ၾကားသိသမွ်

တိုက်ခိုက်ရေး ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ရေး ထောက်ပံ့ပေးကြဖို့ ဒီးမော့ဆို PDF မေတ္တာရပ်ခံ

တိုက်ခိုက်ရေး ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ရေး ထောက်ပံ့ပေးကြဖို့ ဒီးမော့ဆို PDF မေတ္တာရပ်ခံ

ပျက်စီးသွားတဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ကူညီထောက်ပံ့ကြဖို့ ဒီးမော့ဆို PDF ကမေတ္တာရပ်ခံ လိုက်ပါတယ်။

ဒီးမော့ဆို PDF နဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ CTU နည်းပညာလက်ရုံးတပ်ရှိ တိုက်ခိုက်ရေး ဒရုန်းတစ်စီးဟာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့၊ နမ်းမယ်ခုံတိုက်ပွဲမှာ ပျက်စီးခဲ့ပြီး မတ်လ ၆ ရက်နေ့၊ ဒေါငံခါးကျောက်ဆည်ကန် တိုက်ပွဲမှာလည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ဒီးမော့ဆို PDF နဲ့ CTU နည်းပညာ လက်ရုံးတပ်တို့အတွက် မြေပြင်ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းတို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မြေပြင်လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ဖို့နဲ့ ဝေဟင်ကနေ ဗုံးကြဲဖို့အတွက် ဒရုန်းဟာ အမှန်တကယ် အရေးပါတယ်လို့လည်း သိရပါတယ်။




