာ Global Agenda for a digital future ခ်မွတ္ေရးကိုလည္း common goal အျဖစ္လုပ္ေဆာင္သြားၾကဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း ေဖာ္ျပထားတာ ေတြ႕ရပါတယ္။#PVTV