ၾကားသိသမွ်

တော်လှန်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာငွေရှာဖွေရေးအဖွဲ့တစ်ခုကို ဗိုလ်နဂါး လူထုထံမိတ်ဆက်(ရုပ်သံ)

တော်လှန်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာငွေရှာဖွေရေးအဖွဲ့တစ်ခုကို ဗိုလ်နဂါး လူထုထံမိတ်ဆက်

မောင်ကြီး/People’s Spring

စစ်အာအာရှင်တော်လှန်ရေးအတွက် ပြည်သူ့အလှူငွေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ကာ တော်လှန်ရေးရဲဘော်များထံ ထောက်ပံ့နေသည့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့တစ်ခုကို ဗိုလ်နဂါးက လူထုထံ မိတ်ဆက်ပေးသည်။

GFG ဟု အတိုကောက်ခေါ်ဆိုသည့် Global Fundraisers Group (GFG)ကို မြန်မာ့တော်ဝင်နဂါးတပ်တော် တည်ထောင်သူ ဗိုလ်နဂါးက ရုပ်သံမှတစ်ဆင့် လူထုနှင့် မိတ်ဆက်ပေးရင်း စစ်အာဏာရှင်အား တိုက်ထုတ်နိုင်ရေးအတွက် GFGမှတစ်ဆင့် လှူဒါန်းပေးရန်လည်း တိုက်တွန်းသွားသည်။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေကို ချစ်တယ်၊ကူညီချင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တော်လှန်ရေးကို အားဖြည့်ပေးကြပါ။ အဲ့ဒီလို အားဖြည့်ဖို့အတွက်လည်း GFGကတစ်ဆင့် ဝန်းရံကူညီပေးလို့ရပါတယ်”ဟု ဗိုလ်နဂါးက ပြောသည်။

Global Fundraisers Group (GFG) အဖွဲ့သည် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများဖြင့်ဖွဲ့စည်းထားပြီး စစ်အာဏာရှင်တော်လှန်ရေးအတွက်

အမျိုးသားညီညွတ်ရေးအစိုးရမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ငွေကြေးထိထိ​ရောက်ရောက်ထောက်ပံ့နေသည့်အဖွဲ့ဟုလည်း ဗိုလ်နဂါးက ရှင်းပြထားသည်။

စစ်အာဏာရှင်စနစ်အမြစ်မြတ်နိုင်ရေးအတွက် တော်လှန်ရေးအဖွဲ့များထံGFG က ထောက်ပို့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်တိုင်ပင်ပြီးမှ ထောက်ပံ့ခြင်းဖြစ်သည်။

GFG ၏ Mission (1) အနေဖြင့် ဗိုလ်နဂါးကို အားဖြည့်ထောက်ပံ့ခဲ့ပြီး Mission (2) လည်း ပြီးမြောက်ခဲ့ပြီဟု သတင်းထုတ်ပြန်ထားသည်။ အောင်မြင်ခဲ့သည့် Mission (2)နှင့် မကြာခင်အကောင်အထည်ဖော်မည့် Mission (3) အကြောင်းကို မကြာမီလူထုထံအသိ ပေးသွားမည်ဟု ကြေညာထားသည်။

ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်အား အမြစ်ဖြတ်သုတ်သင်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ လှူဒါန်းလိုပါ အောက်ဖော်ပြပါ Global Fundraisers Group (GFG) facebook link https://www.facebook.com/gfgmyanmar/ မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။#People’s Spring