ၾကားသိသမွ်

စစ်ကောင်စီတပ်၏ လက်နက်၊ရိက္ခာတင် စက်လှေ ၄ စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်၊ စက်လှေ ၁ စီးနစ်မြုပ်(ရုပ်သံ)

စစ်ကောင်စီတပ်၏ လက်နက်၊ရိက္ခာတင် စက်လှေ ၄ စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်၊ စက်လှေ ၁ စီးနစ်မြုပ်

April 3,2022/Kachin News group

စစ်ကိုင်းတိုင်း ကသာနယ် ကျောက်ကြီးဘက်မှ မြို့လှကျေးရွာဘက်သို့ထွက်ခွာလာသော စစ်ကောင်စီ၏ စစ်ရိက္ခာတင် စက်လှေ ၄ စီးကို မြို့လှ PDF တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မြို့လှ PDF အဖွဲ့က ဘိုကုန်းကျေးရွာအနီးရှိ မြစ်ကမ်းတစ်ဖက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ စစ်ရိက္ခာတင် စက်လှေ ၄စီးကို ပစ်ခတ်ခဲ့ရာ စက်လှေတစ်စီးနစ်မြုပ်ခဲ့ကြောင်း မြို့လှ PDF အဖွဲ့ဝင်တစ်ဦးက KNG ကိုပြောဆိုထားသည်။

“စက်‌လှေတစ်စီးက မြုပ်သွားတော့ အပေါ်ယံလောက်ဘဲသူတို့ဆယ်နိုင်တော့မယ်။ အောက်အလွှာတော့ မဆယ်နိုင်လောက်တော့ဘူး”ဟုပြောဆိုသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဧပြီလ ၁ရက်နေ့တွင်လည်း ကသာမြို့နယ်ကျောက်ကြီးရွာမှ မြို့လှရွာဖက်သို့ စုန်ဆင်းထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ လက်နက်၊ရိက္ခာတင် စက်လှေ ၆စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ကသာနယ်အထက်ပိုင်းသို့ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလမှစကာ စစ်လက်နက်၊ရိက္ခာများ ဖြည့်တင်းလာနေသည့်အတွက် မြစ်ကြောင်းတစ်လျှောက်မကြာခဏဆိုသလို စစ်ကောင်စီတပ်၏ သဘော်များ၊စက်လှေများ ပစ်ခတ်ခံနေရဆဲဖြစ်သည်။

Video ~Crd

စစ္ေကာင္စီတပ္၏ လက္နက္၊ရိကၡာတင္ စက္ေလွ ၄ စီးအား ၿမိဳ႕လွ PDF တပ္ဖြဲ႕မွ ေစာင့္ႀကိဳတိုက္ခိုက္၊ စက္ေလွ ၁ စီးနစ္ျမဳပ္
April 3,2022/Kachin News group

စစ္ကိုင္းတိုင္း ကသာနယ္ ေက်ာက္ႀကီးဘက္မွ ၿမိဳ႕လွေက်းရြာဘက္သို႔ထြက္ခြာလာေသာ စစ္ေကာင္စီ၏ စစ္ရိကၡာတင္ စက္ေလွ ၄ စီးကို ၿမိဳ႕လွ PDF တပ္ဖြဲ႕မွ ယေန႔နံနက္ပိုင္း ၆နာရီဝန္းက်င္တြင္ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

ၿမိဳ႕လွ PDF အဖြဲ႕က ဘိုကုန္းေက်းရြာအနီးရွိ ျမစ္ကမ္းတစ္ဖက္မွ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ေသာေၾကာင့္ စစ္ေကာင္စီ စစ္ရိကၡာတင္ စက္ေလွ ၄စီးကို ပစ္ခတ္ခဲ့ရာ စက္ေလွတစ္စီးနစ္ျမဳပ္ခဲ့ေၾကာင္း ၿမိဳ႕လွ PDF အဖြဲ႕ဝင္တစ္ဦးက KNG ကိုေျပာဆိုထားသည္။

“စက္‌ေလွတစ္စီးက ျမဳပ္သြားေတာ့ အေပၚယံေလာက္ဘဲသူတို႔ဆယ္နိုင္ေတာ့မယ္။ ေအာက္အလႊာေတာ့ မဆယ္နိုင္ေလာက္ေတာ့ဘူး”ဟုေျပာဆိုသည္။

စစ္ေကာင္စီဘက္မွလည္း လက္နက္ႀကီးမ်ားျဖင့္ ျမစ္ကမ္းတစ္ေလၽွာက္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ဧၿပီလ ၁ရက္ေန႔တြင္လည္း ကသာၿမိဳ႕နယ္ေက်ာက္ႀကီးရြာမွ ၿမိဳ႕လွရြာဖက္သို႔ စုန္ဆင္းထြက္ခြာလာသည့္ စစ္ေကာင္စီတပ္၏ လက္နက္၊ရိကၡာတင္ စက္ေလွ ၆စီးအား ၿမိဳ႕လွ PDF တပ္ဖြဲ႕မွ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့သည္။

စစ္ကိုင္းတိုင္း၊ကသာနယ္အထက္ပိုင္းသို႔ စစ္ေကာင္စီတပ္သည္ ေဖေဖာ္ဝါရီလမွစကာ စစ္လက္နက္၊ရိကၡာမ်ား ျဖည့္တင္းလာေနသည့္အတြက္ ျမစ္ေၾကာင္းတစ္ေလၽွာက္မၾကာခဏဆိုသလို စစ္ေကာင္စီတပ္၏ သေဘာ္မ်ား၊စက္ေလွမ်ား ပစ္ခတ္ခံေနရဆဲျဖစ္သည္။

Video ~Crd